Posts

Showing posts from March, 2021

Korea Democracy Movement

Image
ကိုရီးယားပြည်သူတွေကမြန်မာပြည်အရေးမှာတက်တက်ကြွကြွပါဝင်တာတွေ့ရတယ်။  KBS  ရုပ်သံလိုင်းမှာပြတဲ့ချိန်မှာလည်း သူတို့လည်း 1987 ခုနှစ်ဒီမိုကရေစီမရခင် လက်ရှိမြန်မာပြည်ရဲ့အခြေအနေနဲ့ဆင်တူတဲ့အခြေအနေတွေကျော်ဖြတ်ခဲ့ရတယ်ပြောသွားတယ် ဒီရက်ပိုင်းကိုရီးယားသမိုင်းကိုသေချာလေ့လာဖြစ်ခဲ့တယ်။ ဖြစ်ရပ်မှန်ရုပ်ရှင်တွေလည်းကြည့်ဖြစ်တယ်။ ဒီမိုကရေစီရဖို့ ခက်ခက်ခဲခဲတိုက်ယူခဲ့ရတယ်။ အသက်တွေလည်းအများကြီးစတေးခဲ့ရတယ်။ ဒါကြောင့်လည်းလက်ရှိမြန်မာပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့ကြတယ်။ တကယ်မိတ်ဆွေကောင်းနိုင်ငံပါ။ ဒါပြီးရင် ကိုရီးယားထုတ်ကုန်တွေကိုပိုပြီးအားပေးရမယ်။   ကိုရီးယားဒီမိုကရေစီတိုက်ပွဲဖြစ်ရပ်မှန်ရုပ်ရှင်ကြည့်ဖြစ်တာ ၃ ကားရှိပါတယ်။ - May 18 (2007) - Taxi Driver (2017) - 1987 : When the day comes (2017) ဖြစ်ရပ်မှန်ဇာတ်လမ်းတွေမို့ Spoiler alert တော့နည်းနည်းပါပါမယ်။     May 18  (2007) 1980 ခုနှစ်မေလ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ဂွမ်းဂျူးမြို့ ချိုနမ်တက္ကသိုလ်ကျောင်းသားတွေကစတင်ခဲ့တဲ့ သပိတ်မှောက်မှုကြီးအကြောင်းရိုက်ကူးထားတာပါ။ ၁၀ ရက်တာဖြစ်ပွားခဲ့တဲ့ ကာလတိုတော်လှန်ရေးဖြစ်ပေမယ့် အသက်များစွာစတေးခဲ့ရပါတယ်။   1980 ခ