iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)



အခုခေတ်မှာဖုန်းပျောက်သွားလို့ဖုန်းနံပါတ်တွေပြန်တောင်းရတယ်ဆိုတာမရှိသင့်တော့ပါဘူး။ ကျွန်တော်တို့သုံးနေကြတာ Smartphone တွေဖြစ်လို့ Smart ဖြစ်အောင်သုံးဖို့လိုပါတယ်။ ဖုန်းတွေလည်းမကြာခဏလဲကိုင်နေကြသလို ဖုန်းနှစ်လုံးလောက်သုံးနေကြတာမို့

အရင်ဆုံးလိုအပ်တဲ့ App အရင်ဒေါင်းပေးပါ။

https://apps.apple.com/us/app/contacts-sync-for-google-gmail/id454390333




Gmail account ထဲ Export လုပ်မှာဖြစ်လို့ Sign in to Google မှာ Gmail account ထည့်ပေးပါ။ ပြီးရင် Sync လုပ်ပေးပါ။ 




ဒါဆိုရင်တော့ Phone Contact တွေအကုန် Google Account ထဲရောက်သွားပါပြီ။ ပြီးရင် Andriod ဖုန်းမှာခုန Google Account ကို Sign in ဝင်ပေးပါ (ဝင်ထားပြီးသားဆိုမလိုပါဘူး)။ Account Sync မှာ Contact ကို on ထားပေးပါ။ ဒါဆိုရင် iPhone ထဲက phone contact တွေအကုန်လုံး Andriod ဖုန်းထဲရောက်လာပါပြီ။




အသစ်သွင်းမယ့် Contact  တွေကိုလည်း Google account ထဲဝင်ဖို့ iPhone မှာ Google account မဝင်ရသေးရင် Setting > Password & Accounts ကနေဝင်ပေးပါ (Contact ကို On ထားပေးပါ)။ အသစ်သွင်းမယ့် Contact တွေ Gmail  account ထဲဝင်အောင် Setting > Contacts > Default account မှာ Gmail ကိုရွေးပေးပါ (Gmail account တစ်ခုထက်ပိုနေရင် ကိုယ်ထားချင်တဲ့ account ကိုရွေးပေးပါ)။ 



Andriod ဖုန်းမှာတော့ Contact မှတ်တဲ့အချိန်ကြိုက်တဲ့ Account ကိုရွေးပေးလို့ရပါတယ်။ 


ဒါဆိုနောက်မှတ်မယ့် Contact တွေအကုန် Gmail account ထဲရောက်သွားပြီးဖြစ်လို့ ဘယ်ဖုန်းမှာဘဲမှတ်မှတ် နှစ်ဘက်လုံးမှာ Sync ဖြစ်သွားပြီဖြစ်သလို ဖုန်းအသစ်လဲမယ်ဆိုလည်း Google account လေး Sign in ဝင်လိုက်ရုံပါဘဲ။

Swan Htet Paing 


Popular posts from this blog

Classification of cars

Samsung One UI Tips & Tricks