Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း
ဖုန်းမှာတော့ Unicode သုံးလို့ရအောင်ဘယ်လိုလုပ်ရမလဲတော်တော်များများသိပြီးကြပါပြီ။ ဒါကြောင့်အခု PC မှာ Unicode ကိုဘယ်လိုရိုက်မလဲမသိသေးတဲ့သူတွေအများကြီးရှိမယ်လို့ယူဆလို့ဖော်ပြပေးလိုက်ပါတယ်။ ဘာမှတော့ခက်ခက်ခဲခဲမဟုတ်ပါဘူး။ Built in ပါပြီးသားဖြစ်တာကြောင့် Setting ထဲကနေ Myanmar Keyboard ကိုရွေးပေးလိုက်ရုံပါဘဲ။ လွယ်လွယ်ကူကူလုပ်လို့ရအောင်တစ်ဆင့်ချင်းဖော်ပြေပေးလိုက်ပါတယ်။ ပုံမှာလည်းတစ်ဆင့်ချင်းပြထားပေးပါတယ်။
Setting ကိုသွားပါ။
Times & Language ကိုရွေးပေးပါ
Language Tab ကိုသွား Add Preferred Language ကိုရွေးပေးပါ
Search ကနေ Myanmar လို့ရိုက်ရှာပြီး Install လုပ်ပေးပါ
ဒါဆိုရင် Unicode Keyboard ထည့်တာပြီးသွားပါပြီ။
Language မှာ English ရဲ့အောက်မှာ မြန်မာစာဆိုတာပေါ်လာပါလိမ့်မယ်။
English ကနေ Myanmar (Unicode) ကို Status Bar ကနေ ENG (US) ကိုနှိပ်ပြီးပြောင်းနိုင်သလို Shortcut နဲ့အလွယ်ပြောင်းချင်ရင်တော့ Windows Key + Space Bar တွဲနှိပ်ပြီးပြောင်းလို့ရပါတယ်။
Browser မှာ Zawgyi ကိုရွေးထားခဲ့ရင်တော့ Unicode နဲ့ရေးထားတာတွေအမှန်မြင်ရဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် Browser ရဲ့ Setting ကနေ Zawgyi ကိုဖြုတ်ပေးရပါမယ်။ Unicode Font ဆိုတာသတ်သတ်ထည့်စရာမလိုပါဘူး အကုန်လုံးမှာ Built in ပါပြီးသားပါ Zawgyi ထည့်လိုက်လို့သာ ပျက်သွားတာဖြစ်ပါတယ်။
Chrome မှာ Unicode ဖြစ်အောင် Chrome > Setting > Appearance > Customize Fonts ထဲသွားပေးပါ။
Zawgyi one ဖြစ်နေတာကို နှစ်သက်ရာ Font တစ်ခုခုပြောင်းပေးပါ။
ကျွန်တော်ကတော့ Default ဖြစ်တဲ့ Times New Roman ဘဲထားပါမယ်။ ဒါဆိုရင်တော့ Unicode Font ကိုရေးတာရောဖတ်တာရောအဆင်ပြေသွားပါပြီ။
အဆင်ပြေသွားပါပြီ
မြန်မာ့စာပေမြင့်မားဖို့ Unicode ပြောင်းသုံးကြစို့