ကမ္ဘာကျော် Company တွေရဲ့ ကမ္ဘာကျော်အလွဲများ

လူတိုင်းအမှားနဲ့မကင်းပါဘူး ကမ္ဘာကျော်တွေလည်းအတူတူပါဘဲ။ အခုဖော်ပြပေးမှာတော့ လူတွေသန်းနဲ့ချီပြီး တိုက်ရိုက်ကြည့်ရှုနေတဲ့ presentation ပွဲမျိုးမှာမမျှော်လင့်ဘဲဖြစ်ခဲ့တဲ့အလွဲလေးတွေပါ။ ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ဖြစ်ချင်လို့ကိုဖြစ်ခဲ့တဲ့အလွဲလေးတွေအများကြီးရှိတဲ့ထဲက Tech နဲ့ပတ်သတ်တဲ့ ထင်ရှားတာ ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။


Image may contain: one or more people and phone

1. Apple (2017) Face ID Fail

၂၀၁၇ ခုနှစ်က Apple က iPhone X ကို Announce လုပ်တဲ့ချိန် Face ID ကိုစတင်မိတ်ဆက်တဲ့ချိန်မှာ Craig Federighi ရဲ့မျက်နှာနဲ့ Unlock လုပ်တာ Face ID အလုပ်မလုပ်ဘဲ fail သွားခဲ့လို့နောက်တစ်လုံးနဲ့လဲလှယ်ခဲ့ရပါတယ်။ ဒါပေမယ့်ဒီထက်အများကြီးဆိုးတာတွေရှိပါသေးတယ်။


Image may contain: phone and screen

2. Apple (2010) Connection Fail

Apple အတွက် Apple Event ပွဲတစ်ခုမှာလွဲချော်တာ ပထမဆုံးအကြိမ်မဟုတ်သေးပါဘူး။ ၂၀၁၀ ခုနှစ်က Steve Jobs က iPhone 4 မိတ်ဆက်ခဲ့ချိန်တုန်းကလည်း Safari Browser ကနေ New York Times Webpage ဝင်တာ Connection Fail ဖြစ်ပြီး Error တက်ခဲ့ပါတယ်။


Image may contain: one or more people and outdoor

3. Volvo (2010) Automatic Braking System Fail

၂၀၁၀ ခုနှစ်ကဘဲ နာမည်ကျော် Sweden car company တစ်ခုဖြစ်တဲ့ Vovlo က SC 40 Sport ကားမှာ ရှေ့မှာအဟန့်အတားတစ်ခုခုတွေ့ရင် အလိုအလျောက် Brake ဖမ်းပေးမယ့် Automatic Braking System ကိုမိတ်ဆက်ခဲ့စဉ်က System error ဖြစ်သွားလို့ထင်ပါတယ် System ကအလုပ်မလုပ်ဘဲ ရှေ့ကကုန်တင်ကားကို အရှိန်နဲ့ဝင်တိုက်ခဲ့ပါတယ်။


Image may contain: one or more people and car

4. Volvo (2015) Assist Parking Fail

၂၀၁၅ ခုနှစ်မှာလည်း Volvo ကဘဲ XC 60 မှာ assisted parking system ကိုပြသခဲ့တုန်းကလည်း ရှေ့မှာရပ်နေတဲ့လူနှစ်ယောက်ကိုဝင်တိုက်ခဲ့ပါတယ်။


Image may contain: one or more people

5. Micorsoft (2012) Touch Fail

၂၀၁၂ ခုနှစ်က Microsoft က Surface Book Tablet ကိုမိတ်ဆက်တော့ Manager Steven Sinofsky က Performance ကိုပြသချိန်မှာ Touch Screen အလုပ်မလုပ်ဘဲဟန်းနေလို့ နောက်တစ်လုံးလဲခဲ့ရပါသေးတယ်။


ဒီထက်အများကြီးဆိုးတဲ့အလွဲတွေရှိပါသေးတယ်။ ပွဲတစ်ပွဲစီစဉ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဒီလိုပွဲကြီးတွေမပြောနဲ့ သာမန်ရပ်ကွက်ထဲကပွဲလေးတွေတောင် ချောချောမွေ့မွေ့ပြီးဆုံးဖို့ဘယ်လောက်ထိခက်ခဲတယ်ဆိုတာ ပွဲစီစဉ်ဖူးတဲ့သူတွေသိပါတယ်။ လှောင်ပြောင်လိုတဲ့သဘောနဲ့တင်တာမဟုတ်ဘဲ ဖြစ်တတ်တဲ့အလွဲလေးတွေဖော်ပြပေးခြင်းဖြစ်ပါတယ်။

Reference & Photo Credit: Mind Warehouse

Swan Htet Paing


Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks