ဖုန်းလိုင်းတွေရဲ့ Signal Strength ဆိုတာ


ဖုန်းတွေလိုင်းဘယ်လောက်တက်လဲဆိုတာကို Status bar ကလိုင်းတိုင်လေးတွေကြည့်ပြီးအလွယ်တကူသိနိုင်ပါတယ်။ ဒါပေမယ့်ဒါကအကြမ်းဖျင်းဘဲဖြစ်ပါတယ်။ လိုင်းအသင့်အတင့်ကောင်းရုံနဲ့ တိုင်အပြည့်တက်နေတာဖြစ်လို့ အတိအကျတော့သိနိုင်မှာမဟုတ်ပါဘူး။ 4G တက်နေရုံနဲ့အင်တာနက်အမြဲမကောင်းသလိုဘဲ တိုင်အပြည့်တက်ပေမယ့် ဖုန်းပြောရတာပြတ်တောင်းပြတ်တောင်းဖြစ်နေတာမျိုးကြုံဖူးကြမှာပါ။

အခုဖော်ပြပေးမှာတော့ (အင်တာနက်မြန်နှုန်းကို Speed Test နဲ့စစ်သလိုဘဲ) Signal Strength လို့ခေါ်တဲ့ ဖုန်းလိုင်းဘယ်လောက်မိလဲဆိုတာကို အတိအကျကြည့်နိုင်မယ့်နည်းဖြစ်ပါတယ်။ ဖုန်းတွေ Hardware ပိုင်းပြင်ပြီးလို့ လိုင်းမကောင်းတော့ရင်ဘဲဖြစ်ဖြစ်၊ ကိုယ့်ဖုန်းကဝယ်တုန်းကလောက်လိုင်းမကောင်းတော့ဘူးထင်လို့ဘဲဖြစ်ဖြစ် အသုံးဝင်မှာပါ။

ဖုန်းလိုင်းရဲ့ Signal Strength ကို dBm (decibel-milliwatts) ဆိုတဲ့ Unit နဲ့တိုင်းတာပါတယ်။ -40 ကနေ -140 ကြားမှာရှိတတ်ပြီး Negative ဂဏန်းကြီးလေ (သုညနဲ့နီးလေ) လိုင်းပိုမိလေဖြစ်ပါတယ်။ ဥပမာ -100 dBm ထက် -80 dBm ကလိုင်းပိုကောင်းပါတယ်။ 0 dBm က 1 milliwatt နဲ့ညီမျှတာကြောင့်ပါ။

dBm ဘယ်လောက်ဆိုလိုင်းကောင်းတာလဲ
-60 ကျော်ဆိုရင်အကောင်းဆုံးပါ။ အဲ့လောက်ကတောရဖို့လည်းမလွယ်သလိုတစ်ခါမှလည်းမတွေ့ဖူးသေးပါဘူး။ တာဝါတိုင်နဲ့လည်းအရမ်းနီးမှရပါလိမ့်မယ်။ -60 ကနေ -80 ကြားဆိုရင်ကိုတော်တော်ကြီးကောင်းနေပါပြီ။ -90 ကနေ -100 လောက်ဆိုရင်တော့လိုင်းကအသင့်အတင့် အခန်းထဲလိုနေရာမျိုးတွေမှာပါ။ ဖုန်းကတော့ကောင်းကောင်းပြောလို့ရပါသေးတယ်။ -100 ကနေ -110 ဆိုရင်တော့ဖုန်းပြောလို့မကောင်းတော့ပါဘူး။ -110 ကျော်သွားရင်တော့ လိုင်းလုံးဝမကောင်းတော့လို့ ဖုန်းခေါ်လို့တောင်မရနိုင်တော့ပါဘူး။ စမ်းဖူးသလောက်ဆိုရင်တော့ အိပ်ခန်းထဲမှာဆို -100 ဝန်းကျင်၊ အိမ်ရှေ့(လမ်းသွယ်ထဲ) ဆို -85 နဲ့ -90 ကြားရှိပါတယ်။ လမ်းမတန်းထွက်ရင်တော့ -70 လောက်ထိတက်ပါတယ်။ -60 ကတော့တော်ရုံမတက်ဖူးပါဘူး။



Signal Strength dBm ဘယ်လောက်တက်လဲဘယ်လိုကြည့်ရမလဲ
Andriod ဖုန်းတွေမှာဆိုရင်တော့ Setting > About Phone > Status ထဲက Signal Strength မှာကြည့်လို့ရပါတယ်။ SIM 1 နဲ့ SIM 2 ကိုသတ်သတ်စီပြပေးပါလိမ့်မယ်။ UI ရယ် version မတူတာကြောင့် ဖုန်းမော်ဒယ်အလိုက် အနည်းငယ်ကွာခြားချက်တော့ရှိပါမယ်။ Phone Signal App တွေနဲ့ကြည့်လို့ရပါတယ်။


iPhone ဆိုရင်တော့ဖုန်းခေါ်တဲ့ Dialer ကနေ *3001#12345#* ကိုဖုန်းခေါ်ပေးပါ။ iOS 10 အထိတော့ဖုန်းတိုင်းအဆင်ပြေပေမယ့် iOS 11 ကျော်ရင်တော့ Carrier ပေါ်မူတည်ပြီးရတာရှိသလို မရတာတွေလည်းရှိပါတယ်။




မြန်မာပြည်မှာတော့မရဖို့များပါတယ်။ 

Swan Htet Paing 


Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks