First iPhone vs First Android Phone

Original 2007 iPhone 2G Vs First Android Phone Google G1 [Video ...

ပထမဆုံး iPhone နဲ့ ပထမဆုံး Android ဖုန်းဖြစ်တဲ့ HTC Dream တွေဖြစ်ပါတယ်။ ဒီပုံလေးတွေမြင်မှဘဲ ဘာကြောင့် “Three Apples Changed the World” လို့တင်စားခေါ်ကြလဲဆိုတာနားလည်သွားတော့တယ်။ (အဓိပ္ပါယ်ကတော့ အာဒမ်ရဲ့ပန်းသီးရယ် နယူတန်ရဲ့ပန်းသီးရယ်ပြီးရင် Steve Jobs ရဲ့ ပန်းသီးက ကမ္ဘာကြီးကိုပြောင်းလဲခဲ့တဲ့ တတိယမြောက်ပန်းသီးလို့တင်စားကြတာပါ)။

Famous apples & Steve Jobs – Frits Ahlefeldt – FritsAhlefeldt.com
Three Apples that changed the World 

ဒီနှစ်ခုယှဉ်ကြည့်တဲ့အခါ Design, Build Quality, Performance တွေက ဆီနဲ့ရေလိုဘဲဘာမှမဆိုင်တာတွေ့ရပါတယ်။ ဒါတောင်ဒီနှစ်ခု နှိုင်းယှဉ်တာမမျှတပါဘူး။ iPhone က ၂၀၀၇ ဇွန်လမှာထွက်တာဖြစ်ပြီး HTC Dream or HTC  G1 ကတော့ ၂၀၀၉ ဖေဖော်ဝါရီလမှာထွက်တာဖြစ်ပါတယ်။ပထမဆုံး Android ဖုန်းတွေစထုတ်တဲ့အချိန်မှာ iPhone ကတတိယမျိုးဆက် (iPhone 3Gs) ထွက်ခါနီးနေပါပြီ။ ဈေးလည်းကွာတယ်ဆိုပေမယ့် ထွက်တဲ့ချိန်လည်း ၂ နှစ်ကွာပါတယ်။  

Сравнение первого iPhone и первого смартфона на Android (видео ...

  HTC Dream က Touch ကလည်းသိပ်မမိသလို လိုအပ်ချက်တွေလည်းအများကြီးရှိနေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း Consumer တွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ iPhone တွေက အချိန်တိုအတွင်းလူကြိုက်များလာတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် Samsung ကပါ Android ထဲဝင်လာတဲ့အချိန်မှာတော့ တော်တော်လေးကောင်းတဲ့ Android ဖုန်းတွေပေါ်ထွက်လာပါပြီ။

Samsung Galaxy S Price in India, Specifications, Comparison (3rd ...
Samsung ရဲ့ပထမဆုံး Flagship Android ဖုန်း Galaxy S (2010)


ဒါပေမယ့် HTC ရဲ့ iPhone ထက်သာတဲ့အချက်တွေလည်းရှိပါသေးတယ်။ ပထမဆုံး Android version မှာတင် Video ရိုက်လို့ရပါတယ်။ Control Center, Notification Center, Multitasking အစရှိတာတွေလည်းပါနေပါပြီ။ အဲ့ဒီအချိန်ထိ iPhone မှာဒီ feature တွေတစ်ခုမှသုံးလို့မရသေးပါဘူး။  

From the HTC Dream to 2018: Android turns 10 today! | AndroidPIT

Multitasking က iOS 4 (2010), Notification Center က iOS 5 (2011), Control Center က iOS 7 (2013) မှာမှစပြီးပါလာတာဖြစ်ပါတယ်။ ပထမဆုံး Video Record လုပ်လို့ရတဲ့ iPhone ကလည်း Android ထွက်ပြီး ၄လအကြာမှာမှထွက်ရှိလာတာဖြစ်ပါတယ်။

ဖုန်းတိုင်းမှာတော့ အားသာချက်အားနည်းချက်တွေရှိပါတယ်။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဖုန်းကသာကိုယ့်အတွက်အကောင်းဆုံးပါ။ မျက်မောက်ခေတ် Smartphone လောကကိုလွှမ်းမိုးထားတဲ့ Operating System နှစ်ခုရဲ့ပထမခြေလှမ်းတွေကို Throwback အနေနဲ့တင်ဆက်ပေးခြင်းသာဖြစ်ပါတယ်။ 

Photo credit

Swan Htet Paing 

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks