Difference between AirPods 2 & AirPods Pro

No photo description available.


AirPods တွေဈေးကျသွားတော့ဝယ်ချင်တဲ့သူတွေအတွက် ဘာဝယ်ရမလဲဆိုတာရွေးချယ်လို့ရအောင် AirPods 2 နဲ့ AirPods Pro ရဲ့ကွာခြားချက်‌လေးတွေတင်ဆက်ပေးလိုက်ပါတယ် ဒီနှစ်ခုမှာ အဓိကကွာသွားတာက Design, Control တွေရယ် Noise Cancelling ပါတာနဲ့မပါတာ၊ Water Resistant ပါတာနဲ့မပါတာတွေပါ။ နှစ်ခုလုံးမှာ Apple H1 Chip ကိုသုံးထားပေးတာကြောင့် First Generation မှာသုံးထားတဲ့ W1 ထက်စာရင် ချိတ်ဆက်တာအများကြီးမြန်ဆန်လာပါပြီ။


Apple AirPods Pro Vs AirPods: What's The Difference?

Price

AirPods 2 က Wireless Charging case နဲ့ဆို ၂၅၀၀၀၀ ဝန်းကျင် ဖြစ်ပြီး Standard Charging Case နဲ့ဆို ၂၂၀၀၀၀ ဝန်းကျင်ပါ။ ဈေးမကွာလို့ Wireless ပါတာဘဲဝယ်စေချင်ပါတယ် မသုံးဖြစ်ရင်တောင် နောက်လာမယ့် iPhone တွေမှာ မတော်တဆ Reverse Wireless Charging ပါလာခဲ့ရင် ဖုန်းကနေအလွယ်တကူသွင်းလို့ရတာပေါ့။ AirPods Pro မှာတော့ Wireless Charging Case နဲ့တစ်မျိုးတည်းလာပါတယ် ဈေးက ၃၅၀၀၀၀ ဝန်းကျင်ပါ။


Mike Rundle on Twitter: "The killer feature of the AirPods Pro is ...

Design

AirPods 2 က Earpod ကိုကြိုးဖြတ်ထားတဲ့ Design လိုဖြစ်နေလို့ ကျွန်တော်ကတော့ပိုပြီး Premium ဆန်တယ်လို့ခံစားရတဲ့ AirPods Pro ကိုတော့ပိုကြိုက်တယ်။ Pro မှာ silicon ear tips size ၃ မျိုးထည့်ထားပေးတာကြောင့် ကိုယ်နဲ့မတော်မှာလည်း စိုးရိန်စရာမလိုတော့ပါဘူး။


AirPods Pro - Worthy Upgrade from AirPods 2? - Podfeet Podcasts


IP Rating

AirPods Pro မှာ IPX4 ပါဝင်တာကြောင့် ‌ရေနဲ့ချွေးအနည်းငယ်အစိုခံပါတယ်။ AirPods 2 မှာတော့ IP Rating မပါပါဘူး။


Connect and use your AirPods and AirPods Pro - Apple SupportConnect and use your AirPods and AirPods Pro - Apple Support

Controls

AirPods 2 မှာ Control က Double tap တစ်မျိုးဘဲရတယ် Siri, Next, Previous, Play/Pause တွေထဲက ကြိုက်တဲ့ဟာကို တစ်ဘက်တစ်မျိုးစီဘဲ စိတ်ကြိုက်ရွေးပြီးထားလို့ရပါတယ်။ AirPods Pro မှာကျတော့ Tap လုပ်ရတာမဟုတ်ဘဲ Click ဖြစ်သွားတယ် ညှစ်ရတာပေါ့။ Single Click ဆို Play/Pause, Double Click ဆို Next, Triple Click ဆို Previous, ဖိထားရင်တော့ Noise cancelling on/off နဲ့ Siri ခေါ်တာ Setting ထဲမှာကြိုက်တာရွေးလို့ရတယ်။


Strong demand will result in Apple AirPods shipments rising 100 ...

Noise Cancelling

Noise cancelling ကလည်း Pro မှာဘဲပါတယ် On, off, transparency ကြိုက်တာထားလို့ရတယ်။ Off ထားရင်ပုံမှန်၊ On ထားရင်တော့ အပြင်ကဆူညံသံတွေမကြားရတော့ဘူး။ Transparency ထားရင်တော့ အပြင်သံတွေကောင်းကောင်းကြားရမယ်။ ပြင်ပကိုအာရုံစိုက်ဖို့လိုအပ်တဲ့ချိန်တွေမှာအသုံးဝင်ပါတယ်။


The New Apple AirPod Earbuds Have Noise Cancellation :: WRAL.com

Audio

AirPods Pro မှာ Noise cancelling နဲ့ Adaptive EQ များပါဝင်တာကြောင့် ပိုပြီး impressive ဖြစ်တဲ့ sound quality ရနိုင်ပါမယ်။


Here's why your AirPods battery life is getting worse, and what ...

Battery Life

AirPods Pro မှာဖုန်းပြောရင် ၃ နာရီခွဲခံမှာဖြစ်ပြီး သီချင်းနားထောင်ရင်တော့ ၄ နာရီခွဲအသုံးခံပါမယ်။ Apple ရဲ့အဆိုအရ Noise cancelling ပိတ်ပြီးသုံးရင် ၅ နာရီအထိခံမယ်လို့ဆိုပါတယ်။ AirPods 2 မှာတော့ ဖုန်းပြောရင် ၃ နာရီနဲ့သီချင်းနာထောင်ရင် ၅ နာရီခံမယ်လို့ဆိုတာကြောင့် မတိမ်းမယိမ်းပါဘဲ။ AirPods ကနေအားကုန်သွားရင် Charging case ထဲ ၁၅ မိနစ်ထည့်ထားတာနဲ့ နောက်ထပ် ၃ နာရီသီချင်းနားထောင်နိုင်မှာဖြစ်ပါတယ်။

AirPods ဝယ်မယ့်သူတွေအတွက်အနည်းနဲ့အများအထောက်အကူဖြစ်မယ်ထင်ပါတယ်။

Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison