Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison


မြန်မာပြည်ဈေးကွက်ထဲက Brand New Sedan တွေထဲမှာလူကြိုက်အများဆုံးဖြစ်တဲ့ Toyota Vios, Hyundai Accent နဲ့ Suzuki Ciaz တွေရဲ့ကွာခြားချက်လေးတွေပါ။ ဒီ ၃ စီးလုံးက B-Segment Subcompact ကားလေးတွေဖြစ်ပြီး ဈေးနှုန်းနဲ့ Specification တွေလည်းအများကြီးကွာခြားတာမျိုးမရှိပါဘူး။ ကားအသစ်ဝယ်မယ့်သူတွေယှဉ်ပြီးရွေးချယ်လို့ရအောင် အခြေခံကွာခြားချက်များကို တင်ဆက်ပေးလိုက်ပါတယ်။

ကားတွေကိုအရွယ်အစားအလိုက် Class ခွဲခြားထားပုံ

 

History

Vios ကို ၂၀၀၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဂျပန်မှာ Belta, အခြားနိုင်ငံတွေမှာ Yaris, အာဆီယံဈေးကွက်မှာတော့ Vios လို့ခေါ်ပါတယ်။ ကမ္ဘာမှာ Volkswagen Polo ပြီးရင်ဒုတိယရောင်းအားအကောင်းဆုံး Subcompact ကားဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေမှာလည်းအရမ်းလူကြိုက်များပါတယ်။ Generation ၃ ခုထွက်ထားပြီး လက်ရှိ Third Generation ကို ၂၀၁၃ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပါတယ်။ 

Accent ကို ၁၉၉၄ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး မျိုးဆက် ၅ ခုရှိသွားပါပြီ။ လက်ရှိမျိုးဆက်ကို ၂၀၁၈ ကမှ All New ထွက်ထားတာဖြစ်ပါတယ်။ 

Ciaz ကို ၂၀၁၄ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး မျိုးဆက်တစ်ခုဘဲထွက်သေးပါတယ်။ 2020 မှာတော့ Facelift အပြောင်းအလဲနှင့်အတူ အရင်မော်ဒယ်ထက်အနည်းငယ် Upgrade လုပ်ထားပါတယ်။ 

Hyundai Accent က ၂၀၁၈ ကမှ All New ထွက်ထားတာကြောင့် ဒီ ၃ စီးထဲမှာ Future proof ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ကျန်နှစ်စီးကနောက်နှစ်အနည်းငယ်အတွင်း New Generation ထွက်လာနိုင်ပါတယ်။


Engine

Vios မှာ 98 horsepower ထွက်တဲ့ 1.3 L (1329cc) Engine နဲ့ 7 Speed Auto Transmission, Accent မှာ 100 Horsepower ထွက်တဲ့ 1.4 L (1368cc) Engine နဲ့ 6 Speed Auto Transmission, Ciaz မှာ 92 Horsepower ထွက်တဲ့ 1.4 L (1373cc) Engine နဲ့ 4 Speed Auto Transmission တွေသုံးထားပေးပါတယ်။ ဆီစားနှုန်းတွေကတော့ Vios က 14.2 km/l, Accent က 15.6 km/l, Ciaz က 17.6 km/l ရှိတယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့ထဲမှာတော့ ၃ စီးလုံးဒီလောက်ထိမရနိုင်ပါဘူး။ Ciaz က Power-train မှာအားနည်းချက်တွေရှိပြီး ဆီစားနှုန်းတော့အနည်းငယ်သက်သာတယ်လို့ဆိုနိုင်ပါတယ်။ 

Size

အရှည်တွေကတော့ Vios 173.6”, Accent 172.6, Ciaz 176.8” ရှိတာကြောင့် Ciaz ကအနည်းငယ်ပိုရှည်ပါတယ်။ ဗြက်အကျယ်ကတော့ ၃စီးသုံး 68.1 inches ချင်းအတူတူပါဘဲ။ Truck capacity (နောက်ဖုံးအကျယ်) အနေနဲ့ Vios က 506 liter, Accent က 388 Liter နဲ့ Ciaz က 495 Liter ရှိတာကြောင့် Accent ကကျန်နှစ်စီးထက် သိသိသာသာကျဉ်းပါတယ်။ (Ciaz ကနိုင်ငံခြားဆိုဒ်တွေမှာတော့ 510 liter ကျယ်တယ်လို့ဆိုပြီး Suzuki Myanmar မှာတော့ 495 Liter လို့ဖော်ပြထားပါတယ်။) ဆီတိုင်ကီကတော့ Vios နဲ့ Ciaz က 42 liter, Accent က 43 Liter ဆန့်တာကြောင့်အတူတူ‌လောက်ပါဘဲ။ 

Alloy size တွေကတော့ Vios က 15”, Accent နဲ့ Ciaz က 16” ဖြစ်ပါတယ်။ Turning Radius တွေကတော့ Vios က 5.1 meter, Accent က 5.2 meter, Ciaz က 5.4 meter ရှိပါတယ်။ Ciaz ကကားပိုရှည်တာကြောင့် U Turn ကွေ့ရာမှာတော့ Radius ပိုများသွားပါတယ်Ground Clearance (မြေပြင်ကင်းလွတ်အမြင့်) တွေအနေနဲ့  Vios က 5.7 inches, Accent က 5.5 inches, Caiz က 6.3 inches ရှိတာကြောင့် Ciaz ကကျန်နှစ်စီးထက်သိသိသာသာ ပိုမြင့်ပါတယ်။ အရွယ်အစားမှာတော့ Ciaz ကအကြီးဆုံးနှင့် မြေပြင်မှအမြင့်ဆုံးဖြစ်သလို Wheelbase လို့ခေါ်တဲ့ ဘီးနှစ်လုံးကြားအကွာအဝေးလည်း အရှည်ဆုံးဖြစ်တာကြောင့် အတွင်းခန်းလည်းအကျယ်ဆုံးပါ။ ကားအရွယ်အစားအကြီးဆုံးဖြစ်ပေမယ့် Body ပိုပါးတာကြောင့် အ‌လေးချိန်ကတော့ကျန်နှစ်စီးထက်ပိုပေါ့ပါတယ်။ 

Features

၃ စီးလုံးမှာတူညီတဲ့အချက်တွေကတော့ Push Start, Keyless Entry, Daytime Running light, Fog light, Steering control, Arm Rest, Side mirror fold motor & signal light, Alloy wheel, Digital Aircon, Back Parking Sonar အစရှိတာတွေပါဝင်ပါတယ်။ 

Infotainment က Vios မှာရိုးရိုး Touch Screen ဖြစ်ပြီး Accent နဲ့ Ciaz မှာတော့ Android TV များဖြစ်ပါတယ်။ Ciaz မှာတော့ Apple CarPlay, Android Auto များပါရတယ်လို့ဆိုပြီး Headlight တွေကတော့ Vios မှာ Halogen Projector, Accent မှာ Halogen Reflector တွေဖြစ်ပြီးအသစ်ထွက်တဲ့ Ciaz 2020 မှာတော့ LED Projector ကို Upgrade လုပ်ထားပါတယ်။ ဒီအပိုင်းတွေမှာတော့ Ciaz ကသာပါတယ်။ Accent မှာ Taillight ကိုတော့ LED သုံးထားပေမယ့် Headlight က Reflector ဖြစ်နေတာတော့ တစ်စီးလုံးမှာအားအနည်းဆုံးအပိုင်းလို့ဆိုနိုင်ပါတယ်။ 

 SRS Airbag များအနေနဲ့ Vios မှာ ၇ လုံးပါဝင်ပြီး Accent နဲ့ Ciaz မှာတော့ ၂ လုံးစီဘဲပါဝင်တာမို့ Safety မှာတော့ Vios ကသာပါတယ်Vios နဲ့ Accent မှာနောက်ခန်းခုံတွေကို 60/40 ခေါက်လို့ရပြီး Ciaz နောက်ခုံတွေကတော့ခေါက်လို့မရပါဘူး။ Accent မှာ Smart Key ကိုင်ထားပြီးကားအနောက်မှာ ၃ စက္ကန့်ရပ်နေရုံနဲ့ အလိုအလျှောက်နောက်ဖုံးပွင့်တဲ့ Smart Trunk function ပါဝင်ပါတယ် (မကြိုက်ရင်လည်းပိတ်ထားလို့ရပါတယ်)။ Vios မှာ Cruise Control ပါဝင်ပြီးကျန်တဲ့နှစ်စီးမှာတော့မပါပါဘူး။

Hyundai Verna photo gallery, Hyundai Verna features photos

Ciaz နဲ့ Accent မှာ Back camera ပါဝင်ပါတယ် ဒါပေမယ့်နှစ်စီးလုံးက ၈ လက်မရှိတဲ့ Android TV မှာမပြဘဲဘက်မှန်မှာဘဲ Screen အသေးလေးနဲ့ဘဲပြပါတယ်။ Vios မှာတော့ Back camera ပါဝင်ခြင်းမရှိပါဘူး။ Parking sensor တွေကတော့ ၃ စီးလုံးမှာပါဝင်ပါတယ်။ Power Window တွေကတော့ ၃ စီးလုံး Driver တစ်ပေါက်ဘဲ Auto ဖြစ်ပါတယ် သို့သော် Vios နဲ့ Ciaz မှာမှန်တင်မှန်ချနှစ်မျိုးလုံး Fully Auto ဖြစ်ပေမယ့် Accent မှာတော့ မှန်ချတာဘဲ One Push Auto ရပြီး မှန်တင်ရင်တော့ Manual ဘဲရပါတယ်။ စက်နှိုးတာနဲ့မီးလင်းတဲ့ Cluster light ကတော့ Accent မှာပါဝင်ပြီး Ciaz မှာတော့ Silent မီးဖွင့်မှလင်းပါမယ်။


Price

Vios က $21800 (၃၀၅ သိန်းဝန်းကျင်) ၊ Accent က ၂၉၉ သိန်းနဲ့ Ciaz က ၂၈၂ သိန်းဖြစ်တာကြောင့် Ciaz ကအနည်းငယ်ဈေးသက်သာပါတယ်။ Ciaz နှင့် Accent က SKD ဖြစ်တာကြောင့်ရန်ကုန်လိုင်စင်ရပြီး Vios ကတော့ CBU စနစ်နဲ့သွင်းလာတာကြောင့်ရန်ကုန်လိုင်စင်လိုချင်ရင် စလစ်ကပ်မှရပါမယ်။


Pros and Cons

 Vios ရဲ့အားသာချက်တွေက Cruise Control ပါဝင်ခြင်း၊ 7 Speed Gearbox ဖြစ်ခြင်း၊ Airbag ၇ လုံးပါဝင်ခြင်း၊ အားနည်းချက်တွေကတော့ နောက်ခန်း Aircon ပေါက်မပါခြင်း၊ Wheel size 15” သာရှိခြင်း၊ Back camera မပါခြင်း၊ ရန်ကုန်လိုင်စင်မရခြင်းတို့ဖြစ်ပါတယ်။ 

Accent ရဲ့အားသာချက်တွေက Output 100 horsepower ထွက်ခြင်း၊ 6 Speed Gearbox ဖြစ်ခြင်း၊ Smart Trunk ပါဝင်ခြင်း၊ ကားအရွယ်အစားအသေးဆုံးဖြစ်တာကြောင့် Parking ထိုးရလွယ်ကူခြင်း၊ အားနည်းချက်တွေက နောက်ဖုံးနှင့်နောက်ခန်းများ ကျန်နှစ်စီးထက်ကျဉ်းခြင်း၊ Halogen Reflector မီးကိုသာသုံးထားခြင်းတို့ဖြစ်ပါတယ်။ 

Ciaz ရဲ့အားသာချက်တွေက ကားအရွယ်အစားအကြီးဆုံးဖြစ်ခြင်း၊ နောက်ခန်းအကျယ်ဆုံးဖြစ်ခြင်း၊ Ground Clearance အမြင့်ဆုံးဖြစ်ခြင်း၊ Modify လုပ်လို့အကောင်းဆုံးဖြစ်ခြင်း၊ Apple CarPlay/Android Auto များသုံးနိုင်ခြင်း၊ LED headlight ဖြစ်ခြင်း၊ ဆီစားသက်သာခြင်း၊ ဈေးအသက်သာဆုံးဖြစ်ခြင်း၊ အားနည်းချက်တွေကတော့ 4 Speed Gearbox ဖြစ်ခြင်း၊ နောက်ခန်းခုံမှာခေါက်လို့မရခြင်း၊ Body နှင့်ဆေးသားပါးခြင်းတို့ဖြစ်ပါတယ်။ ၃ စီးလုံးကတော့လူကြိုက်များတာကြောင့် ပြန်ရောင်းရင်လွယ်တဲ့ထဲမှာပါပါတယ်။

 မိမိလိုအပ်ချက်နဲ့ကိုက်ညီမယ့်ကားကို မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရန် ကွာခြားချက်များကိုတင်ပြပေးလိုက်ပါတယ်။ Local Official Website များမှ Data များကိုသာအဓိကယူထားပြီးအချို့ကိုသာ Foreign Site များမှမှီငြမ်းထားပါတယ်။ Hyundai ကတော့ Local Spec တွေကိုအသေးစိတ်ထုတ်ပြန်ထားခြင်းမရှိ‌တာကြောင့် Global spec များကိုအခြေခံပြီး မြန်မာပြည်ဝင်တဲ့မော်ဒယ်တွေနဲ့ကွာခြားချက်များကို လက်လှမ်းမီသလောက် ပြင်ဆင်ထားပေးပါတယ်။ အချို့သောအချက်အလက်များမှာ ဈေးကွက်အပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။

Swan Htet Paing


Popular posts from this blog

Classification of cars

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Samsung One UI Tips & Tricks