Boeing နဲ့ Airbus ကိုအလွယ်ဆုံးခွဲခြားနည်း
လေယာဉ်ပျံဆိုတာနဲ့လူတိုင်းက Boeing ကိုဘဲသတိရကြမှာပါ။ Boeing 747 ဆိုမသိတဲ့သူမရှိပါဘူး။ Boeing ပြီးရင်တော့ Airbus ပေါ့။ လူစီးလေယာဉ်တွေထဲမှာဆို ဒီ Company နှစ်ခုကဘဲ ဈေးကွက်ဝေစုအများဆုံးရထားသလို Popular အဖြစ်ဆုံးစာရင်းမှာလည်း ဒီ Brand နှစ်ခုကဘဲသိမ်းပိုက်ထားတာပါ။ Boeing က အမေရိကန် company ဖြစ်ပြီး ၁၉၁၆ ခုနှစ်မှာတည်ထောင်ခဲ့တာပါ။ ပြင်သစ်အခြေစိုက် Airbus ကတော့ ၁၉၇၀ မှပေါ်ပေါက်လာတာပါ။ မြန်မာပြည်မှာတော့ ဘာလေယာဉ်တွေသုံးမှန်းသေချာမသိပေမယ့် နိုင်ငံတကာမှာတော့ ဒီနှစ်မျိုးဘဲ အဓိကသုံးကြတာကြောင့် Boeing နဲ့ Airbus တွေကိုအလွယ်ဆုံးခွဲခြားနိုင်မယ့် အချက် ၅ ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ Model အားလုံးအတွက်တော့မှန်ချင်မှ မှန်ပါလိမ့်မယ့်။ တွေ့တာလေးတွေဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။ နောက်တစ်ခါလေယာဉ်စီးရင် ဘာအမျိုးအစားဘဲလေ့လာလို့ရတာပေါ့။ 1. Side Cockpick Window ( အစွန်ဆုံးပြတင်းပေါက်) Cockpick Window လို့ခေါ်တဲ့ အစွန်ဆုံးပြတင်းပေါက် design ကြည့်ပြီးခွဲနိုင်ပါတယ်။ Boeing တွေက V Shape ဖြစ်ပြီး Airbus တွေမှာတော့ Cut Corner Shape ဖြစ်ပါတယ် 2. Nose ( လေယာဉ်...