Apple CarPlay
Apple CarPlay ဆိုတာကတော့ ကားမောင်းရင်းဖုန်းသုံးရတာပိုမိုလွယ်ကူပြီး Smart & Safe ဖြစ်အောင် iPhone ကို ကားမှာပါတဲ့ Infotainment Screen ပေါ်ကနေ ဖုန်းထဲမှာရှိတဲ့ Function တွေကိုသုံးနိုင်တဲ့ feature တစ်ခုဖြစ်ပါတယ်။ ကားမှာပါတဲ့ TV လို့အများခေါ်ကြတဲ့ Monitor Display ကနေဖုန်းခေါ်တာ၊ ဖုန်းလက်ခံတာ၊ စာပို့တာ၊ သီချင်းဖွင့်တာ၊ မြေပုံကြည့်တာ၊ Siri ကနေ voice control နဲ့ခိုင်းစေတာတွေအပြင် အခြားဖုန်းထဲမှာပါတဲ့ App တွေကိုပါသုံးလို့ရပါတယ်။ ချိတ်ရတာလည်းအရမ်းလွယ်ကူရိုးရှင်းပါတယ်။ ကားမှာပါတဲ့ USB ပေါက်ကနေ ဖုန်းနဲ့ Join လိုက်ရုံပါဘဲ Plug & Play ပါ။ Apple CarPlay Set up လုပ်ပုံကိုတော့ ဒီမှာကြည့်လို့ရပါတယ်။ Apple CarPlay သုံးနိုင်ဖို့ iPhone မှာ iOS 7 နှင့်အထက်ရှိဖို့လိုပြီး ကားကလည်း CarPlay Support ဖြစ်ရပါမယ်။ Support မဖြစ်လို့လည်း ကားလဲစရာမလိုပါဘူး။ Sony ရဲ့ Xav-Ax100 တို့လို After Market Stereo တွေဝယ်တပ်ပြီးသုံးလို့ရပါတယ်။ ဒီမှာလေ့လာနိုင်ပါတယ်။ https://www.sony.com/electronics/in-car-receivers-players/xav-ax100 မြန်မာပြည်ဈေးကွက်ထဲမှာရှိတဲ့ Apple CarPlay Support ဖ...