Samsung One UI Tips & Tricks


 Samsung ရဲ့ One UI အတွက် Tips & Tricks လေးတွေတင်ဆက်ပေးလိုက်ပါတယ်။ လူသိပ်မသိတဲ့ Hidden Feature တွေလည်းပါပါတယ်။ 

1.       Lock Screen Notification တွေကို Preview ပိတ်နည်း

Lock screen မှာ Notification တွေ Preview ပိတ်ချင်ရင် Setting > Lock Screen > Notifications > Hide Content ကို on ပေးပါ။ Lock Screen မှာ Noti off ထားရင်ကိုယ်တိုင်လည်းမသိနိုင်တော့တာကြောင့် Lock screen noti ကိုဖွင့်ထားပြီး Content ကိုဘဲပိတ်ထားမယ်ဆိုရင် Messenger ကစာလာမှန်းတော့သိရမယ် ဒါပေမယ့်ဘယ်သူပို့တယ် ဘာတွေပို့တယ်ဆိုတာတော့မြင်ရမှာမဟုတ်ပါဘူး။ 


2. Lock screen ကနေ Phone နဲ့ Camera ကိုတိုက်ရိုက်ဝင်လို့ရတဲ့ Shortcut ကို Default အနေနဲ့ထားပေးထားပါတယ်။ ဒီနေရာမှာကြိုက်တာပြောင်းလို့ရပါတယ်။ Setting > Lock screen > Shortcut မှာနှစ်သက်ရာရွေးချယ်နိုင်ပါတယ်။


Side Key (Power button) ကိုနှစ်ချက်နှိပ်ပြီး Lock screen အနေအထားကနေ camera ကိုအမြန်ဖွင့်လို့ရပါတယ်။ ဒီနေရာမှာ Camera မဟုတ်ဘဲ အခြားနှစ်သက်ရာ App ကိုလည်းရွေးချယ်နိုင်ပါတယ်။

Setting > Advanced Features > Side Key > Double Press မှာဝင်လုပ်နိုင်ပါတယ်။ 

Side Key ကို Long Press ဖိထားမယ်ဆို default အနေနဲ့ Bixby ပွင့်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ Bixby မသုံးလို့အရင်လို Power off ဘဲထားချင်တယ်ဆိုလည်းပြောင်းလို့ရပါတယ်။ Bixby ကိုရွေးထားမယ်ဆိုရင်တော့ Power ပိတ်ချင်ရင် Volume down (အသံတိုးခလုပ်) နဲ့ Side Key ကိုတွဲနှိပ်ရပါမယ်။ Quick Panels မှာလည်း Power off shortcut ပါပါတယ်။

Setting > Advanced Features > Side Key > Press and hold မှာစိတ်ကြိုက်ပြောင်းနိုင်ပါတယ်။

(နောက်ပိုင်းဖုန်းတွေမှာ Power ပိတ်ဖို့ Volume key နဲ့တွဲပြီးသုံးရတာကြောင့် Power button လို့မ‌ခေါ်ကြတော့ဘဲ Side Button / Side key လို့ဘဲခေါ်ပါတော့တယ်။ Home button မပါတော့တာကြောင့် Virtual Assistant တွေကိုခေါ်ဖို့ Power button ကိုအစားထိုးသုံးလိုက်ပါတယ်။)


Incoming Call တွေအတွက် Full screen, Pop up view အပြင် Mini Pop up ဆိုပြီး display mode ကို ၃ မျိုးပြောင်းလို့ရပါတယ်။ Mini pop up ကိုရွေးပြီး Keep calls in pop up ကို on ထားမယ်ဆို pop up box ကိုအသေးဆုံးအနေအထားနဲ့ စိတ်ကြိုက်နေရာရွှေ့နိုင်ပြီး ဖုန်းပြောရင်းသုံးလက်စ App များကိုဆက်သုံးနိုင်ပါတယ်။ screen on ထားပြီး App တစ်ခုခုသုံးနေမှသာ Pop up view နဲ့ပြမှာဖြစ်ပြီး ပုံမှန်အနေအထားမှာတော့ Full screen view နဲ့ဘဲပြပေးမှာဖြစ်ပါတယ်။

 Dialer App > Call Setting > Call display while using apps မှာပြောင်းလို့ရပါတယ်။  

Silent mode ကို Timer ပေးပြီးထားလို့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Silent လုပ်ထားပြီးပြန်ဖြုတ်ဖို့မေ့သွားလို့ အဝင်ကောတွေလွတ်သွားတာမျိုးမဖြစ်ရတော့ဘူး

Setting > Sounds and vibration > Mute ကို on ပေးပါ။ Timer ပေးချင်ရင် Temporary mute ကိုရွေးပေးပါ။ Custom ကိုရွေးပြီးအချိန်ကိုစိတ်ကြိုက်ထားလို့ရပါတယ်။ 

1. Screen ရဲ့ညာဘက်အပေါ်ထောင့် (အများအားဖြင့် Volume key နေရာ) ကနေအတွင်းကို Swipe လုပ်လိုက်ရင် Edge Panel ထွက်လာပါမယ်။ ဒီမှာနှစ်သက်ရာ App တွေကို Shortcut အနေနဲ့ထုတ်ထားနိုင်ပါတယ်။ Edge Panel မှာ Shortcut ထုတ်ထားတဲ့ App တွေကို Full view အနေနဲ့ ဖွင့်လို့ရသလို Dragging ဆွဲပြီး pop up view အနေနဲ့လည်းဖွင့်နိုင်ပါတယ်။ ဥပမာ Facebook သုံးနေရင်းနဲ့ Calculator တွက်ချင်တာ၊ Note မှတ်ချင်တာတွေဆို သုံးလက်စ App ကိုထွက်စရာမလိုဘဲ Pop up box လေးခေါ်ပြီးအလွယ်သုံးလို့ရပါတယ်။ ဒီနေရာမှာ Galaxy Store ကနေလည်း Edge Panel အသစ်များကို Download လုပ်လို့ရပါတယ်။

Call & Text on other devices

Samsung phone နဲ့ Tablet တွေအချင်းချင်း Samsung account နဲ့ Sync လုပ်ထားပြီး ဖုန်းအဝင်အထွက်ခေါ်ဆိုတာ၊ Message ပို့တာတွေကို ကြိုက်တဲ့ device ကနေလုပ်လို့ရပါတယ်။ ဖုန်းလာရင် Tablet ကနေကိုင်လို့ရသလို Tablet နဲ့ပြောနေရင်း phone ကိုလွှဲပြောင်းလို့လည်းရပါတယ်။ တူညီတဲ့ Samsung account ကိုတော့နှစ်ခုလုံးမှာဝင်ထားပြီး Setting > Advanced features မှာ Call & Text on other devices ကို On ထားပေးရပါမယ်။

Split screen view နဲ့ screen ကိုနှစ်ခြမ်းခွဲပြီး App နှစ်ခုကိုတစ်ပြိုင်တည်းသုံးလို့ရသလို Pop up view (Multi window) ကနေလည်းဖုန်း screen ဆန့်သလောက် ‌App အများအပြားကိုတစ်ပြိင်တည်းသုံးလို့ရပါတယ်။ Multitasking ကိုဖွင့်ပြီး App icon ကိုနှိပ်ပြီး Split screen view နဲ့ Pop up view များကိုပြောင်းလို့ရပါတယ်။

Focus Mode

အလုပ်ချိန်တွေဖုန်းသုံးရတာအနှောက်အယှက်မဖြစ်ဘဲ ကိုယ်တိုင်စိတ်ကြိုက်သတ်မှတ်ထားတဲ့ App တွေဘဲသုံးလို့ရအောင် Focus mode ဖွင့်ထားလို့ရပါတယ်။ အမှန်တကယ်လိုအပ်တဲ့ System app အချို့နဲ့ Focus mode ထဲထည့်ထားတဲ့ App တွေဘဲသုံးလို့ရမှာပါ။ အခြား App တွေနဲ့ပတ်သတ်တဲ့ Notification လည်းတက်တော့မှာမဟုတ်ပါဘူး။ Focus mode ကိုပြန်ပိတ်တဲ့ချိန်ကျမှလွတ်သွားတဲ့ Noti တွေကိုပြန်ပြီးဖော်ပြပေးပါတယ်။ ချွင်းချက်အနေနဲ့ Dual Messenger နဲ့ပွားသုံးထားတဲ့ Second Copy App တွေကတော့ဆက်သုံးလို့ရပါတယ်။

Setting > Digital Wellbeing and parental controls > Focus Mode


Wind Down

အိပ်ချိန်၊ ထချိန်တွေကိုသတ်မှတ်ထားနိုင်ပြီး သတ်မှတ်ထားတဲ့ညအိပ်ချိန်ရောက်တာနဲ့ Screen ကို Black & White ပြောင်းပေးပြီး Do not Disturb mode ကိုပါဖွင့်ပေးပါတယ်။ ညအိပ်ချိန်တွေမှာ Noti တွေအကုန်လုံးကို Mute လုပ်ပေးပါတယ်။

 အိပ်ယာထဲမှာတရေးနိုးဖုန်းသုံးဖြစ်ရင်လည်း မျက်စိထိခိုက်မှုကို အနည်းဆုံးဖြစ်စေမှာပါ။ Setting > Digital Wellbeing and parental controls > Wind Down

ဖုန်း Ringtone သံတွေကိုပါ Mute လုပ်ပေးမှာဖြစ်လို့ ညအိပ်ချိန်တွေဖုန်းသံကိုတော့ဖွင့်ထားချင်ရင် Setting > Notifications > Do not disturb > Allow exceptions မှာ Contacts only, Favorite contacts only ဖြစ်ဖြစ် All ကိုလည်းရွေးလို့ရပါတယ်။

Social App တွေကိုနှစ်ခုပွားသုံးလို့ရပါတယ်။ အထူးသဖြင့် Facebook နှစ်ကောင့်တပြိုင်တည်းသုံးချင်တဲ့သူတွေ၊ ဖုန်းတစ်လုံးတည်းမှာ Viber နှစ်ခုဖွင့်ချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။ Setting > Advanced Features > Dual Messenger မှာကြိုက်တဲ့ App ကိုရွေးပေးရုံပါဘဲ။ Support လုပ်တဲ့ Social App တွေဘဲရပါတယ်။ Facebook ၃ ကောင့် သုံးချင်ရင်တော့ နံပါတ် ၁၅ မှာရှိပါတယ်။


Notification Reminder

စာတွေရောက်တာမေ့ပြီးမကြည့်ဖြစ်သေးရင် နောက်တစ်ကြိမ်ပြန်ပြီး Remind လုပ်ပေးတာပါ။ Setting > Accessibility > Advanced Setting မှာ Notification reminder ကို On ပေးပါ။ Default အနေနဲ့ Phone နဲ့ Message ဘဲပါပေမယ့် ကြိုက်တဲ့ App တွေရွေးလို့ရပါတယ်။ 


Built in ပါတဲ့ Video Player မှာ ဘယ်ဘက်က လေးထောင့်နှစ်ထပ်ကိုနှိပ်လိုက်ရင် Pop up Player (Picture in picture) အနေနဲ့ Home screen ကိုထွက်ပြီးဖြစ်စေ အခြား App များသုံးနေရင်းနဲ့ဖြစ်စေ video ကြည့်နိုင်ပါတယ်။ Third Party Video player တွေနဲ့ကြည့်ရင်လည်း Picture in picture mode Support လုပ်တဲ့ Player ဆိုရပါတယ်။


Screenshot ရိုက်ပြီးတာနဲ့ အလွယ်တကူ edit လုပ်နိုင်မယ်၊ Crop လုပ်နိုင်မယ်၊ screenshot အရှည်ရိုက်နိုင်မယ်၊ တစ်ခါတည်း social network တွေပေါ် share လို့ရနိုင်တဲ့ Screen shot tool bar ကို default အနေနဲ့ထည့်ပေးထားပါတယ်။ မကြိုက်ဘူးဆိုရင် Setting > Advanced Features > Screenshots and screen recorder > Screenshot toolbar ကိုပိတ်ထားလို့ရပါတယ်။


Privacy ကိုအလေးထားတဲ့သူတစ်ယောက်ဆိုရင်တော့ Secure Folder လေးကလည်းအသုံးဝင်မှာပါ။ ကိုယ့်ရဲ့အရေးကြီးတဲ့ Data file တွေကိုဒီ App ထဲဝှက်ထားနိုင်ရုံသာမက Application တွေကိုပါဒီထဲမှာ Copy အနေနဲ့ပွားပြီးသုံးနိုင်ပါတယ်။ ဥပမာ Facebook App ကို Secure Folder ထဲထည့်ထားမယ်ဆို အပြင်မှာ Facebook နှစ်ခုအပြင် ဒီထဲမှာပါနောက်တစ်ခု စုစုပေါင်း Facebook account ၃ ခုတစ်ပြိုင်တည်းသုံးလို့ရပါတယ်။ Secure folder ထဲက Facebook ကိုတော့ Password or Fingerprint နဲ့ unlock လုပ်ပြီးမှကြည့်လို့ရမှာပါ။ ဒီ Secure Folder ကိုလည်းနာမည်နဲ့ Icon တွေကိုစိတ်ကြိုက်ပြောင်းလို့ရသလို App icon ကိုလည်းလုံးဝဖျောက်ထားလို့ရပါသေးတယ်။



Third Party App တွေမလိုဘဲ GIF file တွေအလွယ်ဆုံးလုပ်လို့ရပါတယ်။ Facebook က video တစ်ခုကိုကြည့်နေရင်းနဲ့ဘယ်မှထွက်စရာမလိုဘဲ Edge Panels ကနေ Smart Select Panel မှာရှိတဲ့ Animation ကိုရွေးပေးပါ။ လုပ်ချင်တဲ့နေရာ Crop ပြီး Record လုပ်ရုံပါဘဲ။

Screen ကို awake လုပ်ဖို့အတွက် Side key ကိုနှိပ်လို့ရသလို Lift to wake, Double tap to wake တွေလည်းပါပါတယ်။ Lift to wake ကဖုန်းကိုကောက်ကိုင်လိုက်တာနဲ့ screen က auto ပွင့်လာမှာဖြစ်ပါတယ်။ Setting > Advanced Features > Motions and gesture မှာစိတ်ကြိုက်ပြင်လို့ရပါတယ်။


Screen off ပြီးဘယ်လောက်ကြာရင် ဖုန်းကို Lock ချမလဲစိတ်ကြိုက်ရွေးလို့ရပါတယ်။ Setting > Lock Screen > Secure lock setting > lock automatically မှာရွေးလို့ရပါတယ်။ Side key နဲ့ lock လုပ်ရင်တော့ချက်ချင်း lock ကျသွားမှာပါ။ ဒါလည်းမကြိုက်ရင်ပိတ်ထားလို့ရပါတယ်။ 

Theme တွေ System App icon တွေကို Galaxy Store မှာ Download ဆွဲပြီးပြောင်းလို့ရပါတယ်။ Free တွေရှိသလို Paid တွေကိုလည်း Samsung account ကို Visa card နဲ့ချိတ်ပြီးဝယ်လို့ရပါတယ်။ 


Link to Windows ဆိုတဲ့ Feature ကနေ Samsung ဖုန်းနဲ့ Windows Computer များကို Synchronize လုပ်နိုင်ပါတယ်။ ဖုန်းထဲက Photo များ၊ Notification များကို PC ကနေကြည့်နိုင်ပါတယ်၊ ဖုန်းခေါ်ခြင်း message ပို့ခြင်းတို့အပြင် ဖုန်းထဲက App များကိုလည်း PC ပေါ်မှာသုံးလို့ရပါတယ်။ ထို့ပြင် PC မှာ Text များကို Copy လုပ်ပြီးဖုန်းထဲမှာ Paste လုပ်နိုင်ပါတယ်။ အပြန်အလှန်ဘဲဖုန်းထဲမှာစာသားများကို Copy လုပ်ပြီး PC မှာ Paste လုပ်လိုက်ရုံနဲ့ရောက်လာမှာပါ။ PC က link များကိုလည်း Right click နဲ့ Send to Samsung phone ကနေအလွယ်ဘူဆုံးပို့နိုင်သလို ဖုန်းနဲ့ကြည့်လက်စ YouTube video များကိုလည်း Share ကနေ Continue on PC ကိုရွေးပေးလိုက်ရုံနဲ့ PC က Microsoft Edge မှာ Auto ပွင့်လာမှာပါ။

Link to windows ကို Set up လုပ်ပုံကတော့ ဖုန်းထဲက Quick panel မှာ Link to windows ကိုဖွင့်ပေးပါ။ ပြီးရင် PC က Browser မှာ http://www.aka.ms/linkphone link ကိုဝင်ပေးပါ။ ပြီးရင်ဖုန်းကနေ QR code ကို scanner ဖတ်ပေးရင်ရပါပြီ။ ချိတ်ပြီးရင် PC မှာ Microsoft Store ကနေ Your Phone app ကိုဒေါင်းပြီးသုံးလို့ရပါပြီ။ Microsoft account ရှိဖို့လိုပါတယ်။

Wallpaper ကို Auto change ချင်ရင် Setting > Lock Screen > Wallpaper services မှာ Dynamic Lock Screen ကိုရွေးလို့ရပါတယ်။ Screen တစ်ခါဖွင့်ရင်တစ်မျိုးပြောင်းနေမှာဖြစ်ပါတယ်။

Clock Style နှင့် Font color များကိုလည်းစိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ Setting > Lock Screen > Clock Style မှာ Lock Screen နှင့် Always on Display နှစ်မျိုးလုံးအတွက်ပြောင်းလို့ရပါတယ်။

Auto Restart

ဖုန်းကိုဘယ်တော့မှပိတ်လေ့မရှိတဲ့သူတွေအတွက် Auto Restart ကိုလည်း Schedule နဲ့လုပ်ခိုင်းလို့ရပါတယ်။

Setting > Device Care > Advanced > Auto Restart 


Navigation Bar ကိုလည်း ၃ မျိုးပြောင်းသုံးလို့ရပါတယ်။ သမားရိုးကျ Home, Back, Multitasking Button တွေအပြင် Full Screen Gesture နှစ်မျိုးလည်းသုံးလို့ရပါတယ်။ Swipe from sides and bottom ကတော့ One handed နဲ့သုံးရတာအဆင်အပြေဆုံးပါ။


Live Transcribe

ပါးစပ်ကပြောတဲ့စကားတွေကို စာသားအဖြစ်ပြောင်းလဲဖော်ပြပေးပါတယ်။ ဘာသာစကားတော်တော်များများရပြီး မြန်မာလိုပါရပါတယ်။ စမ်းကြည့်သလောက်မြန်မာလိုပြောတာတောင်တော်တော်လေးအဆင်ပြေပါတယ် 90 % ကျော်မှန်အောင်ဖော်ပြပေးနိုင်ပါတယ်။ သီချင်းတို့ ဖုန်းထဲက video တို့တော့အဆင်မပြေဘဲ ပါးစပ်နဲ့ပြောတဲ့စကားတွေကိုဘဲ အနီးစပ်ဆုံးစာသားအနေနဲ့ဖော်ပြပေးနိုင်ပါတယ်။ စာရိုက်ရပျင်းတဲ့သူတွေအတွက်တော်တော်အဆင်ပြေပါတယ်။

Live Transcribe ကို Set up လုပ်ဖို့အတွက် Setting > Accessibility > Hearing Enhancements > Live Transcribe ကို On ပေးရပါမယ်။ App ကို Home screen ပေါ်မှာထုတ်ထားနိုင်သလို Full screen gesture သုံးရင် လက်နှစ်ချောင်းနဲ့ Home ကနေ Swipe up လုပ်ပြီးလည်း Shortcut အနေနဲ့ခေါ်လို့ရပါတယ်။  


Live Caption

YouTube မှာလိုမျိုး video တွေကြည့်တဲ့ချိန်မှာ auto စာတန်းထိုးပေးတာပါ။ ဖုန်းထဲက local video တွေအပါအဝင်ဘယ် app မှာမဆိုရပြီး offline သုံးလို့ရပါတယ်။ လောလောဆယ်တော့ English တစ်မျိုးဘဲရပါသေးတယ်။

Setting > Accessibility > Hearing enhancements > Live Caption (Volume control ကနေလည်းအလွယ် on/off လုပ်လို့ရပါတယ်)


Emergency Mode

 ဖုန်းအားအရမ်းနည်းနေတဲ့အချိန်တွေမှာ အရေးပေါ်သုံးနိုင်ဖို့ Battery stand by time ကိုအကြာရှည်ဆုံးဖြစ်အောင်စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ Emergency mode ကို On လိုက်မယ်ဆို Home screen wallpaper က battery စားသက်သာအောင် black screen အဖြစ်ပြောင်းလဲပေးပါမယ်။ အရေးပေါ်ဖုန်းခေါ်ဆိုခြင်း Flash light , Emergency alarm များကိုသာအဓိကသုံးနိုင်မှာပါ။ Mobile data ဖွင့်လို့ရပေမယ့် Facebook, Google Maps နှင့်အခြားခွင့်ပြုထားတဲ့ App အချို့သာသုံးလို့ရပါမယ်။ Fingerprint တို့လို Biometric နဲ့ unlock လုပ်တာလည်းရတော့မှာမဟုတ်ဘဲ Pin နဲ့ဘဲဖွင့်ရပါမယ်။

 Emergency mode on ဖို့ Side key (Power button) ကို Press and hold လုပ်ပြီး Power option mode ခေါ်ပါ။ Power off, Restart, Lockdown mode တို့နဲ့အတူ Emergency mode ကိုအလွယ်တကူဝင်နိုင်ပါတယ်။ (Side key ကို Bixby mode ရွေးထားရင် Volume down key နှင့်တွဲသုံးပြီး Power menu ဝင်ရပါမယ်) 


Wireless Power Share

ဖုန်းထဲကအားကို Wireless charging ရတဲ့ဖုန်း၊ Earbuds, Smart watch တွေကိုပြန်ပြီး Share ပေးတာပါ။ S10 နှင့်အထက် Flagship တွေဘဲရပါတယ်။

Quick Panels မှာ Wireless Power Share ကိုဖွင့်ပြီးအားသွင်းလို့ရပါပြီ။


App Hide

Application တွေကို Home Screen နဲ့ App drawer မှာ Hide လုပ်လို့ရပါတယ်။ Finder ကနေရှာမှတွေ့မှာပါ။

Setting > Display > Home Screen > Hide apps 


Auto Call Record

Call Recorder built in ပါဝင်ပါတယ်။ Auto record လည်းလုပ်နိုင်ပြီး ဖုန်းအားလုံးကိုလုပ်ချင်လား၊ Contact ထဲမှာမမှတ်ထားတဲ့ ဖုန်းကောတွေကိုဘဲလုပ်ချင်လား ဒါမှမဟုတ်သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကိုဘဲ auto record လုပ်ချင်လားစိတ်ကြိုက်ရွေးလို့ရပါတယ်။

Call Setting > Recording calls > Auto recording

Back up
ဖုန်း Reset ချမှာမို့ဘဲဖြစ်ဖြစ် ဖုန်းအသစ်လဲမှာမို့ဘဲဖြစ်ဖြစ် Google account မှာ Backup မရတဲ့ Data များကို Samsung account နဲ့ Backup လုပ်ထားနိုင်ပါတယ်။ ဖုန်းထဲက Application တွေ၊ Call log နဲ့ SMS တွေ၊ Device ထဲမှာမှတ်ထားတဲ့ Contact တွေ၊ သတ်မှတ်ထားတဲ့ Setting တွေ၊ Fingerprint, Face lock, ချိတ်ထားတဲ့ Wifi network နဲ့ Bluetooth device တွေကစ Wallpaper အဆုံးအရင်ပုံစံအတိုင်းပြန်ရမှာဖြစ်ပါတယ်။ App တွေကို Home screen မှာ Shortcut ထုတ်ထားတာကစ အရင်အတိုင်းပြန်ရပါမယ် အကောင့်တွေတော့အကုန်ပြန်ဝင်ရပါမယ် ။ Samsung Cloud မှာသိမ်းထားပေးတာဖြစ်လို့ Samsung ဖုန်းအချင်းချင်းဘဲရပါမယ်။

Setting > General > Management > Samsung Account > Backup > Samsung account

 အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။

Swan Htet Paing 





Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison