လူသိနည်းတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းများ

အများသိထားကြသလို iPhone ကပထမဆုံး အင်တာနက်သုံးလို့ရတဲ့ smartphone မဟုတ်ပါဘူး၊ iPhone 5s ကလည်း ပထမဆုံး လက်ဗွေပါတဲ့ဖုန်းမဟုတ်သလို၊ Sony Xperia Z ကလည်း ပထမဆုံးရေစိုခံဖုန်းမဟုတ်ပါဘူး။ iPhone X ကလည်းပထမဆုံး Notch ပါတဲ့ဖုန်းမဟုတ်သလို Nokia ရဲ့နာမည်ကျော် Snake ကလည်း ပထမဆုံး Mobile Game မဟုတ်ပါဘူး။ လူသိနည်းတဲ့ပထမဆုံးဖုန်းတွေအကြောင်းကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ အချို့အရာတွေကတော့ အထောက်အထားမခိုင်လုံလို့ အငြင်းပွားဖွယ်ရှိပါတယ်။ 


First Telephone : (1876)
မြန်မာပြည်အင်္ဂလိပ်လက်အောက်မရောက်ခင် ၁၀ နှစ်အလိုမှာ အနောက်နိုင်ငံမှာ တယ်လီဖုန်းကို အောင်မြင်စွာတီထွင်ပြီးသွားပါပြီ

Image may contain: text that says "First Telephone 1876 S.H.P"

First Mobile Phone Motorola: DynaTAC (1983)
Motorola က ပထမဆုံး mobile phone ကဒေါ်လာ ၄၀၀၀ တည်းနဲ့ရောင်းခဲ့ပါတယ် သူ့ခေတ်နဲ့သူ့ Innovation နဲ့ဆိုတော်တော်လေးကိုတန်တယ်လို့ပြောလို့ရပါတယ်

Image may contain: text that says "First Mobile Phone Motorola DynaTAC (1983) S.H.P S.H."

First Digital Display : Nokia 1011 (1992)

First Smartphone : IBM Simon (1992)
Theory အရ Computer System ပါတဲ့ဖုန်းကို Smartphone လို့ခေါ်ပါတယ်
Image may contain: text


First Smart Watch : Timex Datalink (1994)



First Internet Access Phone : Nokia 9000 Communicator (1996)
iPhone မထွက်ခင် ၁၁ နှစ်အလိုမှာ အင်တာနက်သုံးလို့ရတဲ့ဖုန်းတွေပေါ်နေပါပြီ
Image may contain: text

First Color Display : Siemens S10 (1997)

First Camera Phone: Kyocera Visual Phone VP-210 (1999)
အငြင်းပွားဖွယ်ရှိပေမယ် ကမ္ဘာ့ပထမဆုံး Camera Phone ကို Kyocera က Samsung နဲ့ Sharp တို့ထက်အနည်းငယ်စောထွက်ခဲ့တယ်လို့ဆိုပါတယ် Wiki မှာတောင်ဖော်ပြထားခြင်းမရှိပါဘူး အခုခေတ်မှာ Selfie Camera ကို Secondary Camera ကိုခေါ်ပေမယ့် ကမ္ဘာ့ပထမဆုံးကင်မရာဖုန်းမှာတော့ Selfie Camera ဘဲပါပါတယ်
Image may contain: text that says "First Camera Phone Kyocera Visual Phone VP-210 (1999) S.H.P"


First Bluetooth Phone : Ericsson T 36 (2000)

First MP3 Player Phone : Samsung SPH-M100 (2000)

First 3G Phone : Matsushita P2101V (2001)


First Dual Camera Phone : Samsung SCH-B710  (2007)
Samsung SCH-B710 အမည်မသိ Keypad ကပထမဆုံးကင်မရာနှစ်လုံးပါတဲ့ဖုန်းပါImage may contain: phone


First Dual Camera Smartphone : HTC Evo 3D (2011)
Huawei P9 နဲ့ iPhone 7 Plus မထွက်ခင် ၅ နှစ်အလို Dual Camera တွေခေတ်မစားခင်တည်းက HTC ကထုတ်ခဲ့ပါတယ်
Image may contain: phone and text

First Fingerprint Phone (Launch) : Toshiba G500 & G900 (2007)
ပထမဆုံး Fingerprint ပါတဲ့ဖုန်းကတော့ Toshiba G500 နဲ့ G900 ပါ ဒါပေမယ့် Launch လုပ်ခဲ့ပြီးဈေးကွက်ထဲတော့ရောင်းချခဲ့ခြင်းမရှိပါဘူးImage may contain: phone and text

First Fingerprint Phone (Market) : Motorola Atrix (2011)
ဈေးကွက်ထဲရောက်တဲ့ပထမဆုံး Fingerprint ပါတဲ့ဖုန်းကိုတော့ Mororola ကထုတ်ခဲ့တာပါ အများသိထားတဲ့ iPhone 5s ထက် ၂ နှစ်စောပါတယ်
Image may contain: phone and text

First Notch Phone : Essential PH-1 (2017)
ပထမဆုံး Notch လို့ခေါ်တဲ့ Screen အဟိုက်လေးပါတဲ့ဖုန်းကတော့ iPhone X မထွက်ခင် လပိုင်းအလိုမှာထွက်ရှိခဲ့တဲ့ Essential PH-1 ဖြစ်ပါတယ်။




First Waterproof Smartphone : Sony Xperia Go & Acro S 
ပထမဆုံးရေစိုခံ Smartphone ကတော့ အများသိထားတဲ့ Xperia Z ထက်တစ်နှစ်စောထွက်ထားတဲ့ Sony Xperia Go နဲ့ Acro S တို့ဖြစ်ပါတယ်



First Gaming Phone : Hagenuk MT-2000 (1994)
ပထမဆုံးဂိမ်းဆော့လို့ရတဲ့ဖုန်းကို 1994 ခုနှစ်မှာထုတ်လုပ်ခဲ့ပါတယ်

Image may contain: text


First Mobile Game : Tetris (1994)
ပထမဆုံး Mobile Game က Nokia ရဲ့နာမည်ကျော် Snake ထက် ၃ နှစ်စောထွက်ထားတဲ့ Tegris ပါ

Image may contain: text

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared