Covid 19 မတိုင်ခင်ဖြစ်ပွားခဲ့သောကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအချို့


တရုတ်ပြည်ဝူဟန်မှာ 26.12.2019 ရက်နေ့မှာ Epidemic အနေနဲ့စတင်တွေ့ရှိခဲ့တဲ့ Covid 19 (coronavirus disease 2019) ဟာလပိုင်းအတွင်းမှာဘဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တစ်ကမ္ဘာလုံးကိုကူးစက်ပြန့်နှံ့သွားခဲ့ပါတယ်။ 11.3.2020 ရက်နေ့မှာတော့ WHO ကနေ Pandemic အဖြစ်ကြေညာခဲ့ပါတယ်။ Epidemic ဆိုတာနိုင်ငံတစ်နိုင်ငံသို့မဟုတ် ဒေသတစ်ခုအတွက်သာစိုးရိမ်ရတဲ့ကပ်ရောဂါဖြစ်ပြီး Pandemic ကတော့ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပါတယ်။ Covid 19 မတိုင်ခင်ပေါ်ပေါက်ခဲ့တဲ့ Pandemic တွေထဲကအချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။


Bubonic Plague (1347-51)
လူ့သမိုင်းမှာသေဆုံးမှုအများဆုံးကပ်ရောဂါကတော့ ၁၄ ရာစုကဖြစ်ခဲ့တဲ့ Bubonic Plague ဖြစ်ပါတယ်။ အာရှတိုက်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကြွက်များမှကူးစက်နိုင်တာကြောင့် ကုန်သွယ်ရေးသင်္ဘောများမှတဆင့် ဥရောပနှင့်အာဖရိကတိုက်တို့အထိကူးစက်ပြန့်နှံ့သွားပြီး ခန်းမှန်းခြေ ၇၅ သန်းကနေ သန်း ၂၀၀ အထိ သေဆုံးခဲ့ပါတယ်။


Spanish Flu (1918-19)
ခေတ်သစ်မှာဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၁၀၀ ကဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး (Spanish Flu) ကနေလူပေါင်းသန်း ၅၀ နီးပါးရဲ့အသက်ကိုဝါးမြိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံ သန်း ၅၀၀ အထိကူးစက်ခံခဲ့ရပါတယ်။ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ၂၅ ပတ်အကြာမှာဘဲ သေဆုံးမှု ၂၅ သန်းထိရှိခဲ့တဲ့အထိကြောက်စရာကောင်းခဲ့ပါတယ်။ အဲ့ဒီခေတ်ကဆေးပညာအရရော နည်းပညာလိုအပ်ချက်တွေအရရော မဖွံဖြိုးသေးတာကြောင့်အခုခေတ်လိုသတင်းများထုတ်ပြန်ပြီး ကြိုတင်ကကွယ်ခြင်းတွေမလုပ်နိုင်ခဲ့တာကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။



HIV / AIDS (1981-Present)
1976 ခုနှစ်က အာဖရိကတိုက်ကွန်ဂိုမှစတင်ခဲ့တဲ့ HIV / AIDS ကနေလည်းသေဆုံးသူ သန်း ၃၀ ခန့်ရှိသွားပြီဖြစ်သလို အခုချိန်ထိလည်းနှစ်စဉ်သန်းနဲ့ချီသေဆုံးနေဆဲကပ်ရောဂါတစ်ခုဖြစ်ပါတယ်။

Hongkong Flu (1968-70)
1968 ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဟောင်ကောင်တုပ်ကွေးကလည်း လူ့အသက်ပေါင်း တစ်သန်းကျော်ဆုံးရှုံးခဲ့ပါတယ်။

Asian Flu (1956-58)
တရုတ်ပြည်မှာ 1958 တုန်းကစတင်ဖြစ်ပွားခဲ့တဲ့အာရှတုပ်ကွေးကနေ ၂ သန်းနီးပါသေဆုံးခဲ့ပါတယ်။


Covid 19 (2019-Ongoing)

2019 နှစ်ကုန်ကစပြီးစတင်ပြန့်ပွားခဲ့တဲ့ Coronavirus ကလည်း ၃လအတွင်း (30.4.2020 အထိ) နိုင်ငံပေါင်း ၂၀၀ကျော်မှာ ကူးစက်မှုပေါင်း ၃ သန်းကျော်နဲ့သေဆုံးသူ ၂ သန်းကျော်ရှိနေပြီဖြစ်သလိုလက်ရှိချိန်ထိလည်း အရှိန်အဟုန်နဲ့ဆက်လက်တိုးပွားနေဆဲဖြစ်ပါတယ်။ အရမ်းကိုတိုးတက်နေတဲ့အခုလိုမျက်မှောက်ခေတ်ကြီးမှာကူးစက်နှုန်းကိုထိမ်းချုပ်နိုင်ခြင်းမရှိသေးတာကြောင့် တစ်ကမ္ဘာလုံးရဲ့အသက်အန္တရယ်ကိုခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်းဖြစ်ပွားခဲ့တဲ့ SARS နဲ့ MERS ရောဂါတွေကသေဆုံးမှုပေါင်းရာဂဏန်းသာရှိတာကြောင့် အခု Covid 19 ကအဆပေါင်းများစွာတုန်လှုပ်ထိတ်လန့်ဖွယ်ဖြစ်တာကြောင့်လူတိုင်းလူတိုင်းမပေါ့ဆကြဖို့လိုပါတယ်။ သိရက်နဲ့မလိုက်နာကြရင်တော့နည်းပညာမတိုးတက်သေးတဲ့ခေတ်ဟောင်းကကပ်ရောဂါဆိုကြီးတွေလိုဖြစ်သွားနိုင်ပါတယ်။ အခုချိန်ကျွန်တော်တို့အားလုံးရဲ့တူညီတဲ့အိပ်မက်ကတော့ မဖိတ်ခေါ်ဘဲရောက်လာခဲ့တဲ့ Coronavirus ဆိုတဲ့အိပ်မက်ဆိုးကြီး ဒီကမ္ဘာပေါ်ကအပြီးတိုင်ပျောက်ကွယ်သွားမယ့်နေ့ဘဲဖြစ်ပါတယ်။

Swan Htet Paing

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

iPhone နဲ့ရိုက်ထားတဲ့ပုံတွေ Computer မှာမဖတ်ရတာဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းရမလဲ