Alphard မှာ Executive Lounge ထက်မြင့်တဲ့ Royal Lounge ဆိုတာ

Alphard လို MPV ကားတွေကလူများများနဲ့သက်သောင့်သက်သာစီးနိုင်ဖို့
ရည်ရွယ်ပြီးထုတ်လုပ်ထားတာြဖစ်ပြီး အများအားဖြင့် ခုံ
၃တန်းသို့မဟုတ်၄တန်းပါလေ့ရှိပါတယ်။ ဒါပေမယ့်နောက်ဆုံးတန်းတွေကမသုံးဖြစ်ဖူးဆိုရင်
အလကားနေရာပုပ်တာဘဲရှိပါတယ်။ ဒါကြောင့် Alphard Royal Lounge မှာနောက်တန်းတွေကိုဖြုတ်ပြီး
ခုံနှစ်တန်းတည်းနဲ့နောက်ခန်းကိုကျယ်ကျယ်ဝန်းဝန်းဖြစ်အောင်တည်ဆောက်ထားပါတယ်။
ဒီလောက်ကြီးတဲ့ကားမှာ တကယ်ကြီးလူ ၄ ယောက်ဘဲစီးလို့ရပါတယ်။ ရှေ့ခန်းက Driver Seat ရယ် Passenger Seat ရယ် နောက်ခန်းက
VIP ခုံနှစ်ခုံရယ်ဒါဘဲပါပါတယ်။
အရေးကြီးပုဂ္ဂိုလ်တွေအတွက် ဂျက်လေယာဉ်ပေါ်က Business Class လိုမျိုးမြေပြင်ပေါ်မှာနေ့စဉ်စီးနိုင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။
ရိုးရိုး Alphard ဈေးကဒေါ်လာ ၅၀၀၀၀
လောက်ကပြီး Executive Lounge ကတော့ ဒေါ်လာ ၇၀၀၀၀ လောက်ကစပါတယ်။ Royal Lounge ကတော့အနိမ့်ဆုံးဒေါ်လာ ၁၂၀၀၀၀ လောက်ကစပါတယ်။ မြန်မာပြည်ကိုသွင်းမယ်ဆိုရင် Brand New ကို သိန်း ၄၅၀၀-၅၀၀၀
လောက်ကျနိုင်ပါတယ်။
နောက်ခန်းက Massage
Function တွေပါတဲ့ VIP ခုံနှစ်ခုံကိုနောက်အထိလှန်လို့ရပါတယ်။ ထို့ပြင် LED စာကြည့်မီးများ၊ ခေါက်စားပွဲ၊ Air Con Control တွေအကုန်လုံးကို
Touch Screen ကနေအကုန်လုပ်လို့ရပါတယ်။
နောက်ခန်းမှ ၂၄ လက်မအရွယ်ရှိတဲ့ TV တစ်လုံးလည်းပါပြီး မလိုလည်းခေါက်သိမ်းထားလို့ရပါတယ်။ SP Grade မှာဆို
ရှေ့ခန်းနဲ့နောက်ခန်းကို Privacy
Screen နဲ့လည်းခြားထားလို့ရပါတယ်။ လိုအပ်ရင်ဖွင့်ပိတ်လုပ်လို့ရသလို
မှန်ကိုလည်း အကြည်လား၊ အဝါးလားပြောင်းလို့ရပါသေးတယ်။