Smartphone တွေကဘယ်လောက်အလျင်နဲ့ရွေ့လျှားနေတယ်ဆိုတာဘယ်လိုသိတာလဲ



Best Speedometer apps for Android

iOS 11 ကစပြီး Do Not Disturb While Driving ဆိုတဲ့ Feature ပါလာပါတယ်။ ဖုန်းကတစ်နာရီကီလိုမီတာ ၄၀ နှုန်းရွေ့လျားတာနဲ့ ကားမောင်းနေတယ်လို့ယူဆပြီး DND Mode လုပ်ပေးတာပါ။ Google Map မှာလည်း ကားမောင်းတဲ့ Speed ကိုဖော်ပြပေးသလို Speedometer App တွေကလည်းဖုန်းမှာကောင်းကောင်းအလုပ်လုပ်ပါတယ်။ ကားမှာဖော်ပြတဲ့ Odometer လိုမျိုးအတိအကျတော့မမှန်ပေမယ့် အနီးစပ်ဆုံးတော့ဖော်ပြပေးနိုင်ပါတယ်။

Apple Reveals 'Do Not Disturb While Driving' iOS 11 Feature to ...

ဒါဆိုဖုန်းတွေက Speed ကိုဘယ်လိုသိတာလဲ။ Smartphone တွေမှာပါတဲ့ Accelerometer sensor ကဘယ်လောက်အလျင်နဲ့ရွေ့လျားနေတယ်ဆိုတာကို အာရုံခံပေးနိုင်ပါတယ်။ Smartphone တွေမှာ Accelerometer ကိုစသုံးခဲ့တဲ့မူလရည်ရွယ်ချက်ကတော့ Screen Orientation ကို လှုပ်ရှားမှုအလိုက် Auto Rotate လုပ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ iPhone တွေမှာ Raise to wake လို့ခေါ်တဲ့ ဖုန်းကို‌ကောက်ကိုင်လိုက်တာနဲ့ Screen ကို Awake လုပ်ပေးတာကလည်း Accelerometer နဲ့အလုပ်လုပ်တာပါ။

Google Maps getting speed limits, cameras and traps at last

Google Map မှာ Navigation System တစ်ခုအလုပ်လုပ်ဖို့အတွက် magnetometer, GPS, gyroscope နဲ့ accelerometer Sensor တွေပေါင်းပြီး‌တော့အလုပ်လုပ်တာဖြစ်ပါတယ်။ ပုံကတော့ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ်ဖြစ်တဲ့ Airbus A380 ရဲ့ လေယာဉ်ဆင်းတဲ့ Speed ကို Smartphone နဲ့စစ်ထားတာဖြစ်ပါတယ်။




Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

iPhone နဲ့ရိုက်ထားတဲ့ပုံတွေ Computer မှာမဖတ်ရတာဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းရမလဲ