Posts

Showing posts with the label Throwback Memories

ကမ္ဘာ့ပထမဆုံးTouch Screen Phone

Image
ကမ္ဘာပေါ်မှာပထမဆုံးသော Touch Screen Phone ကတော့ 1992 ကထုတ်လုပ်ခဲ့တဲ့ IBM Simon ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာသုံးထားတာ ခေတ်ဟောင်းနည်းပညာဖြစ်တဲ့ Resistive Touchscreen ပါ။ ဒုတိယမျိုးဆက်လို့ခေါ်ရမယ့် Capacitive Touchscreen ဖုန်းတွေကတော့ပေါ်ပေါက်လာတာ ၁၀ စုနှစ်တစ်ခုကျော်ဘဲရှိပါသေးတယ်။ ဒီနှစ်ခုရဲ့အဓိကကွာခြားချက်တွေကတော့  IBM Simon  First Generation ( Resistive Touchscreen) တွေကပိုပြီးအကြမ်းခံပေမယ့် သုံးရတာလေးပါတယ်။ ထိရုံနဲ့မရဘဲ Pressure လိုပါတယ်။ ဒါပေမယ့်အားသာချက်က ဘယ်အရာဝတ္ထုနဲ့မဆို ထိတွေ့လို့ရပါတယ်။ ဟိုးအရင်က ဈေးပေါတဲ့ Java ဖုန်းတွေရဲ့ Touch ကတော်တော်လေးဖိရတယ်ဆိုတာ OS ကြောင့်မဟုတ်ဘဲ သုံးထားတဲ့ Panel ကြောင့်ပါ။ Nokia ရဲ့နာမည်ကျော် N97, 5800 တွေအထိ ခေတ်ဟောင်းနည်းပညာသုံးထားလို့ Touch က Smooth မဖြစ်ပါဘူး။ ( Second Generation) Capacitive Touchscreen တွေကတော့ လက်ရှိဖုန်းအားလုံးမှာသုံးထားတဲ့ နည်းပညာပါ။ သုံးရတာအရမ်းပေါ့ပါးပါတယ်။ Multi Touch လိုလုပ်ဆောင်ချက်တွေကလည်း Capacitive မှာဘဲရပါတယ်။ ဒါပေမယ့်အားနည်းချက်ကတော့ လက်ချောင်းတွေနဲ့ သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Touch Pen...

လူသိနည်းတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းများ

Image
အများသိထားကြသလို iPhone ကပထမဆုံး အင်တာနက်သုံးလို့ရတဲ့ smartphone မဟုတ်ပါဘူး၊ iPhone 5s ကလည်း ပထမဆုံး လက်ဗွေပါတဲ့ဖုန်းမဟုတ်သလို၊ Sony Xperia Z ကလည်း ပထမဆုံးရေစိုခံဖုန်းမဟုတ်ပါဘူး။ iPhone X ကလည်းပထမဆုံး Notch ပါတဲ့ဖုန်းမဟုတ်သလို Nokia ရဲ့နာမည်ကျော် Snake ကလည်း ပထမဆုံး Mobile Game မဟုတ်ပါဘူး။ လူသိနည်းတဲ့ပထမဆုံးဖုန်းတွေအကြောင်းကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ အချို့အရာတွေကတော့ အထောက်အထားမခိုင်လုံလို့ အငြင်းပွားဖွယ်ရှိပါတယ်။  First Telephone : (1876) မြန်မာပြည်အင်္ဂလိပ်လက်အောက် မရောက်ခင် ၁၀ နှစ်အလိုမှာ အနောက်နိုင်ငံမှာ တယ်လီဖုန်းကို အောင်မြင်စွာတီ ထွင်ပြီးသွားပါပြီ First Mobile Phone Motorola: DynaTAC (1983) Motorola က ပထမဆုံး mobile phone ကဒေါ်လာ ၄၀၀၀ တည်းနဲ့ရောင်းခဲ့ပါတယ် သူ့ခေတ်နဲ့သူ့ Innovation နဲ့ဆိုတော်တော်လေးကိုတန်တယ် လို့ပြောလို့ရပါတယ် First Digital Display :  Nokia 1011 (1992) First Smartphone : IBM Simon (1992) Theory အရ Computer System ပါတဲ့ဖုန်းကို Smartphone လို့ခေါ်ပါတယ် First Smart Watch :   Timex Datalink (1994) ...

Android version တွေနဲ့ Code Name များ

Image
Google ကတစ်ချိန်တုန်းက Android version တွေကိုမုန့်နာမည်တွေနဲ့ Code Name တွေပေးခဲ့ပါတယ်။ Android သမိုင်းအစတည်းက version တွေရဲ့ Code name တွေအဖြစ်မုန့်နာမည်တွေကို A ကနေ P အထိအစဉ်လိုက်ပေးခဲ့ပါတယ်။ Android 9 ကို Android Pie လို့ခေါ်ခဲ့သလို   Android 10 ကိုလည်း Beta ထွက်တုန်းက Android Q လို့ခေါ်ခဲ့ပေမယ့် Official ထွက်ရှိလာတဲ့ချိန်မှာတော့    Android 10 လို့ဘဲခေါ်ဖို့တရားဝင်သတ်မှတ်လိုက်ပါတယ်။  ( Q နဲ့စတဲ့မုန့်နာမည်စဉ်းစားမရပုံဘဲ) ။ Android သမိုင်းတစ်လျှောက် A ကနေ P   အထိပေးခဲ့တဲ့ Code Name တွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Apple Pie (Android 1) Banana Bread (Android 1.1) Cup Cake (Android 1.5) Donuts  (Android 1.6) Eclair (Android 2.0) Froyo  (Android 2.2) Ginger Bread (Android 2.3) Honey Corn (Android 3.0) Ice-Cream Sandwich (Android 4.0) Jelly Bean (Android 4.1 to 4.3) Kit Kat (Android 4.4) Lollipop (Android 5) Marshmallow (Android 6) Nougat (Android 7) Oreo (Android 8) Pie (Android 9) Swan Htet Paing

First iPhone vs First Android Phone

Image
ပထမဆုံး iPhone နဲ့ ပထမဆုံး Android ဖုန်းဖြစ်တဲ့ HTC Dream တွေဖြစ်ပါတယ်။  ဒီပုံလေးတွေမြင်မှဘဲ ဘာကြောင့် “ Three Apples Changed the World” လို့တင်စားခေါ်ကြလဲဆိုတာနားလည်သွားတော့တယ်။  (အဓိပ္ပါယ်ကတော့ အာဒမ်ရဲ့ပန်းသီးရယ် နယူတန်ရဲ့ပန်းသီးရယ်ပြီးရင်  Steve Jobs  ရဲ့ ပန်းသီးက ကမ္ဘာကြီးကိုပြောင်းလဲခဲ့တဲ့ တတိယမြောက်ပန်းသီးလို့တင်စားကြတာပါ)။ Three Apples that changed the World  ဒီနှစ်ခုယှဉ်ကြည့်တဲ့အခါ  Design, Build Quality, Performance  တွေက ဆီနဲ့ရေလိုဘဲဘာမှမဆိုင်တာတွေ့ရပါတယ်။  ဒါတောင်ဒီနှစ်ခု နှိုင်းယှဉ်တာမမျှတပါဘူး။  iPhone  က ၂၀၀၇ ဇွန်လမှာထွက်တာဖြစ်ပြီး  HTC Dream or HTC  G1  ကတော့ ၂၀၀၉ ဖေဖော်ဝါရီလမှာထွက်တာဖြစ်ပါတယ်။ ပထမဆုံး  Android  ဖုန်းတွေစထုတ်တဲ့အချိန်မှာ  iPhone  ကတတိယမျိုးဆက် ( iPhone 3Gs)  ထွက်ခါနီးနေပါပြီ။ ဈေးလည်းကွာတယ်ဆိုပေမယ့် ထွက်တဲ့ချိန်လည်း ၂ နှစ်ကွာပါတယ်။        HTC Dream က Touch ကလည်းသိပ်မမိသလို လိုအပ်ချက်တွေလည်းအများကြီးရှိနေတာတွေ့ရပ...