Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared
Infrared ဒီနာမည်ကိုတော့တော်တော်များများသိပ်မရင်းနှီးသလိုရှိကြပေမယ့် ကျွန်တော်တို့နေ့စဥ်ဘဝမှာလူတိုင်းနီးပါးက
နေ့တိုင်းသုံးနေကြပါတယ်။ TV Remote,
Air Con Remote Control တွေကအများအားဖြင့် Infrared Sensor နဲ့အလုပ်လုပ်တာပါ (Bluetooth, Motion Sensor, Voice Control အစရှိတာတွေသုံးတဲ့ Remote Control တွေလည်းရှိနေပြီဆိုပေမယ့်တော်တော်လေးနည်းပါသေးတယ်)
သတိထားမိကြလားမသိဘူး TV Remote တွေကတည့်တည့်ချိန်ပြီးနှိပ်မှရတယ်ဆိုတာ။ Infrared လှိုင်းကတည့်တည့်ဘဲသွားပါတယ် ကွေ့ပတ်မသွားနိုင်သလို အတားအဆီးကြီးကြီးမားမားကိုလည်းဖောက်မသွားနိုင်ပါဘူး။
ကား Door lock remote တွေကတော့ Infrared လှိုင်းနဲ့သွားတာမဟုတ်ဘဲ Radio လှိုင်းနဲ့သွားတာဖြစ်လို့တည့်တည့်ချိန်နှိပ်စရာမလိုပါဘဲ သူ့ Range အတွင်းဘယ်လိုနှိပ်နှိပ်ပွင့်ပါတယ်။
ကားသော့ဖွင့်တာချိန်ပြီးနှိပ်နေရင် TV
Remote တွေလို Infrared
စနစ်သုံးထားတာမဟုတ်ဘဲ Radio စနစ်ဖြစ်လို့မလိုကြောင်းပြောပြလို့ရပါတယ်။
Infrared Radiation ကို ၁၈၀၀ ပြည့်နှစ်တည်းကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ယနေ့တိုင်နယ်ပယ်တော်တော်များများမှာအသုံးပြုနေဆဲပါ။
ဆေးပညာ၊ မိုးလေဝသ၊ သိပ္ပံ၊ စစ်တပ် တွေသာမက Telescope, Night Vision Camera တွေမှာပါ IR Sensor တွေသုံးနေပါတယ်။ Infrared ရဲ့အသုံးဝင်ပုံတွေကတော့ပြောရင်ကုန်မှာတောင်မဟုတ်ပါဘူး။
အချို့ Mobile Phone တွေမှာ IR Sensor ပါလို့ TV, Air Con တွေကို
Remote Control အနေနဲ့ပါသုံးလို့ရပါတယ်။ Bluetooth ကတော့
၁၉၉၉ မှပေါ်ပေါက်လာတာပါ။
Bluetooth မပေါ်ခင်တုန်းကဖုန်းတွေမှာ Infrared နဲ့ Data Transfer လုပ်ခဲ့ကြပါတယ်။ Infrared လှိုင်းကကွေ့ပတ်မသွားနိုင်တာကြောင့်ဖုန်းနှစ်လုံးကိုတည့်တည့်ချိန်ပြီး
data ကူးရပါတယ် နောက်ပိုင်း
Bluetooth တွေပေါ်လာတော့မော်ဒယ်မြင့်ဖုန်းတွေမှာ
Infrared နဲ့ Bluetooth နှစ်မျိုးလုံးပါဝင်လာပါတယ်။
အဲ့ဒီအချိန်က Nokia မှာပုံသေနည်းတစ်ခုရှိပါတယ် Camera ပါရင် Infrared ပါပြီး MP3 ပါပါရင်တော့ Bluetooth ရော Infrared ရောပါတယ်။ နောက်ပိုင်းမှာတော့ Zapya တို့လို Wi-Fi သုံးပြီး High Speed Data Transfer လုပ်နိုင်တာတွေပေါ်လာတော့ Bluetooth
ကို Data Transfer အတွက်ဘယ်သူမှမသုံးကြတော့ပါဘူး။ ဒါပေမယ့် Wireless Device တွေချိတ်ဆက်ဖို့ကတော့ Bluetooth
ကယနေ့ခေတ်ဖုန်းတိုင်းမှာမရှိမဖြစ်ပါဝင်နေဆဲပါ။
#Infrared
#Bluetooth
#Throwback_Memories
Swan Htet Paing