Boeing နဲ့ Airbus ကိုအလွယ်ဆုံးခွဲခြားနည်း

လေယာဉ်ပျံဆိုတာနဲ့လူတိုင်းက Boeing ကိုဘဲသတိရကြမှာပါ။ Boeing 747
ဆိုမသိတဲ့သူမရှိပါဘူး။ Boeing ပြီးရင်တော့ Airbus
ပေါ့။
လူစီးလေယာဉ်တွေထဲမှာဆို ဒီ Company နှစ်ခုကဘဲ
ဈေးကွက်ဝေစုအများဆုံးရထားသလို Popular အဖြစ်ဆုံးစာရင်းမှာလည်း ဒီ Brand နှစ်ခုကဘဲသိမ်းပိုက်ထားတာပါ။ Boeing
က အမေရိကန် company
ဖြစ်ပြီး ၁၉၁၆
ခုနှစ်မှာတည်ထောင်ခဲ့တာပါ။ ပြင်သစ်အခြေစိုက် Airbus ကတော့ ၁၉၇၀ မှပေါ်ပေါက်လာတာပါ။

မြန်မာပြည်မှာတော့
ဘာလေယာဉ်တွေသုံးမှန်းသေချာမသိပေမယ့် နိုင်ငံတကာမှာတော့ ဒီနှစ်မျိုးဘဲ
အဓိကသုံးကြတာကြောင့် Boeing နဲ့ Airbus
တွေကိုအလွယ်ဆုံးခွဲခြားနိုင်မယ့်
အချက် ၅ ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ Model အားလုံးအတွက်တော့မှန်ချင်မှ မှန်ပါလိမ့်မယ့်။
တွေ့တာလေးတွေဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။ နောက်တစ်ခါလေယာဉ်စီးရင်
ဘာအမျိုးအစားဘဲလေ့လာလို့ရတာပေါ့။

1. Side Cockpick Window (အစွန်ဆုံးပြတင်းပေါက်)
Cockpick Window လို့ခေါ်တဲ့
အစွန်ဆုံးပြတင်းပေါက် design ကြည့်ပြီးခွဲနိုင်ပါတယ်။
Boeing တွေက V
Shape ဖြစ်ပြီး Airbus တွေမှာတော့ Cut
Corner Shape ဖြစ်ပါတယ်

2. Nose (လေယာဉ်ထပ်ဖူး)
အများအားဖြင် Boeing
တွေရဲ့ထိပ်ဖူးတွေက
ချွန်ပြီး Airbus တွေမှာတော့လုံးဝန်းလေ့ရှိပါတယ်။

3. Front Landing Gear Door (ရှေ့ဘီးထွက်ပေါက်)
လေယာဉ်ဘီးထွက်ချိန်မှာပွင့်တဲ့
ဘီးတံခါးတွေကလည်း Boeing တွေမှာအပြည့်ပွင့်ပြီး
Airbus လေယာဉ်တွေမှာတော့
လိုသလောက်ဘဲပွင့်ပါတယ်။

4. Tail Exhaust (အိတ်ဇောပေါက်)
မီးခိုးထွက်တဲ့
အိတ်ဇောပေါက်ကလည်း Boeing တွေမှာ
တိုပြီးဘဲဥပုံသဏ္ဍန်ရှိပါတယ်။ Airbus တွေမှာတော့ ရှည်ပြီး
အိတ်ဇောပေါက်ကအဝိုင်းပုံဖြစ်ပါတယ်။

5. Tail Base
အနောက်တောင်ပံကနေကိုယ်ထည်ကိုဆက်ထားတဲ့နေရာမှာ
Airbus တွေက
တပြေးတည်းဖြစ်ပြီး Boeing တွေမှာတော့
နှစ်ဆင့်ဖြစ်ပါတယ်။

ဒီလောက်ဆို Boeing နဲ့ Airbus လေယာဉ်တွေကိုအလွယ်ဆုံးခွဲခြားနိုင်ပြီထင်ပါတယ်။
Reference & Photo Credit: The Touch of Tech