Samsung Galaxy S Series ရဲ့ ၁၀ နှစ်တာ (2010-2020)


Samsung က Mobile Phone တွေကို 1996 ခုနှစ်တည်းကစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ယခင်က Nokia နဲ့ Motorola တို့ရဲ့အနောက်မှာသာရှိခဲ့ပေမယ့် Smartphone တစ်ခေတ်ပြောင်းတဲ့ကာလမှာ Galaxy Series တွေထုတ်လုပ်ပြီး ခေတ်နဲ့အညီလိုက်နိုင်တာကြောင့် ထိပ်ဆုံးမှာအချိန်အကြာကြီးရပ်တည်နေနိုင်တဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ Android Smartphone တွေကို ပထမဆုံး Android ဖုန်းဖြစ်တဲ့ HTC Dream ထွက်ပြီး ၂ လအကြာ 2009 April မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Flagship Series တွေအနေနဲ့ S Series ကို 2010 နဲ့ Note Series ကို 2011 ခုနှစ်မှာစတင်ခဲ့ပါတယ်။ 

Samsung ရဲ့ S Series ရဲ့ ၁၀ နှစ်တာဖြတ်သန်းလာပုံကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။ Specification တွေထက် Top feature အချို့နဲ့လူသိနည်းတဲ့ ထူးခြားချက်များကိုသာ တင်ဆက်ပေးလိုက်ပါတယ်။ Samsung Galaxy S Series ကစတင်ထုတ်လုပ်ခဲ့စဉ်တည်းက iPhone ကိုယှဉ်ပြိုင်နိုင်တဲ့ အဓိက Rival ဖြစ်ခဲ့ပါတယ်။ 


Samsung Galaxy S (2010)

2010 March မှာ Samsung ရဲ့ပထမဆုံး Flagship model ဖြစ်တဲ့ Galaxy S ကိုစတင်ဖြန့်ချီခဲ့ပါတယ်။ စတင်မိတ်ဆက်ခဲ့စဉ်က Super AMOLED Display ဖြစ်ပေမယ့် အမှန်တကယ်ထုတ်လုပ်တဲ့ချိန်မှာ Panel များအလုံအလောက်မထောက်ပံ့နိုင်တာကြောင့် LCD Display များဖြင့်အစားထိုးခဲ့ရပါတယ်။ Storage အနေနဲ့ 8 GB နှင့် 16 GB များရရှိနိုင်ပြီး RAM ကတော့ 512 MB ဖြစ်ပါတယ်။ 5 Megapixel Main Camera ပါဝင်ပြီး Selfie Camera ပါပါဝင်ခဲ့ပါတယ်။ Android 2.1 Éclair နဲ့လာပြီး Android 2.3 Gingerbread သို့ Upgrade လုပ်နိုင်ပါတယ်။ ဒုတိယမျိုးဆက် S II မထွက်မီ Successor များအနေနဲ့ S Advance နဲ့ S Plus များထွက်ရှိခဲ့ပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ $400 ဖြစ်ပါတယ်။

Samsung Galaxy S II (2011)
2011 ခုနှစ်မှာတော့ Samsung Galaxy S II ကိုလုံးဝမတူညီတဲ့ Version ၃ မျိုးနဲ့ထုတ်လုပ်ခဲ့ပါတယ်။ Global version မှာ Galaxy S တုန်းကလို Home Button ပါဝင်ပြီး အမေရိကဈေးကွက်အတွက်မော်ဒယ်တွေမှာတော့ Home Button မပါပါဘူး။ မြန်မာပြည်မှာလည်း Samsung ကို S II ကစပြီးသိကြတာများပါတယ်။ သူ့ရဲ့ Successor အဖြစ် S II Plus ကိုပါထပ်ထုတ်ခဲ့ပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ $550 ဖြစ်ပါတယ်။

Samsung Galaxy S III (2012)
S III ကိုစတင်ဖြန့်ချီပြီး ၂ လအတွင်းမှာဘဲ အလုံးရေ ၁၀ သန်းအထိရောင်းချနိုင်ခဲ့တာကြောင့် The First True iPhone Killer လို့တင်စားခေါ်ခဲ့ကြပါတယ်။ ဒီနှစ်မှာဘဲ Samsung က 1998 တည်းက mobile phone ဈေးကွက်ရဲ့ထိပ်ဆုံးနေရာကို ၁၄ နှစ်ကြာ သိမ်းပိုက်ထားတဲ့ Nokia ကိုကျော်ဖြတ်ကာရောင်းအားအကောင်းဆုံး Brand အဖြစ်ရပ်တည်ခဲ့ပြီး ယနေ့ထိတိုင်လည်း ဆက်လက်ဦးဆောင်ထားဆဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ Screen size ပိုသေးတဲ့ S III Mini ကိုထပ်မံထုတ်ခဲ့ပေမယ့် Spec များစွာလျှော့ထားခဲ့တာကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ $599 ဖြစ်ပါတယ်။

Samsung Galaxy S 4 (2013)
Galaxy S4 ကလက်ရှိအချိန်ထိ ရောင်းအားအကောင်းဆုံး Android ဖုန်းအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံး Smartphone တွေအကြောင်း ဒီမှာ ကြည့်လို့ရပါတယ်။ S 4 က S Series မှာပထမဆုံးအနေနဲ့ တစ်ကမ္ဘာလုံးကို Design တစ်မျိုးတည်း ထုတ်လုပ်ခဲ့တဲ့ model ဖြစ်ပါတယ်။ ဒါမေယ့် Region အလိုက်ကွာခြားချက်အများအပြားရှိနေဆဲပါ။ S4 Family မှာ S4, S4 Nexus Experience (Stock Android), S4 Active, S4 Mini, S4 Zoom တွေပါဝင်ပါတယ်။ S4 active က Samsung ရဲ့ပထမဆုံး ရေစိုခံ Smartphone ဖြစ်ပါတယ်။
Online streaming တွေခေတ်စားလာလို့ အသုံးနည်းလာတဲ့ FM Radio ဖယ်ရှားခဲ့ပါတယ်။ 2013 တည်းက Qi Warless Charging စနစ်လည်းပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် Stock version မှာပါဝင်တာမဟုတ်ဘဲ S View Cover သို့မဟုတ် S Charger Cover များသတ်သတ်ထပ်ဝယ်ပြီး Cover လဲပြီးသုံးရတာပါ။
Samsung Galaxy S4 Wireless S Charger: Unboxing & Review - YouTube
 ထို့ပြင်အဲ့ဒီခေတ်အခါက ခေတ်ရှေ့ပြေးတဲ့ feature တွေလည်းအများအပြားပါဝင်ခဲ့လို့ လူစိတ်ဝင်စားမှုအမြင့်ဆုံးရတယ် ဆိုလည်းမမှားပါဘူး။ အဲ့ထဲကအချို့မှာ
  1. Air Gesture (Screen ထိစရာမလိုဘဲ လေထဲမှာဝှေ့ယှမ်းပြီး လုပ်ဆောင်နိုင်ခြင်း)  
  2. Smart Pause (Video ကြည့်နေရင်းမျက်နှာလွဲလိုက်တာနဲ့ auto pause လုပ်ပေးခြင်း)
  3. Smart Scroll (မျက်လုံးရဲ့လှုပ်ရှားပုံအလိုက် Screen ကို Scroll လုပ်ပေးခြင်း)
  4. Smart Stay (Screen ကိုကြည့်နေသရွေ့ Sleep ဖြစ်မသွားခြင်း)
  5. S Health (Fitness အတွက်လှုပ်ရှားမှုများကိုမှတ်တမ်းတင်ပေးခြင်း)
  6. Dual Camera (Main Camera နှင့် Selfie Camera ကိုတစ်ပြိုင်တည်းရိုက်နိုင်ခြင်း)
  7. Sound and shot (ဓာတ်ပုံမှာအသုံဖိုင်ပါတစ်ခါတည်းပါအောင်ရိုက်နိုင်ခြင်း)
  8. Group Play (S4 အချင်းချင်းချိတ်ပြီး ဖုန်း screen ကို share ပြီးလုပ်ဆောင်ချက်များကိုအတူလုပ်ဆောင်နိုင်ခြင်း)
အစရှိသည့် Premium feature များကြောင့် Samsung ရဲ့အအောင်မြင်ဆုံးဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ S4 ကိုစတင်ရောင်းချခဲ့စဉ်ကဈေးမှာ $640 ဖြစ်ပါတယ်။

Samsung Galaxy S5 (2014)
S5 က Samsung ရဲ့ပထမဆုံး Fingerprint ပါတဲ့ဖုန်းဖြစ်ပါတယ်။ Home Button မှာ Fingerprint ထည့်သွင်းပေးထားပြီး လက်ဗွေနဲ့ဖုန်းကို Unlock လုပ်နိုင်ခြင်း၊ ဓာတ်ပုံနှင့်အရေးကြီး Data များကိုဝှက်ထားနိုင်တဲ့ Private Mode သို့ဝင်ရောက်နိုင်ခြင်းတို့အပြင် Mobile Payment များကိုလည်းလုပ်ဆောင်နိုင်ပါတယ်။ IP 67 Water Resistant လည်းပါဝင်လာပါတယ်။ Battery အရှင်နဲ့ Plastic (Polycarbonate) Body သုံးတဲ့ S Series ရဲ့နောက်ဆုံးမျိုးဆက်လည်းဖြစ်ပါတယ်။ Fitness အတွက် S Health ကိုလည်းအများအပြား Upgrade လုပ်ထားပြီး နှလုံးခုန်တိုင်းနိုင်တဲ့ Heart Rate Sensor လည်းပါဝင်လာပါတယ်။ Battery 10% ဘဲကျန်ရင်တောင် ၂၄ နာရီအထိဆက်သုံးနိုင်မယ့် Ultra-Power Saving Mode လည်းပါဝင်ပါတယ်။ ဖုန်းကို Black and white screen အဖြစ်ပြောင်းလဲပေးပြီး မရှိမဖြစ် App အချို့သာသုံးနိုင်မှာဖြစ်ပါတယ်။ S5 ကိုစတင်ရောင်းချခဲ့စဉ်ကဈေးမှာ $650 ဖြစ်ပါတယ်။

Samsung Galaxy S6 & S6 Edge (2015)
S6 မှာတော့ Design ပိုင်းကြီးကြီးမားမားအပြောင်းအလဲလုပ်ထားပြီး တော်တော်လေး Premium ဆန်လာပါပြီ။ S6 အပြင် S6 Edge ဆိုပြီး Curved Display (မှန်ခုံး) နဲ့ပါထုတ်လုပ်ခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ S Series ရဲ့ပထမဆုံး Plus size version အဖြစ် Screen Size ပိုကြီးတဲ့ S6 Edge + ကိုပါထပ်ထုတ်ခဲ့ပါတယ်။ (S Plus နှင့် S II Plus တွေက Size ပိုကြီးတာကိုရည်ရွယ်တာမဟုတ်ပါဘူး) ။ S6 နှင့်အတူ Samsung Pay ကိုပါပွဲဦးထွက်မိတ်ဆက်ခဲ့ပါတယ်။ Battery အသေနဲ့ Glass Body ဖြစ်လာပြီး Wireless Charging စနစ် Basic Option မှာပါဝင်လာတဲ့ပထမဆုံးဖုန်းလည်းဖြစ်ပါတယ်။ 15 W Fast Charging လည်းပါလာပါတယ်။ ဒါပေမယ့် S5 မှာပါခဲ့တဲ့ Water Resistant တော့မပါခဲ့ပါဘူး။ S5 တုန်းက Storage 32 GB ထိဘဲထုတ်ခဲ့ပေမယ့် S6 မှာတော့ 128 GB ထိရွေးချယ်နိုင်ပြီး Memory Card Slot ကိုဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမော်ဒယ်တွေမှာတော့ပြန်ထည့်ပေးခဲ့ပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ S6 က $600 ဖြစ်ပြီး S6 Edge က $700 ဖြစ်ပါတယ်။

Samsung Galaxy S7 & S7 Edge (2016)
S6 တုန်းကလိုဘဲ S7 နှင့် S7 Edge ဆိုပြီး version နှစ်မျိုးထုတ်ခဲ့ပါတယ် ဒါပေမယ့် Plus version တော့မထုတ်ခဲ့ပါဘူး။ S6 နဲ့ S6 Edge ကအရွယ်အစားတူခဲ့ပေမယ့် S7 Line up မှာတော့ 5.1” နဲ့ 5.5ဆိုပြီးအရွယ်အစားနှစ်မျိုးနဲ့ထုတ်ခဲ့ပါတယ်။ S6 မှာတုန်းကချန်လှပ်ခဲ့တဲ့ Water Resistant နဲ့ Memory Card Slot များပြန်လည်ပါဝင်လာပါပြီ။ သီးသန့် Card Slot တော့မပါတော့ပေမယ့် Hybrid Dual SIM အနေနဲ့ Memory Card ထည့်သုံးလို့ရပါတယ်။ IP Rating ကလည်း IP  68 ဖြစ်သွားပါပြီ။ Always on Display လည်းစတင်ပါဝင်လာခဲ့ပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ S7 က $669 ဖြစ်ပြီး S7 Edge က $779 ဖြစ်ပါတယ်။

Almost all the Samsung Galaxy S8 and S8 Plus information leaks ...

Samsung Galaxy S8 & S8 Plus (2017)
S8 Series မှာတော့လူကြိုက်များတဲ့ Curved Display တစ်မျိုးတည်းထုတ်ခဲ့ပြီး Edge ထည့်မခေါ်တော့ပါဘူး။ S8 နဲ့ S8 Plus ဆိုပြီး 5.8” နဲ့ 6.2” size နှစ်မျိုးထုတ်ခဲ့ပါတယ်။ Bluetooth 5.0 ပါဝင်တဲ့ ပထမဆုံး Smartphone လည်းဖြစ်ပါတယ်။ အခုချိန်ဖုန်းတိုင်းမှာသုံးနေပြီဖြစ်တဲ့ 18:9 Screen Ratio ကို LG G6 နဲ့ရှေ့ဆင့်နောက်ဆင့်မိတ်ဆက်ခဲ့ပြီး အရင်ဆုံးထုတ်ခဲ့ကြပါတယ်။ iPhone X မထွက်ခင် ၆ လအလိုမှာတည်းကထွက်ခဲ့တာဖြစ်ပြီး Samsung ကတော့ Infinity Display လို့ခေါ်ပါတယ်။ USB Type C ကိုလည်း S Series မှာ S8 နဲ့စခဲ့ပါတယ်။ Full view display ဖြစ်သွားတာကြောင့် Samsung ရဲ့ Traditional Style ဖြစ်တဲ့ Physical Home Key ကိုဖယ်ရှားခဲ့ပြီး Fingerprint ကိုအနောက်ပို့ခဲ့ပါတယ်။ ဒါပေမယ့် Fingerprint ကို Camera ဘေးမှာထားခဲ့တာကြောင့် Reviewer အများစုဝေဖန်ခြင်းခံခဲ့ရပါတယ်။ S8 မှာ Iris Scanner နဲ့ Face Unlock ပါလုပ်နိုင်တာကြောင့် Fingerprint ကို Secondary အနေနဲ့သာ သုံးဖို့ရည်ရွယ်ခဲ့တယ်လို့ယူဆရပါတယ်။ Samsung ရဲ့ကိုယ်ပိုင် Virtual Assistant ဖြစ်တဲ့ Bixby ကိုလည်း S8 နဲ့အတူမိတ်ဆက်ခဲ့ပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ S8 က $750 ဖြစ်ပြီး S8 Plus က $850 ဖြစ်ပါတယ်။

Samsung Galaxy S9 & S9 Plus (2018) 
S9 နဲ့ S9 Plus မှာတော့ S8 နဲ့ Design ပိုင်းအနည်းငယ်သာအပြောင်းအလဲလုပ်ထားပြီး Fingerprint Sensor နေရာအလွဲကြီးကိုပြင်ဆင်ပေးခဲ့ပါတယ်။ S9 မှာ Single Camera နဲ့ RAM 4 GB ဖြစ်ပြီး S9 Plus မှာတော့ Dual Camera နဲ့ RAM 6 GB ပါ။ S9 Plus မှာ Camera ပိုင်းကိုအဓိကထားပြီးအဆင့်မြှင့်ထားပါတယ်။ S Series မှာပထမဆုံးအနေနဲ့ Dual Camera ပါဝင်လာပြီး ထွက်ခဲ့ချိန်က Camera အကောင်းဆုံးဖုန်းအဖြစ်လည်းသတ်မှတ်ခံခဲ့ရပါတယ် (P20 Pro မထွက်ခင်ထိ)။ ကိုယ့်မျက်နှာရဲ့ Expression အလိုက် 3D animated များလုပ်နိုင်မယ့် AR Emoji လို့ခေါ်တဲ့ Feature တစ်ခုလည်းပါဝင်လာပါတယ်။ မကြာသေးခင်ကထွက်ထားတဲ့ iPhone X ရဲ့ Animoji နဲ့ဆင်ပါတယ်။ 2018 နှစ်ကုန်မှာ S9 အတွက် Android Pie Update နဲ့အတူ Samsung မှ One UI ကိုစတင်ဖြန့်ချီခဲ့ပြီး TouchWiz UI နေရာမှာအစားထိုးခဲ့ပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ S9 က $720 ဖြစ်ပြီး S9 Plus က $840 ဖြစ်ပါတယ်။

Samsung Galaxy S10 Family (2019)
S 10 Series မှာတော့ အဓိကမော်ဒယ်တွေဖြစ်တဲ့ S 10 နှင့် S 10 Plus အပြင် Lite version ဖြစ်တဲ့ S10e နှင့် 5G version ဖြစ်တဲ့ S10 5G ဆိုပြီး စုစုပေါင်း version ၄ မျိုးထုတ်လုပ်ခဲ့ပါတယ်။ (S10 5G ဆိုတာ ရိုးရိုး S10 ကို 5G Network ရသွားတာမဟုတ်ဘဲ S 10 Series ရဲ့ 5G version ဖြစ်ပါတယ် S10 နဲ့ Design ကစလုံးဝမတူပါဘူး။ S10 Plus နဲ့တူပြီး Screen size 6.7” ရှိတာကြောင့် S10 Plus အပါအဝင် Samsung ရဲ့ထွက်သမျှဖုန်းတွေထဲမှာအကြီးဆုံးဖြစ်ပါတယ် Note 10 Plus မထွက်ခင်အထိ)S10 5G ကကမ္ဘာ့ပထမဆုံး5G ဖုန်းလည်းဖြစ်ပါတယ်။ S 10 Family အားလုံးမှာနောက်ဆုံးထွက် SoC ဖြစ်တဲ့ Snapdragon 855 or Exynos 9820 တွေကိုသုံးထားပေးပြီး Camera အရေအတွက်နဲ့ Specification အချို့‌တော့ကွာခြားမှုရှိပါတယ်။ S 10 e မှလွဲပြီး ကျန် ၃ မျိုးမှာ Ultrasonic Fingerprint များပါဝင်ပါတယ်။ ဖုန်းအချင်းချင်း Power Share ပေးနိုင်မယ့် Reverse Wireless Charging လည်းပါဝင်လာပါတယ်။ S 10 Plus Ceramic Edition မှာ Internal Storage 1 TB ပါဝင်ပြီး SD Card လည်း 512 GB အထိထပ်စိုက်နိုင်တာကြောင့် စုစုပေါင်းဆို 1.5 TB အထိသုံးလို့ရပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ S10e က $749, S 10 က $899, S10 Plus က $999 နဲ့ S10 5G က $1299 ဖြစ်ပါတယ်။

Samsung Galaxy S20 Family (2020)
ဒီနှစ်မှာလည်း Samsung ကအပြောင်းအလဲများစွာနဲ့ မော်ဒယ်သစ်တွေအများအပြားထုတ်လုပ်ခဲ့ပါတယ်။ အကြီးမားဆုံးအပြောင်းအလဲကတော့ နာမည်ဖြစ်ပါတယ်။ Samsung က S 10 ပြီးနောက် S11 လို့ခေါ်မယ့်အစား S 20 လို့နာမည်ပေးခဲ့ပါတယ်။ အကြောင်းကတော့ 2020 မို့ S20 လို့ခေါ်ပြီး   2021 မှာ S21 လို့ဆက်လက်ခေါ်ဆိုဖွယ်ရှိပါတယ်။

S20 Family မှာ S20, S20 Plus, S20 Ultra ဆိုပြီး ၃ မျိုးထုတ်ခဲ့ပါတယ်။ Top feature များအနေနဲ့ 120 Hz Refresh Rate, 8K Video Recording, 5G Network တွေပါဝင်ခဲ့ပါတယ်။ UFS 3.0 Storage နဲ့ RAM လည်း အများဆုံး 16 GB အထိပါဝင်လာပါပြီ။ S20 Ultra မှာ 108 MP Wide Camera နဲ့ Digital Zoom 100x အထိရရှိနိုင်ပါတယ်။ 5000 mAh Battery ကို ၅၈ မိနစ်အတွင်းအားအပြည့်သွင်းပေးနိုင်မယ့် 45W Fast Charging လည်းပါဝင်ခဲ့ပါတယ်။ စတင်ရောင်းချခဲ့စဉ်ကဈေးမှာ S20 က $999, S20 Plus က $1199, S20 Ultra က $1399 တို့ဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ကိုလည်းအခြားအထင်ကရဖုန်းတွေအကြောင်းဆက်လက်တင်ပေးသွားပါမယ်။ 





Popular posts from this blog

Classification of cars

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Samsung One UI Tips & Tricks