ကမ္ဘာကျော် Company တွေရဲ့ ကမ္ဘာကျော်အလွဲများ

လူတိုင်းအမှားနဲ့မကင်းပါဘူး ကမ္ဘာကျော်တွေလည်းအတူတူပါဘဲ။ အခုဖော်ပြပေးမှာတော့ လူတွေသန်းနဲ့ချီပြီး တိုက်ရိုက်ကြည့်ရှုနေတဲ့ presentation ပွဲမျိုးမှာမမျှော်လင့်ဘဲဖြစ်ခဲ့တဲ့အလွဲလေးတွေပါ။ ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ဖြစ်ချင်လို့ကိုဖြစ်ခဲ့တဲ့အလွဲလေးတွေအများကြီးရှိတဲ့ထဲက Tech နဲ့ပတ်သတ်တဲ့ ထင်ရှားတာ ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။


Image may contain: one or more people and phone

1. Apple (2017) Face ID Fail

၂၀၁၇ ခုနှစ်က Apple က iPhone X ကို Announce လုပ်တဲ့ချိန် Face ID ကိုစတင်မိတ်ဆက်တဲ့ချိန်မှာ Craig Federighi ရဲ့မျက်နှာနဲ့ Unlock လုပ်တာ Face ID အလုပ်မလုပ်ဘဲ fail သွားခဲ့လို့နောက်တစ်လုံးနဲ့လဲလှယ်ခဲ့ရပါတယ်။ ဒါပေမယ့်ဒီထက်အများကြီးဆိုးတာတွေရှိပါသေးတယ်။


Image may contain: phone and screen

2. Apple (2010) Connection Fail

Apple အတွက် Apple Event ပွဲတစ်ခုမှာလွဲချော်တာ ပထမဆုံးအကြိမ်မဟုတ်သေးပါဘူး။ ၂၀၁၀ ခုနှစ်က Steve Jobs က iPhone 4 မိတ်ဆက်ခဲ့ချိန်တုန်းကလည်း Safari Browser ကနေ New York Times Webpage ဝင်တာ Connection Fail ဖြစ်ပြီး Error တက်ခဲ့ပါတယ်။


Image may contain: one or more people and outdoor

3. Volvo (2010) Automatic Braking System Fail

၂၀၁၀ ခုနှစ်ကဘဲ နာမည်ကျော် Sweden car company တစ်ခုဖြစ်တဲ့ Vovlo က SC 40 Sport ကားမှာ ရှေ့မှာအဟန့်အတားတစ်ခုခုတွေ့ရင် အလိုအလျောက် Brake ဖမ်းပေးမယ့် Automatic Braking System ကိုမိတ်ဆက်ခဲ့စဉ်က System error ဖြစ်သွားလို့ထင်ပါတယ် System ကအလုပ်မလုပ်ဘဲ ရှေ့ကကုန်တင်ကားကို အရှိန်နဲ့ဝင်တိုက်ခဲ့ပါတယ်။


Image may contain: one or more people and car

4. Volvo (2015) Assist Parking Fail

၂၀၁၅ ခုနှစ်မှာလည်း Volvo ကဘဲ XC 60 မှာ assisted parking system ကိုပြသခဲ့တုန်းကလည်း ရှေ့မှာရပ်နေတဲ့လူနှစ်ယောက်ကိုဝင်တိုက်ခဲ့ပါတယ်။


Image may contain: one or more people

5. Micorsoft (2012) Touch Fail

၂၀၁၂ ခုနှစ်က Microsoft က Surface Book Tablet ကိုမိတ်ဆက်တော့ Manager Steven Sinofsky က Performance ကိုပြသချိန်မှာ Touch Screen အလုပ်မလုပ်ဘဲဟန်းနေလို့ နောက်တစ်လုံးလဲခဲ့ရပါသေးတယ်။


ဒီထက်အများကြီးဆိုးတဲ့အလွဲတွေရှိပါသေးတယ်။ ပွဲတစ်ပွဲစီစဉ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဒီလိုပွဲကြီးတွေမပြောနဲ့ သာမန်ရပ်ကွက်ထဲကပွဲလေးတွေတောင် ချောချောမွေ့မွေ့ပြီးဆုံးဖို့ဘယ်လောက်ထိခက်ခဲတယ်ဆိုတာ ပွဲစီစဉ်ဖူးတဲ့သူတွေသိပါတယ်။ လှောင်ပြောင်လိုတဲ့သဘောနဲ့တင်တာမဟုတ်ဘဲ ဖြစ်တတ်တဲ့အလွဲလေးတွေဖော်ပြပေးခြင်းဖြစ်ပါတယ်။

Reference & Photo Credit: Mind Warehouse

Swan Htet Paing


Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison