Alphard မှာ Executive Lounge ထက်မြင့်တဲ့ Royal Lounge ဆိုတာ


Image may contain: people sitting

Alphard လို MPV ကားတွေကလူများများနဲ့သက်သောင့်သက်သာစီးနိုင်ဖို့ ရည်ရွယ်ပြီးထုတ်လုပ်ထားတာြဖစ်ပြီး အများအားဖြင့် ခုံ ၃တန်းသို့မဟုတ်၄တန်းပါလေ့ရှိပါတယ်။ ဒါပေမယ့်နောက်ဆုံးတန်းတွေကမသုံးဖြစ်ဖူးဆိုရင် အလကားနေရာပုပ်တာဘဲရှိပါတယ်။ ဒါကြောင့် Alphard Royal Lounge မှာနောက်တန်းတွေကိုဖြုတ်ပြီး ခုံနှစ်တန်းတည်းနဲ့နောက်ခန်းကိုကျယ်ကျယ်ဝန်းဝန်းဖြစ်အောင်တည်ဆောက်ထားပါတယ်။ ဒီလောက်ကြီးတဲ့ကားမှာ တကယ်ကြီးလူ ၄ ယောက်ဘဲစီးလို့ရပါတယ်။ ရှေ့ခန်းက Driver Seat ရယ် Passenger Seat ရယ် နောက်ခန်းက VIP ခုံနှစ်ခုံရယ်ဒါဘဲပါပါတယ်။ အရေးကြီးပုဂ္ဂိုလ်တွေအတွက် ဂျက်လေယာဉ်ပေါ်က Business Class လိုမျိုးမြေပြင်ပေါ်မှာနေ့စဉ်စီးနိုင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

New Toyota Alphard Royal Lounge partition picture, front view ...

ရိုးရိုး Alphard ဈေးကဒေါ်လာ ၅၀၀၀၀ လောက်ကပြီး Executive Lounge ကတော့ ဒေါ်လာ ၇၀၀၀၀ လောက်ကစပါတယ်။ Royal Lounge ကတော့အနိမ့်ဆုံးဒေါ်လာ ၁၂၀၀၀၀ လောက်ကစပါတယ်။ မြန်မာပြည်ကိုသွင်းမယ်ဆိုရင် Brand New ကို သိန်း ၄၅၀၀-၅၀၀၀ လောက်ကျနိုင်ပါတယ်။

နောက်ခန်းက Massage Function တွေပါတဲ့ VIP ခုံနှစ်ခုံကိုနောက်အထိလှန်လို့ရပါတယ်။ ထို့ပြင် LED စာကြည့်မီးများ၊ ခေါက်စားပွဲ၊ Air Con Control တွေအကုန်လုံးကို Touch Screen ကနေအကုန်လုပ်လို့ရပါတယ်။ နောက်ခန်းမှ ၂၄ လက်မအရွယ်ရှိတဲ့ TV တစ်လုံးလည်းပါပြီး မလိုလည်းခေါက်သိမ်းထားလို့ရပါတယ်။ SP Grade မှာဆို ရှေ့ခန်းနဲ့နောက်ခန်းကို Privacy Screen နဲ့လည်းခြားထားလို့ရပါတယ်။ လိုအပ်ရင်ဖွင့်ပိတ်လုပ်လို့ရသလို မှန်ကိုလည်း အကြည်လား၊ အဝါးလားပြောင်းလို့ရပါသေးတယ်။

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks