BMW Series တွေနဲ့အခေါ်အဝေါ်လေးတွေပါ
BMW လို့ပြောလိုက်တာနဲ့ကမ္ဘာကျော်ဇိမ်ခံကားတွေထုတ်တဲ့ German Company ဆိုတာကလေးကစသိပါတယ်။
BMW ရဲ့နာမည်အပြည့်အစုံကတော့
Bayerische Motoren Werke AG (In English Bavarian
Motor Works) ဖြစ်ပြီး 1916 ခုနှစ်တည်းကတည်ထောင်ခဲ့တာဖြစ်လို့ သက်တမ်း
နှစ် ၁၀၀ ကျော်သွားပါပြီ။
1 Series
Mercedes Benz မှာ S
Class, E Class, C Class တွေရှိသလိုဘဲ BMW မှာလည်း 1 ကနေ 8 အထိ Model Range အလိုက် Series
တွေရှိပါတယ်။ ဂဏန်းပိုကြီးလေ ကားအရွယ်အစားပိုကြီးလေ
မော်ဒယ်ပိုမြင့်လေပါ။
2 Series
မဂဏန်းတွေဖြစ်တဲ့ 3 Series, 5 Series, 7 Series တွေက 4 Door Sedan တွေဖြစ်ပြီး စုံဂဏန်းတွေဖြစ်တဲ့ 2 Series, 4 Series, 6 Series, 8 Series တွေကတော့ Coupe or Coverable တွေပါ။
3 Series
1 Series ကတော့ Entry level Subcompact တွေဖြစ်ပြီး Hatchback or Sedan နဲ့လာပါတယ်။ X Series က SUV or Crossover model တွေပါ BMW ကတော့ SAV (Sport Activity Vehicle) လို့ခေါ်ပါတယ်။ Z4 ကတော့ 2 Door Roadster ပါ ။ i3, i8 တို့လို i Series ကတော့ Hybrid or Electric Model တွေဖြစ်ပါတယ်။
4 Series
740i, 730d, 745e တို့လိုအနောက်မှာပါတဲ့စာလုံးအသေးတွေကတော့ Engine အမျိူးအစားပါ i က Fuel-Injected Petrol Engine, d က Diesel, td ဆိုရင် turbodiesel, e ကတော့ Electric Motor ပါတဲ့မော်ဒယ်တွေပါ Hybrid တွေပေါ့။ (ရှေ့က i က Electric Model i Series ဖြစ်ပြီး နောက်က i ကတော့ Fuel-Injected Petrol Engine ပါ) L ကတော့ထုံးစံအတိုင်း ပိုရှည်တဲ့ Long wheelbase model တွေပါ။
5 Series
xDrive က All Wheel Drive, sDrive ကတော့ 2 Wheel Drive ပါ။ BMW မှာအများအားဖြင့် Rear Wheel Drive တွေဖြစ်ပြီး Front Wheel Drive တွေလည်းအနည်းငယ်ရှိပါတယ်။
6 Series
M ကတော့ Motorsport ပါ High Performance model တွေပါ (Mercedes မှာ AMG, Lexus F Sport တို့လိုပါဘဲ)။ M3 ဆိုရင် 3 Series ရဲ့ High Performance version ပါ။
7 Series
M8
Swan Htet Paing