First iPhone vs First Android Phone

ပထမဆုံး iPhone နဲ့ ပထမဆုံး Android ဖုန်းဖြစ်တဲ့ HTC Dream တွေဖြစ်ပါတယ်။ ဒီပုံလေးတွေမြင်မှဘဲ
ဘာကြောင့် “Three Apples Changed the World” လို့တင်စားခေါ်ကြလဲဆိုတာနားလည်သွားတော့တယ်။ (အဓိပ္ပါယ်ကတော့ အာဒမ်ရဲ့ပန်းသီးရယ် နယူတန်ရဲ့ပန်းသီးရယ်ပြီးရင် Steve Jobs ရဲ့ ပန်းသီးက ကမ္ဘာကြီးကိုပြောင်းလဲခဲ့တဲ့ တတိယမြောက်ပန်းသီးလို့တင်စားကြတာပါ)။

Three Apples that changed the World
ဒီနှစ်ခုယှဉ်ကြည့်တဲ့အခါ Design, Build Quality, Performance တွေက ဆီနဲ့ရေလိုဘဲဘာမှမဆိုင်တာတွေ့ရပါတယ်။ ဒါတောင်ဒီနှစ်ခု နှိုင်းယှဉ်တာမမျှတပါဘူး။ iPhone က ၂၀၀၇ ဇွန်လမှာထွက်တာဖြစ်ပြီး HTC Dream or HTC G1 ကတော့ ၂၀၀၉ ဖေဖော်ဝါရီလမှာထွက်တာဖြစ်ပါတယ်။ပထမဆုံး Android ဖုန်းတွေစထုတ်တဲ့အချိန်မှာ iPhone ကတတိယမျိုးဆက် (iPhone 3Gs) ထွက်ခါနီးနေပါပြီ။ ဈေးလည်းကွာတယ်ဆိုပေမယ့် ထွက်တဲ့ချိန်လည်း ၂ နှစ်ကွာပါတယ်။

HTC Dream က Touch ကလည်းသိပ်မမိသလို
လိုအပ်ချက်တွေလည်းအများကြီးရှိနေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း Consumer တွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့
iPhone တွေက
အချိန်တိုအတွင်းလူကြိုက်များလာတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် Samsung ကပါ Android ထဲဝင်လာတဲ့အချိန်မှာတော့
တော်တော်လေးကောင်းတဲ့ Android ဖုန်းတွေပေါ်ထွက်လာပါပြီ။

Samsung ရဲ့ပထမဆုံး Flagship Android ဖုန်း Galaxy S (2010)
ဒါပေမယ့် HTC
ရဲ့ iPhone ထက်သာတဲ့အချက်တွေလည်းရှိပါသေးတယ်။
ပထမဆုံး Android version မှာတင် Video
ရိုက်လို့ရပါတယ်။ Control
Center, Notification Center, Multitasking အစရှိတာတွေလည်းပါနေပါပြီ။ အဲ့ဒီအချိန်ထိ iPhone မှာဒီ feature တွေတစ်ခုမှသုံးလို့မရသေးပါဘူး။

Multitasking က iOS 4 (2010), Notification Center က iOS 5 (2011),
Control Center က iOS 7
(2013) မှာမှစပြီးပါလာတာဖြစ်ပါတယ်။
ပထမဆုံး Video Record လုပ်လို့ရတဲ့ iPhone
ကလည်း Android ထွက်ပြီး
၄လအကြာမှာမှထွက်ရှိလာတာဖြစ်ပါတယ်။
ဖုန်းတိုင်းမှာတော့
အားသာချက်အားနည်းချက်တွေရှိပါတယ်။
ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဖုန်းကသာကိုယ့်အတွက်အကောင်းဆုံးပါ။ မျက်မောက်ခေတ် Smartphone လောကကိုလွှမ်းမိုးထားတဲ့ Operating System နှစ်ခုရဲ့ပထမခြေလှမ်းတွေကို Throwback အနေနဲ့တင်ဆက်ပေးခြင်းသာဖြစ်ပါတယ်။
Photo credit
Swan Htet Paing