Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison


ပြီးတဲ့ခဲ့အပတ်က သိန်း ၃၀၀ တန်းထဲက Vios, Accent နဲ့ Ciaz တွေအကြောင်းတင်ပေးပြီးပါပြီ။ အခုတစ်ခါမှာတော့ သိန်း ၂၅၀ ဝန်းကျင်ကားသစ်ဝယ်မယ့်သူတွေအတွက် ရွေးချယ်နိုင်ဖို့ Suzuki Swift, Kia Picanto နဲ့ Hyundai Grand i10 တွေရဲ့ကွာခြားချက်လေးတွေတင်ဆက်ပေးပါမယ်။



History

Hyundai Grand i10 ကို 2007 ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး ထိုအချိန်က Hatchback တစ်မျိုးတည်းထုတ်လုပ်ခဲ့ပါတယ်။ 2014 ခုနှစ်ဒုတိယမျိုးဆက်မှာတော့ Hatchback ရော Sedan ပါနှစ်မျိုးလုံးထုတ်ခဲ့ပါတယ်။ အချို့နိုင်ငံတွေမှာတော့ Hatchback ကို Grand i10, Sedan ကို Xcent လို့ခေါ်ပေမယ့် မြန်မာပြည်မှာတော့ Sedan တစ်မျိုးဘဲတင်သွင်းပြီး Accent နဲ့ရောမှာစိုးလို့ Grand i10 လို့ဘဲခေါ်ပါတယ်။ Hyundai Xcent or Grand i10 Sedan အနေနဲ့ 2014 ခုနှစ်မှာစတင်ထုတ်လုပ်ပြီး Generation တစ်ခုဘဲထွက်ပါသေးတယ်။ 

Kia Picanto ကို 2004 ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပြီး Generation ၃ ခုထွက်ပြီးသွားပါပြီ လက်ရှိ Third Generation ကိုတော့ 2017 ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Hyundai နဲ့ KIA နှစ်ခုလုံးက Hyundai Motor Group လက်အောက်က Brand တွေဖြစ်ပြီး Hyundai ရဲ့ Grand i10 ကလည်း Kia Picanto ပေါ်မှာဘဲအခြေခံတည်ဆောက်ထားတာပါ။ ဒီနှစ်စီးက Platform အတူတူပါဘဲ။ Kia Picanto ကို Kia Morning လို့လည်း အချို့နိုင်ငံတွေမှာခေါ်ပြီး မြန်မာပြည်မှာလည်း Kia Morning (Second Generation) used ကားအနည်းငယ်ရှိပါတယ်။

Suzuki Swift ကိုတော့ 1983 ခုနှစ်တည်းကစတင်ထုတ်လုပ်ခဲ့ပြီး Generation ၄ ခုရှိသွားပါပြီ။ လက်ရှိ Fourth Generation ကိုတော့ 2018 ခုနှစ်ကမှထွက်ရှိထားပါတယ်။ မြန်မာပြည်မှာ GL နဲ့ GLX ဆိုပြီး Grade နှစ်မျိုးရှိပေမယ့် GLX ကိုဘဲအဓိကထားဖော်ပြပေးသွားပါမယ်။

Swift နဲ့ Picanto ကတော့လက်ရှိမျိုးဆက်တွေတွေကို မကြာသေးခင်ကမှထုတ်လုပ်ထားတာဖြစ်ပြီး Grand i10 ကတော့ထွက်တာ ၆ နှစ်လောက်ရှိသွားပါပြီ။

Size 

ဒီကား ၃ စီးရဲ့အရှည်တွေကတော့ Swift က 151.2”, Grand i10 က 157.3”, Picanto က 141.5” ရှိတာကြောင့် ၃ စီးလုံးကတစ်စီးနဲ့တစ်စီးတော်တော်ကွာပါတယ်။ ဗြက်အကျယ်တွေအနေနဲ့ Swift က 68.3”, Grand i10 က 65.4”, Picanto က 62.8” ရှိပါတယ်။ Grand i10 က Sedan ဖြစ်တာကြောင့် အရှည်ဆုံးဖြစ်ပြီး Swift ကတော့အကျယ်ဆုံးပါ။ Picanto ကတော့ A Segment City Car ဖြစ်တာကြောင့် ကားအရွယ်အစားက ကျန်နှစ်စီးထက်သိသိသာသာပိုသေးပါတယ်။ Wheelbase တွေကတော့ Swift က 96”, Grand i10 က 95.5”, Picanto က 94.5” ရှိတာကြောင့်တစ်စီးနဲ့တစ်စီးသိပ်မကွာပါဘူး။

Storage capacity တွေအနေနဲ့ပုံမှန်အတိုင်းဆို Swift မှာ 265 liter, Picanto မှာ 255 Liter, Grand i10 က 407 liter ဆန့်ပါတယ်။ Grand i10 က sedan ဖြစ်တာကြောင့် ကျန်နှစ်စီးထက်ထက်နောက်ဖုံးကတော့ သိသိသာသာ ပိုကျယ်ပါတယ်။ ဒါပေမယ့် Picanto နဲ့ Swift တွေကနောက်ခုံတွေကို 60:40 ခေါက်လို့ရတာကြောင့် ရှေ့ခန်းနှစ်ယောက်ဘဲစီးမယ်ဆိုရင်တော့ ပစ္စည်းများများထည့်လို့ရပါတယ်။ Picanto မှာနောက်ခုံတွေခေါက်ရင် 575 liter ဆန့်ပြီး Swift မှာတော့ 918 liter အထိဆန့်ပါတယ်။ Grand i10 နောက်ခုံတွေကတော့ Accent လိုခေါက်လို့မရပါဘူး။ 


Engine & Gearbox

Swift က 82 horsepower ထွက်တဲ့ 1.2 liter Engine, Picanto မှာ 84 horsepower ထွက်တဲ့ 1.2 liter engine, Grand i10 မှာ 83 Horsepower ထွက်တဲ့ 1.25 liter enginge တွေဖြစ်ပါတယ်။ ၃ စီးလုံး 4 Speed Auto Transmission တွေဖြစ်ပြီး ဆီစားနှုန်းနှင့် Performance တွေလည်းအတူတူလောက်ပါဘဲ။


Features

ဒီ ၃ စီးလုံးမှာတူညီတဲ့အချက်တွေကတော့ Push Start, Keyless Entry, Daytime Running Light, Steering control, Android TV, Alloy အစရှိတာတွေပါဝင်ပါတယ်။ Picanto မှာ Sunroof နဲ့ Wireless Charger များပါဝင်ပါတယ်။ Swift နဲ့ Picanto မှာ Apple CarPlay, Android Auto များပါသုံးလို့ရပြီး Grand i10 မှာတော့မရပါဘူး။ SRS Airbag တွေကတော့ Picanto မှာ ၆ လုံးပါပြီး Swift နဲ့ Grand i10 မှာတော့ ၂ လုံးစီဘဲပါပါတယ်။ 

Swift နဲ့ Picanto မှာ LED Projector headlight တွေဖြစ်ပြီး Grand i10 မှာတော့ Halogen Reflector ကိုသာသုံးထားပေးပါတယ်။ Power window တွေက ၃ စီးလုံး Driver တစ်ပေါက်ဘဲ Auto ဖြစ်ပါတယ် ဒါပေမယ့် Picanto မှာဘဲ မှန်တင်မှန်ချနှစ်မျိုးလုံး Auto ဖြစ်ပေမယ့် Swift နဲ့ Grand i10 မှာတော့ မှန်ချဘဲ Auto ဖြစ်ပြီးမှန်တင်ရင်တော့ Manual ဘဲတင်ရမှာပါ။ 

Back camera ကတော့ Picanto နဲ့ Grand i10 မှာပါပြီး Swift မှာမပါဝင်ပါဘူး။ မှန်ချိုးမှန်ခေါက်နဲ့ Cruise Control တွေက Swift နဲ့ Picanto မှာရပြီး Grand i10 မှာတော့မရပါဘူး။ Arm Rest ကတော့ Grand i10 မှာသာပါပြီး Swift နဲ့ Picanto မှာနောက်ခန်းကျဉ်းတာကြောင့်မပါပါဘူး။

 

Price

Picanto က ဒေါ်လာ 18900, Grand i10 က ၂၃၂ သိန်း၊ Swift GLX က ၂၄၁ သိန်း၊ GL က ၂၀၉ သိန်းဖြစ်ပါတယ်။ ၃ စီးလုံး SKD စနစ်နဲ့မြန်မာပြည်မှာတပ်ဆင်တာကြောင့် ရန်ကုန်လိုင်စင်ရပါတယ်။ 

Picanto နဲ့ Grand i10 မှာ Grade တစ်မျိုးဘဲရရှိနိုင်ပေမယ့် Swift မှာတော့ရွေးချယ်စရာ GL နဲ့ GLX ဆိုပြီးနှစ်မျိုးရှိပါတယ်။ GLX ထက် Grade လျှော့ပြီးသိန်း ၃၀ လောက်ဈေးသက်သာတဲ့ GL လည်းရရှိနိုင်ပါတယ်။ အဓိကကွာခြားချက်တွေကတော့ GLX မှာဒီ feature တွေပါဝင်ပြီး GL မှာတော့မပါပါဘူး။

1. မှန်ချိုးမှန်ခေါက် 

2. Digital Aircon

3. Rear Speaker 

4. Keyless Entry

5. Infotainment Touch Screen 

6. Bluetooth 

7. Cruise Control

8. Monochrome LCD Cluster 

9. Fog Light 

10. Daytime Running Light 

11. Alloy Wheel

12. Wheel Size : GL (15"), GLX (16")

13. Headlight : GL (Halogen Projector), GLX (LED Projector) တွေဘဲဖြစ်ပါတယ်။ 



 Pros & Cons

Swift GLX ရဲ့အားသာချက်တွေကတော့ ရုပ်ထွက်အလှဆုံး၊ Speedometer ဒိုင်ခွက်အဆန်းသစ်ဆုံး၊ Modify လုပ်လို့အကောင်းဆုံးဖြစ်ခြင်း၊ Wheel size 16” ဖြစ်ခြင်း၊ ဒီ ၃ စီးထဲမှာလူကြိုက်အများဆုံးဖြစ်တာကြောင့် ပြန်ရောင်းရင်လည်းပိုမိုလွယ်ကူခြင်း၊ အားနည်းချက်တွေကတော့ ဘော်ဒီနဲ့ဆေးသားပါးခြင်းကြောင့် accident ဖြစ်ရင် ပြင်ဆင်စရိတ်များခြင်း၊ နောက်ခန်းကျဉ်းခြင်း၊ Power window က fully auto မဖြစ်ခြင်း၊ လူငယ်များဖြင့်သာပိုမိုသင့်တော်ခြင်း။

Picanto ရဲ့အားသာချက်တွေကတော့ City ကားလေးတစ်စီးလို့မထင်ရလောက်အောင် အတွင်းခန်း Premium ဆန်ခြင်း၊ Sunroof ပါခြင်း၊ Airbag ၆ လုံးပါခြင်း၊ ဒီ ၃ စီးထဲမှာ Build Quality အကောင်းဆုံးဖြစ်ခြင်း၊ အားနည်းချက်တွေကတော့ ကားအရွယ်အစားအသေးဆုံးဖြစ်ပေမယ့် ဈေးအကြီးဆုံးဖြစ်ခြင်း၊ နောက်ခန်းနှင့် Storage capacity ကျဉ်းခြင်း၊ မြို့တွင်းမှာ လူ ၂ ယောက်လောက်စီးဖို့သာအဆင်ပြေခြင်း၊

Grand i10 ရဲ့အားသာချက်တွေကတော့ ကားအရွယ်အစားအကြီးဆုံးဖြစ်ပေမယ့် ဈေးအသက်သာဆုံးဖြစ်ခြင်း၊ Saloon type ဖြစ်တာကြောင့် မြို့တွင်းရော Highway ပါအဆင်ပြေခြင်း၊ မိသားစုသုံးမယ်ဆို ဒီ ၃ စီးထဲမှာအဆင်အပြေဆုံးဖြစ်ပါတယ်။ အားနည်းချက်တွေကတော့ မှန်ချိုးမှန်ခေါက်မော်တာမပါခြင်း၊ ကျန်နှစ်စီးလောက်ရုပ်ထွက်မလှခြင်း၊ Cruise Control မပါခြင်း၊ Wheel size 14” သာရှိခြင်း၊ Power window က fully auto မဖြစ်ခြင်းတို့ဖြစ်ပါတယ်။ 


မိမိလိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကားကိုမှန်ကန်စွာရွေးချယ်နိုင်စေရန် မြန်မာပြည်ဈေးကွက်အတွင်းဝယ်ယူနိုင်သော Brand New ကားများကို ဘက်လိုက်မှုမရှိတင်ဆက်ပေးခြင်းဖြစ်ပါတယ် လိုအပ်တာများရှိပါက ဖြည့်စွက်ပေးနိုင်ပါတယ်။ 

Swan Htet Paing 


Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

iPhone နဲ့ရိုက်ထားတဲ့ပုံတွေ Computer မှာမဖတ်ရတာဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းရမလဲ