Posts

Showing posts with the label Knowledge Sharing

Wonderful roads

Image
  ရောက်ဖူးသင့်တဲ့ကမ္ဘာပေါ်မှာရှိတဲ့အံဖွယ်လမ်းမကြီးများ တရုတ်ပြည်ကနဂါးလမ်းနှင့်နတ်ပြည်ဝင်ပေါက်  တရုတ်ပြည်ဟူနန် ပြည်နယ်မှာရှိတဲ့ ကမ္ဘာပေါ်မှာအလှဆုံးစာရင်းဝင် တီယန်မန်တောင်တက်လမ်းလေးပါ။ တရုတ်ပြည်ရဲ့ နဂါးလမ်းလို့လည်းလူသိများတဲ့ ၇ မိုင်ရှည်တဲ့ဒီတောင်တက်လမ်းကနေ တောင်ထိပ်ရောက်ဖို့ အကွေ့အကောက်‌ပေါင်း ၉၉ ကွေ့ကိုဖြတ်ကျော်ပြီး ရင်သပ်ရှုမောဖွယ်တက်လာရမှာပါ။ တောင်ထိပ်မှာရှိတဲ့ နတ်ပြည်ဝင်ပေါက်လို့တင်စားခံရတဲ့ တီယမ်မန်ဂူကို‌ရောက်ဖို့ ၄၅ ဂရီမတ်စောက်တဲ့ လှေကား ၉၉၉ ထစ်ထပ်တက်ရမှာပါ။  Cable car နဲ့လည်းတောင်ပေါ်တက်လို့ရပါတယ်။ ဒီ‌တောင်မှာ ၄ မိုင်ခွဲရှည်တဲ့ ကမ္ဘာ‌ပေါ်မှာအရှည်ဆုံး cable car သွယ်တန်းထားပါတယ်။ ပေ ၄၂၀၀ အမြင့်ကနေ 37 degree slope နဲ့ တီယန်မန် တောင်ရဲ့အလှတရားကိုခံစားရတဲ့ feel ကတော့ဘာနဲ့မှလဲလို့ရမှာမဟုတ်ဘူး။ ဒါမှအားမရသေးရင် ပေ ၄၆၀၀ မြင့်တဲ့မှန်တံတားပေါ်လျှောက်လို့ရပါသေးတယ်။ ဒီနေရာမှာကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေကလည်း challenge တွေလုပ်ခဲ့ဖူးပါတယ်။ 2018 တုန်းက Dragon Challenge ဆိုပြီးနာမည်ကြီးခဲ့တဲ့ Professional ပြိုင်ကားမောင်းသမား Ho Pin Tung က Range Rover Sport Hybrid ကားနဲ့အရမ်းအန္တရာ...

ကမ္ဘာကျော် Company တွေရဲ့ ကမ္ဘာကျော်အလွဲများ

Image
လူတိုင်းအမှားနဲ့မကင်းပါဘူး ကမ္ဘာကျော်တွေလည်းအတူတူပါဘဲ။ အခုဖော်ပြပေးမှာတော့ လူတွေသန်းနဲ့ချီပြီး တိုက်ရိုက်ကြည့်ရှုနေတဲ့  presentation  ပွဲမျိုးမှာမမျှော်လင့်ဘဲဖြစ်ခဲ့တဲ့အလွဲလေးတွေပါ။ ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ဖြစ်ချင်လို့ကိုဖြစ်ခဲ့တဲ့အလွဲလေးတွေအများကြီးရှိတဲ့ထဲက  Tech  နဲ့ပတ်သတ်တဲ့ ထင်ရှားတာ ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။ 1. Apple (2017) Face ID Fail ၂၀၁၇ ခုနှစ်က Apple က iPhone X ကို Announce လုပ်တဲ့ချိန် Face ID ကိုစတင်မိတ်ဆက်တဲ့ချိန်မှာ Craig Federighi ရဲ့မျက်နှာနဲ့ Unlock လုပ်တာ Face ID အလုပ်မလုပ်ဘဲ fail သွားခဲ့လို့နောက်တစ်လုံးနဲ့လဲလှယ်ခဲ့ရပါတယ်။ ဒါပေမယ့်ဒီထက်အများကြီးဆိုးတာတွေရှိပါသေးတယ်။ 2. Apple (2010) Connection Fail Apple အတွက် Apple Event ပွဲတစ်ခုမှာလွဲချော်တာ ပထမဆုံးအကြိမ်မဟုတ်သေးပါဘူး။ ၂၀၁၀ ခုနှစ်က Steve Jobs က iPhone 4 မိတ်ဆက်ခဲ့ချိန်တုန်းကလည်း Safari Browser ကနေ New York Times Webpage ဝင်တာ Connection Fail ဖြစ်ပြီး Error တက်ခဲ့ပါတယ်။ 3. Volvo (2010) Automatic Braking System Fail ၂၀၁၀ ခုနှစ်ကဘဲ နာမည်ကျော် Sweden car company တစ်ခုဖြစ်တဲ့ Vovlo က SC 40...

Steve Jobs စီးတဲ့ကားမှာဘယ်တော့မှ ကားနံပါတ်မပါတာဘာကြောင့်လဲ

Image
Apple ရဲ့ Co-Founder ဖြစ်တဲ့ Steve Jobs ကသူ့ရဲ့ Privacy ကြောင့် ကားနံပါတ်တပ်စီးရတာမနှစ်သက်သလို သူစီးသမျှကားတိုင်းမှာလည်း ကားနံပါတ်ပါဝင်ခြင်းမရှိပါဘူး။ ဘာကြောင့်နံပါတ်ပြားမပါဘဲစီးလို့ရတာလဲ California ဥပဒေအရကားအသစ်ဝယ်ပြီးရင် ၆ လအထိနံပါတ်ပြားမပါဘဲစီးဖို့ခွင့်ပြုထားပါတယ်။ ဒီတော့ကားနံပါတ်မတပ်ချင်တဲ့ Jobs ကတစ်နှစ် ၂ ခါကားလဲစီးပါတယ်။ Mercedes SL55 AMG ကို ၆ လတစ်ခါအသစ်ဝယ်စီးပါတယ်။

မြန်မာပြည်က SIM card Dubai ယူသွားပြီးသုံးရင်ကျသင့်မယ့် Data Roaming စျေးတွေပါ

Image
အထွက်ကော တစ်မိနစ် ၇၅၀၀၊ အဝင်တစ်မိနစ် ၂၀၀၀၊   SMS  တစ်စောင် ၂၀၀၀၊ အဲ့ဒါတွေကဘာမှမဟုတ်သေးဘူး   Internet  သုံးမယ်ဆို   1 MB  ကို ၂၈၀၀၀ ဆိုတော့   1 GB  ကို သိန်း ၂၈၀ ပါသိ ပ်မများပါဘူး။   အင်တာနက်ကတော့ မတန်လို့ဘယ်သူမှမသုံးလောက်ပါဘူး Tourist SIM card   တွေဝယ်သုံးရင်သိပ်မပေးရပါဘူး။   Data Roaming  က စျေးကြီးပေမယ့် လိုအပ်ရင်ဆက်သွယ်လို့ရလို့အဆင်ပြေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဆို သိပ်မများပါဘူး တ စ်မိနစ် ၅၀၀ လောက်ပါဘဲ။ ဂျပန်လိုနိုင်ငံဆို   SIM card  အလွယ်ဝယ်မရလို့ တော်တော်လေးအဆင်ပြေပါတယ်။ ဒါကထိုင်းကဈေးပါ  အထွက်ကော ၁ မိနစ် ၅၀၀၊ အဝင်တစ်မိနစ် ၂၀၀၊ SMS တစ်မိနစ် ၁၀၀

Covid 19 မတိုင်ခင်ဖြစ်ပွားခဲ့သောကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအချို့

Image
တရုတ်ပြည်ဝူဟန်မှာ 26.12.2019 ရက်နေ့မှာ Epidemic အနေနဲ့စတင်တွေ့ရှိခဲ့တဲ့ Covid 19 (coronavirus disease 2019 ) ဟာလပိုင်းအတွင်းမှာဘဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တစ်ကမ္ဘာလုံးကိုကူးစက်ပြန့်နှံ့သွားခဲ့ပါတယ်။ 11.3.2020 ရက်နေ့မှာတော့ WHO ကနေ Pandemic အဖြစ်ကြေညာခဲ့ပါတယ်။ Epidemic ဆိုတာနိုင်ငံတစ်နိုင်ငံသို့မဟုတ် ဒေသတစ်ခုအတွက်သာစိုးရိမ်ရတဲ့ကပ်ရောဂါဖြစ်ပြီး Pandemic ကတော့ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပါတယ်။ Covid 19 မတိုင်ခင်ပေါ်ပေါက်ခဲ့တဲ့ Pandemic တွေထဲကအချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။ Bubonic Plague (1347-51) လူ့သမိုင်းမှာသေဆုံးမှုအများဆုံးကပ်ရောဂါကတော့ ၁၄ ရာစုကဖြစ်ခဲ့တဲ့ Bubonic Plague ဖြစ်ပါတယ်။ အာရှတိုက်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကြွက်များမှကူးစက်နိုင်တာကြောင့် ကုန်သွယ်ရေးသင်္ဘောများမှတဆင့် ဥရောပနှင့်အာဖရိကတိုက်တို့အထိကူးစက်ပြန့်နှံ့သွားပြီး ခန်းမှန်းခြေ ၇၅ သန်းကနေ သန်း ၂၀၀ အထိ သေဆုံးခဲ့ပါတယ်။ Spanish Flu (1918-19) ခေတ်သစ်မှာဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၁၀၀ ကဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး ( Spanish Flu) ကနေလူပေါင်းသန်း ၅၀ နီးပါးရဲ့အသက်ကိုဝါးမြိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကကမ္ဘာ့...

ဖုန်းလိုင်းတွေရဲ့ Signal Strength ဆိုတာ

Image
ဖုန်းတွေလိုင်းဘယ်လောက်တက်လဲဆိုတာကို Status bar ကလိုင်းတိုင်လေးတွေကြည့်ပြီးအလွယ်တကူသိနိုင်ပါတယ်။ ဒါပေမယ့်ဒါကအကြမ်းဖျင်းဘဲဖြစ်ပါတယ်။ လိုင်းအသင့်အတင့်ကောင်းရုံနဲ့ တိုင်အပြည့်တက်နေတာဖြစ်လို့ အတိအကျတော့သိနိုင်မှာမဟုတ်ပါဘူး။ 4G တက်နေရုံနဲ့အင်တာနက်အမြဲမကောင်းသလိုဘဲ တိုင်အပြည့်တက်ပေမယ့် ဖုန်းပြောရတာပြတ်တောင်းပြတ်တောင်းဖြစ်နေတာမျိုးကြုံဖူးကြမှာပါ။ အခုဖော်ပြပေးမှာတော့ (အင်တာနက်မြန်နှုန်းကို Speed Test နဲ့စစ်သလိုဘဲ) Signal Strength လို့ခေါ်တဲ့ ဖုန်းလိုင်းဘယ်လောက်မိလဲဆိုတာကို အတိအကျကြည့်နိုင်မယ့်နည်းဖြစ်ပါတယ်။ ဖုန်းတွေ Hardware ပိုင်းပြင်ပြီးလို့ လိုင်းမကောင်းတော့ရင်ဘဲဖြစ်ဖြစ်၊ ကိုယ့်ဖုန်းကဝယ်တုန်းကလောက်လိုင်းမကောင်းတော့ဘူးထင်လို့ဘဲဖြစ်ဖြစ် အသုံးဝင်မှာပါ။ ဖုန်းလိုင်းရဲ့ Signal Strength ကို dBm (decibel-milliwatts) ဆိုတဲ့ Unit နဲ့တိုင်းတာပါတယ်။ - 40 ကနေ - 140 ကြားမှာရှိတတ်ပြီး Negative ဂဏန်းကြီးလေ (သုညနဲ့နီးလေ) လိုင်းပိုမိလေဖြစ်ပါတယ်။ ဥပမာ - 100 dBm ထက် - 80 dBm ကလိုင်းပိုကောင်းပါတယ်။ 0 dBm က 1 milliwatt နဲ့ညီမျှတာကြောင့်ပါ။ dBm ဘယ်လောက်ဆိုလိုင်းကောင်းတာလဲ -60 ကျော်ဆိုရင်အက...

Smartphone တွေကဘယ်လောက်အလျင်နဲ့ရွေ့လျှားနေတယ်ဆိုတာဘယ်လိုသိတာလဲ

Image
iOS 11 ကစပြီး Do Not Disturb While Driving ဆိုတဲ့ Feature ပါလာပါတယ်။ ဖုန်းကတစ်နာရီကီလိုမီတာ ၄၀ နှုန်းရွေ့လျားတာနဲ့ ကားမောင်းနေတယ်လို့ယူဆပြီး DND Mode လုပ်ပေးတာပါ။ Google Map မှာလည်း ကားမောင်းတဲ့ Speed ကိုဖော်ပြပေးသလို Speedometer App တွေကလည်းဖုန်းမှာကောင်းကောင်းအလုပ်လုပ်ပါတယ်။ ကားမှာဖော်ပြတဲ့ Odometer လိုမျိုးအတိအကျတော့မမှန်ပေမယ့် အနီးစပ်ဆုံးတော့ဖော်ပြပေးနိုင်ပါတယ်။ ဒါဆိုဖုန်းတွေက Speed ကိုဘယ်လိုသိတာလဲ။ Smartphone တွေမှာပါတဲ့ Accelerometer sensor ကဘယ်လောက်အလျင်နဲ့ရွေ့လျားနေတယ်ဆိုတာကို အာရုံခံပေးနိုင်ပါတယ်။ Smartphone တွေမှာ Accelerometer ကိုစသုံးခဲ့တဲ့မူလရည်ရွယ်ချက်ကတော့ Screen Orientation ကို လှုပ်ရှားမှုအလိုက် Auto Rotate လုပ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ iPhone တွေမှာ Raise to wake လို့ခေါ်တဲ့ ဖုန်းကို‌ကောက်ကိုင်လိုက်တာနဲ့ Screen ကို Awake လုပ်ပေးတာကလည်း Accelerometer နဲ့အလုပ်လုပ်တာပါ။ Google Map မှာ Navigation System တစ်ခုအလုပ်လုပ်ဖို့အတွက် magnetometer, GPS, gyroscope နဲ့ accelerometer Sensor တွေပေါင်းပြီး‌တော့အလုပ်လုပ်တာဖြစ်ပါတယ်။ ပုံကတော့ကမ္ဘာ့အကြီးဆုံးခရီ...