ကမ္ဘာ့ပထမဆုံးTouch Screen Phone


Finger clicks on cell phone display with touch Vector Image

ကမ္ဘာပေါ်မှာပထမဆုံးသော Touch Screen Phone ကတော့ 1992 ကထုတ်လုပ်ခဲ့တဲ့ IBM Simon ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာသုံးထားတာ ခေတ်ဟောင်းနည်းပညာဖြစ်တဲ့ Resistive Touchscreen ပါ။ ဒုတိယမျိုးဆက်လို့ခေါ်ရမယ့် Capacitive Touchscreen ဖုန်းတွေကတော့ပေါ်ပေါက်လာတာ ၁၀ စုနှစ်တစ်ခုကျော်ဘဲရှိပါသေးတယ်။ ဒီနှစ်ခုရဲ့အဓိကကွာခြားချက်တွေကတော့ 
From touch displays to the Surface: A brief history of touchscreen ...
IBM Simon 

First Generation (Resistive Touchscreen) တွေကပိုပြီးအကြမ်းခံပေမယ့် သုံးရတာလေးပါတယ်။ ထိရုံနဲ့မရဘဲ Pressure လိုပါတယ်။ ဒါပေမယ့်အားသာချက်က ဘယ်အရာဝတ္ထုနဲ့မဆို ထိတွေ့လို့ရပါတယ်။ ဟိုးအရင်က ဈေးပေါတဲ့ Java ဖုန်းတွေရဲ့ Touch ကတော်တော်လေးဖိရတယ်ဆိုတာ OS ကြောင့်မဟုတ်ဘဲ သုံးထားတဲ့ Panel ကြောင့်ပါ။ Nokia ရဲ့နာမည်ကျော် N97, 5800 တွေအထိ ခေတ်ဟောင်းနည်းပညာသုံးထားလို့ Touch က Smooth မဖြစ်ပါဘူး။
Mobile Blog :: Capacitive vs Resistive touchscreen

(Second Generation) Capacitive Touchscreen တွေကတော့ လက်ရှိဖုန်းအားလုံးမှာသုံးထားတဲ့ နည်းပညာပါ။ သုံးရတာအရမ်းပေါ့ပါးပါတယ်။ Multi Touch လိုလုပ်ဆောင်ချက်တွေကလည်း Capacitive မှာဘဲရပါတယ်။ ဒါပေမယ့်အားနည်းချက်ကတော့ လက်ချောင်းတွေနဲ့ သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Touch Pen တို့လိုအရာတွေနဲ့ထိတွေ့မှအလုပ်လုပ်ပါတယ်။ Glass screen ဖြစ်လို့ကွဲလွယ်ပါတယ်။ 

Apple iPhone က Mobile Industry တစ်ခုလုံးကို Touchscreen ခေတ်ဖြစ်အောင် ပြောင်းလဲပေးခဲ့တာကြောင့် ပထမဆုံး Touchscreen ဖုန်းလို့အများကထင်မှတ်နေကြပါတယ်။ အမှန်တကယ်တော့ပထမဆုံး Capacitive Touchscreen သုံးထားတဲ့ဖုန်းတွေကို ထုတ်လုပ်ခဲ့တဲ့ Company ကတော့ LG ဖြစ်ပါတယ်။ Nokia နဲ့ Samsung တို့ကလည်းထုတ်လုပ်နိုင်ဖို့ကြိုးစားခဲ့ကြပေမယ့် ဈေးကွက်ထဲမရောက်ခဲ့ပါဘူး။


iPhone 2G Price and Specifications, Features, Pros and Cons

Apple iPhone ကတော့ပထမဆုံး Multitouch function ပါတဲ့ဖုန်းဖြစ်ပါတယ်။ Apple က 2005 ခုနှစ်တည်းက Multi touch ကို Develop လုပ်နေတဲ့ထဲမှာ ရှေ့ဆုံးရောက်နေတဲ့ Fingerworks Company ကိုဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ Multi touch နည်းပညာကို မူပိုင်ခွင့်တင်ဖို့ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

Amazon.com: LG KE850 Prada Unlocked Phone with Touchscreen, 2 MP ...

iPhone မထွက်ခင်တစ်လအလို 2006 December မှာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး LG က အီတလီ Fashion Brand တစ်ခုဖြစ်တဲ့ Prada နဲ့ပေါင်းပြီး LG Prada ဆိုတဲ့ Luxury ဆန်ဆန်ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် Touchscreen ဆိုတာနဲ့ Apple iPhone ကိုသာလူတိုင်းကသတိရကြပြီး LG ကိုတော့အများစုကမေ့လျှော့နေကြပါတယ် ဘာကြောင့်လဲ။ Innovative ဖြစ်တဲ့နည်းပညာတွေနဲ့ တစ်လဘဲခြားပြီးထွက်ရှိလာတဲ့ LG Prada နဲ့ Apple iPhone ကိုနှိုင်းယှဉ်ကြည့်ရအောင် 

LG accuses Apple iPhone of being a 'copycat' of Prada phone ...
Build Quality
iPhone မှာ Metal နဲ့ Glass များသာသုံးပြီးထုတ်ထားတဲ့ချိန်မှာ LG Prada ကတော့ Plastic များကိုသာအများဆုံးသုံးထားခဲ့တာကြောင့် Prada ရဲ့ထုတ်ကုန်တစ်ခုလို့တောင်မခံစားရစေပါဘူး။ Prada ရဲ့အရှိန်အဝါနဲ့ Premium ဖြစ်မယ့်ဖုန်းတစ်လုံးလို့အများကမျှော်လင့်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ Designer နာမည်ရေးထားပေးပေမယ့် Designer Quality တော့မဟုတ်ခဲ့ပါဘူး။ 

Apple iPhone vs LG Prada: separated at birth? (part 2) | Engadget

Specifications
LG Prada မှာတော့ Internal Storage 8 MB သာပါဝင်ပြီး Micro SD Card 2 GB အထိစိုက်လို့ရပါတယ် (256 MB SD Card out of the box ပါဝင်ပါတယ်) ။ ဒါပေမယ့် iPhone မှာ Storage 4 GB နဲ့ 8 GB နှစ်မျိုးရွေးချယ်နိုင်ပါတယ် (နောက်တစ်နှစ်မှာ 16 GB version ကိုပါထပ်ထုတ်ခဲ့ပါတယ်) ။ LG Prada မှာ Bluetooth 2.0 ပါဝင်ခဲ့ပေမယ့် 2004 ခုနှစ်တည်းက ဖုန်းတွေမှာပါဝင်လာပြီဖြစ်တဲ့ WIFI တော့ပါဝင်ခဲ့ခြင်းမရှိပါဘူး။ iPhone မှာတော့ WIFI ရော Bluetooth 2.0 ရောပါဝင်ခဲ့ပါတယ်။ iPhone Bluetooth ကတော့ Wireless Headset များချိတ်ဆက်ဖို့သာဖြစ်ပြီး Data Transfer မရပါဘူး။ Battery အနေနဲ့လည်း LG Prada မှာ 800 mAh သာပါဝင်ခဲ့တဲ့ချိန်မှာ iPhone ကတော့ နှစ်ဆလောက်ကြီးတဲ့ 1400 mAh သုံးထားပေးပါတယ်။ 


LG Prada (KE850) Mobile Phone (Page 3 [Camera and Sample Photos ...



Camera
LG Prada မှာ 2.0 Megapixel Camera နဲ့ Flash Light ပါဝင်ခဲ့ပါတယ်။ Selfie Camera တော့ပါဝင်ခဲ့ခြင်းမရှိပေမယ့် Selfie ရိုက်ကူးနိုင်အောင် Main Camera ဘေးမှာ Mirror အသေးလေးတပ်ဆင်ထားပေးပါတယ်။ ထို့ပြင် Video ပါရိုက်ကူးနိုင်ပါတယ်။ သူ့မှာပါတဲ့ Camera software ကလည်းတော်တော်လေးအားရကျေနပ်ဖို့ကောင်းပါတယ်။ Camera ရဲ့ Advanced setting ကနေလည်း Lighting များရွေးချယ်နိုင်ခြင်း၊ Focus များကို Auto / Manual ပြောင်းလဲနိုင်သလို Filter များလည်းပေါင်းထည့်နိုင်ပါတယ်။ Video ပိုင်းမှာတော့ အရမ်းကြီးအားရဖို့မကောင်းပေမယ့် Resolution, Digital Zoom, Flash on/off အစရှိတဲ့  Option များရွေးချယ်နိုင်ပါတယ်။ LG Prada မှာအားရစရာအကောင်းဆုံးကတော့ သူ့မှာသုံးထားတဲ့ Camera ကအဲ့ဒီခေတ်ကထိပ်တန်းအဆင့်ရှိခဲ့ပါတယ်။ နမူနာပုံတွေပါဖော်ပြပေးလိုက်ပါတယ်။ 

 
 Photo credit Android Authority 

ဒါတွေအကုန်လုံး iPhone မှာတစ်ခုမှမပါပါဘူး။ Camera App ကိုဖွင့်လိုက်ရင် ဓာတ်ပုံရိုက်ဖို့ Shutter Button တစ်ခုတွေ့ရပါမယ်။ ပြီးတော့.... ဒါအကုန်ပါဘဲ။ iPhone မှာ Selfie Camera မပါ၊ Flash Light မပါ၊ Video လည်းရိုက်လို့မရ၊ Zoom ဆွဲလို့လည်းမရသလို အခြား Camera Setting တွေလည်းဘာတစ်ခုမှမပါပါဘူး။ ဓာတ်ပုံရိုက်တာကလွဲလို့ဘာမှလုပ်မရပါဘူး။

User Interface
 2006 ခုနှစ်က Android မမွေးသေးပါဘူး ဒီတော့ LG Prada မှာ Run ထားတာလည်း Android OS မဟုတ်ဘဲ Flash UI ဖြစ်ပါတယ် အချို့က Prada UI လို့လည်းခေါ်ပါတယ်။ ဒီဖုန်းမထွက်ခင်က capacitive touchscreen သုံးထားတဲ့ဖုန်းတွေ ကမ္ဘာမှာမရှိသေးပါဘူး။ ဒါကြောင့် Touchscreen ကို Optimize လုပ်နိုင်တဲ့ Operating System လည်းမရှိသေးတာကြောင့် LG Prada က Keypad ဖုန်းတစ်လုံးကို Touchscreen သုံးထားသလိုသာဖြစ်နေခဲ့ပါတယ်။ 


LG Prada T9 Keyboard
ဥပမာတစ်ခုပြောရမယ်ဆို LG Prada မှာစာရိုက်ဖို့ Keypad Phone များမှာသုံးတဲ့ T9 Keyboard သာပါဝင်ခဲ့ပါတယ်။ T9 Keyboard ဆိုတာတော့ Keypad phone သုံးဖူးတဲ့သူတွေသိပါတယ် Numpad 0-9 ကနေ A-Z များရိုက်နိုင်တဲ့စနစ်ပါ။ 2 ကိုတစ်ချက်နှိပ်ရင် A, နှစ်ချက်နှိပ်ရင် B ဆိုပြီးရိုက်ရတာပါ။ Keypad ဖုန်းကို Touch Input method ထည့်ပေးထားရုံသာရှိပြီး Touchscreen ဖုန်းတစ်လုံးလို့မခံစားရစေပါဘူး။ 
Přesně před 11 lety vyšla jedna z prvních recenzí na iPhone 2G ...
Apple iPhone QWERTY Keyboard
ဒါပေမယ့် iPhone မှာတော့ Touchscreen Smartphone တွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ ကိုယ်ပိုင် Operating System သစ်နဲ့ပွဲထွက်လာခဲ့ပါတယ်။ mac OS ကိုအခြေခံထားတဲ့ iPhone OS မှာ QWERTY Keyboard လို့ခေါ်တဲ့ ကွန်ပျူတာလက်ကွက်ကို အခြေခံထားတဲ့ on screen Keyboard ပါဝင်လာခဲ့ပါတယ်။  စာရိုက်စနစ်တစ်ခုနဲ့တင် LG Prada ကိုကျောက်ခေတ်ကဖုန်းတစ်လုံး ဖြစ်သွားစေပါတယ်။ ဒါကဥပမာတစ်ခုဘဲရှိပါသေးတယ် iPhone OS က Prada UI ထက်ဘက်ပေါင်းစုံမှာအသာရနေပါတယ်။ ဥပမာ Web Browser ကို feature စုံသုံးနိုင်ခြင်း၊ Multi Touch ပါရလို့ Zoom in/out လုပ်နိုင်ခြင်း၊ YouTube, Google Maps များ Built in ပါဝင်လာခြင်း အစရှိသည့် Premium feature များစွာနဲ့ ခေတ်ရှေ့ပြေးတဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ LG အနေနဲ့အခြားနေရာများတွင် ယှဉ်နိုင်ခဲ့သော်လည်း UI ပိုင်းမှာတော့အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။ 

Price
အထက်မှာတင်ပြခဲ့တဲ့သလိုဘဲ Apple iPhone က LG Prada နဲ့ယှဉ်ရင်  (Camera ပိုင်းကလွဲလို့) Premium ဆန်တဲ့ Built Quality နဲ့ပိုမိုကောင်းမွန်တဲ့ Specification တွေနဲ့အဆင့်မြင့်တဲ့ Software တွေပါဝင်တာကြောင့် iPhone ကိုပိုပြီးဈေးကြီးမယ်လို့ ထင်ရင်တော့မှားသွားပါလိမ့်မယ်။ Apple iPhone က Base model Storage 4 GB ကို $499, 8 GB ကို $599 နဲ့ရောင်းတဲ့ချိန်မှာ LG Prada ဈေးက $850 ရှိပါတယ်။ iPhone ဈေးရဲ့နှစ်ဆနီးပါးဖြစ်ပါတယ်။ 

Pre-loved LG Prada KE850, Mobile Phones & Tablets, Others on Carousell

LG Prada မှာ Premium မဆန်တဲ့ Plastic Body နဲ့ out of date ဖြစ်နေတဲ့ Software ကိုသုံးထားပေမယ့် Luxury ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ Prada ရဲ့အငွေ့အသက်တွေတော့ ပါဝင်နေပါတယ်။ သူ့ရဲ့ Packing ကို Prada နာရီတွေရဲ့ Premium ဆန်တဲ့ Box သုံးထားပေးသလို ဖုန်းထည့်ဖို့ Prada Leather Case လေးတစ်ခုလည်းပါဝင်ပါသေးတယ်။ 
LG PRADA KE850 Phone Review - PhoneArena
အမှန်တကယ်တော့ Apple iPhone နဲ့ LG Prada ဆိုတာ Theme ချင်းလည်းလုံးဝမတူတာကြောင့် နှိုင်းယှဉ်စရာတော့မဟုတ်ပါဘူး။ iPhone က Next level Smartphone တစ်လုံးဖြစ်ပြီး LG Prada က Innovative နည်းပညာတွေသုံးထားတဲ့ Luxury ဆန်တဲ့ Feature Phone တစ်လုံးသာဖြစ်ပါတယ်။ ဒါပေမယ့်တစ်ပြိုင်တည်းထွက်ခဲ့တဲ့ ပထမဆုံးသော Capacitive Touchscreen ဖုန်းတွေအကြောင်း Throwback အနေနဲ့တင်ဆက်ပေးခြင်းသာဖြစ်ပါတယ်။

LG က Capacitive Touchscreen တွေကိုပထမဆုံးထုတ်ခဲ့သလိုဘဲ 18:9 Screen ratio ကိုလည်း LG G6 က 2017 ခုနှစ်မှာ Samsung S8, iPhone X တို့ထက်အရင်ဆုံးထုတ်ခဲ့ပါတယ်။ ပထမဆုံးဖြစ်စရာမလိုဘူး အကောင်းဖြစ်ဖို့ဘဲလိုတယ်ဆိုတဲ့သင်ခန်းစာကိုတော့ Apple iPhone တွေကသက်သေပြသွားခဲ့ပါပြီ။ အခုဆို Apple iPhone (မော်ဒယ်စုံ) တွေကို အလုံးရေ 2.2 Billion ကျော်ရောင်းချခဲ့ပြီးသွားပါပြီ။

Reference
Androidauthority
Griffininteractive
Wikipedia
Kommandotech  


Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison