လူသိနည်းတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းများ

အများသိထားကြသလို iPhone ကပထမဆုံး အင်တာနက်သုံးလို့ရတဲ့ smartphone မဟုတ်ပါဘူး၊ iPhone 5s ကလည်း ပထမဆုံး လက်ဗွေပါတဲ့ဖုန်းမဟုတ်သလို၊ Sony Xperia Z ကလည်း ပထမဆုံးရေစိုခံဖုန်းမဟုတ်ပါဘူး။ iPhone X ကလည်းပထမဆုံး Notch ပါတဲ့ဖုန်းမဟုတ်သလို Nokia ရဲ့နာမည်ကျော် Snake ကလည်း ပထမဆုံး Mobile Game မဟုတ်ပါဘူး။ လူသိနည်းတဲ့ပထမဆုံးဖုန်းတွေအကြောင်းကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ အချို့အရာတွေကတော့ အထောက်အထားမခိုင်လုံလို့ အငြင်းပွားဖွယ်ရှိပါတယ်။ 


First Telephone : (1876)
မြန်မာပြည်အင်္ဂလိပ်လက်အောက်မရောက်ခင် ၁၀ နှစ်အလိုမှာ အနောက်နိုင်ငံမှာ တယ်လီဖုန်းကို အောင်မြင်စွာတီထွင်ပြီးသွားပါပြီ

Image may contain: text that says "First Telephone 1876 S.H.P"

First Mobile Phone Motorola: DynaTAC (1983)
Motorola က ပထမဆုံး mobile phone ကဒေါ်လာ ၄၀၀၀ တည်းနဲ့ရောင်းခဲ့ပါတယ် သူ့ခေတ်နဲ့သူ့ Innovation နဲ့ဆိုတော်တော်လေးကိုတန်တယ်လို့ပြောလို့ရပါတယ်

Image may contain: text that says "First Mobile Phone Motorola DynaTAC (1983) S.H.P S.H."

First Digital Display : Nokia 1011 (1992)

First Smartphone : IBM Simon (1992)
Theory အရ Computer System ပါတဲ့ဖုန်းကို Smartphone လို့ခေါ်ပါတယ်
Image may contain: text


First Smart Watch : Timex Datalink (1994)



First Internet Access Phone : Nokia 9000 Communicator (1996)
iPhone မထွက်ခင် ၁၁ နှစ်အလိုမှာ အင်တာနက်သုံးလို့ရတဲ့ဖုန်းတွေပေါ်နေပါပြီ
Image may contain: text

First Color Display : Siemens S10 (1997)

First Camera Phone: Kyocera Visual Phone VP-210 (1999)
အငြင်းပွားဖွယ်ရှိပေမယ် ကမ္ဘာ့ပထမဆုံး Camera Phone ကို Kyocera က Samsung နဲ့ Sharp တို့ထက်အနည်းငယ်စောထွက်ခဲ့တယ်လို့ဆိုပါတယ် Wiki မှာတောင်ဖော်ပြထားခြင်းမရှိပါဘူး အခုခေတ်မှာ Selfie Camera ကို Secondary Camera ကိုခေါ်ပေမယ့် ကမ္ဘာ့ပထမဆုံးကင်မရာဖုန်းမှာတော့ Selfie Camera ဘဲပါပါတယ်
Image may contain: text that says "First Camera Phone Kyocera Visual Phone VP-210 (1999) S.H.P"


First Bluetooth Phone : Ericsson T 36 (2000)

First MP3 Player Phone : Samsung SPH-M100 (2000)

First 3G Phone : Matsushita P2101V (2001)


First Dual Camera Phone : Samsung SCH-B710  (2007)
Samsung SCH-B710 အမည်မသိ Keypad ကပထမဆုံးကင်မရာနှစ်လုံးပါတဲ့ဖုန်းပါImage may contain: phone


First Dual Camera Smartphone : HTC Evo 3D (2011)
Huawei P9 နဲ့ iPhone 7 Plus မထွက်ခင် ၅ နှစ်အလို Dual Camera တွေခေတ်မစားခင်တည်းက HTC ကထုတ်ခဲ့ပါတယ်
Image may contain: phone and text

First Fingerprint Phone (Launch) : Toshiba G500 & G900 (2007)
ပထမဆုံး Fingerprint ပါတဲ့ဖုန်းကတော့ Toshiba G500 နဲ့ G900 ပါ ဒါပေမယ့် Launch လုပ်ခဲ့ပြီးဈေးကွက်ထဲတော့ရောင်းချခဲ့ခြင်းမရှိပါဘူးImage may contain: phone and text

First Fingerprint Phone (Market) : Motorola Atrix (2011)
ဈေးကွက်ထဲရောက်တဲ့ပထမဆုံး Fingerprint ပါတဲ့ဖုန်းကိုတော့ Mororola ကထုတ်ခဲ့တာပါ အများသိထားတဲ့ iPhone 5s ထက် ၂ နှစ်စောပါတယ်
Image may contain: phone and text

First Notch Phone : Essential PH-1 (2017)
ပထမဆုံး Notch လို့ခေါ်တဲ့ Screen အဟိုက်လေးပါတဲ့ဖုန်းကတော့ iPhone X မထွက်ခင် လပိုင်းအလိုမှာထွက်ရှိခဲ့တဲ့ Essential PH-1 ဖြစ်ပါတယ်။




First Waterproof Smartphone : Sony Xperia Go & Acro S 
ပထမဆုံးရေစိုခံ Smartphone ကတော့ အများသိထားတဲ့ Xperia Z ထက်တစ်နှစ်စောထွက်ထားတဲ့ Sony Xperia Go နဲ့ Acro S တို့ဖြစ်ပါတယ်



First Gaming Phone : Hagenuk MT-2000 (1994)
ပထမဆုံးဂိမ်းဆော့လို့ရတဲ့ဖုန်းကို 1994 ခုနှစ်မှာထုတ်လုပ်ခဲ့ပါတယ်

Image may contain: text


First Mobile Game : Tetris (1994)
ပထမဆုံး Mobile Game က Nokia ရဲ့နာမည်ကျော် Snake ထက် ၃ နှစ်စောထွက်ထားတဲ့ Tegris ပါ

Image may contain: text

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks