Apple ID ကိုမြန်မာ Region နဲ့တရားဝင်သုံးလို့ရပါပြီ




Apple ကပြီးခဲ့တဲ့လ ၂၃ ရက်နေ့က App Store အတွက် Region အသစ် ၂၀ ကိုကြေညာခဲ့ပါတယ်အဲ့ဒီထဲမှာမြန်မာလည်းပါဝင်လာပါတယ်။ ထပ်တိုး Region အသစ် ၂၀ ကတော့

  • Afghanistan
  • Gabon
  • Cote d’Ivoire
  • Georgia
  • Maldives
  • Serbia
  • Bosnia and Herzegovina
  • Cameroon
  • Iraq
  • Kosovo
  • Libya
  • Montenegro
  • Morocco
  • Mozambique
  • Myanmar
  • Nauru
  • Rwanda
  • Tonga
  • Zambia
  • Vanuatu
တွေဖြစ်ပါတယ်။ ဒါကြောင့်အခုဆိုရင် App Store ကိုတရားဝင်သုံးနိုင်တဲ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံအထိရှိလာပါပြီ။

Myanmar Region ကိုတရားဝင်သုံးနိုင်ပြီဖြစ်လို့ အရင်လို US Region နဲ့ Fake Address တွေထည့်ပြီးလိပ်စာတစ်ခုတည်းမှာလူတွေထောင်သောင်းချီပြီးစုနေစရာမလိုတော့ဘူးပေါ့။ မြန်မာပြည်က Visa Card တွေလည်း Payment မှာထည့်သုံးနိုင်ပါပြီ MPU တွေတော့မရသေးပါဘူး။ လက်ရှိသုံးနေတဲ့ US Account တွေကို Myanmar Region ပြောင်းချင်ရင် App Store ကနေ Change Country or Region ကနေလုပ်ပေးရုံပါဘဲ။ လိုအပ်တဲ့ Postal Code တွေကို Google မှာရှာလို့ရပါတယ်အောက်မှာလည်းဖော်ပြထားပေးပါတယ်။ Account ထဲမှာ Credit ကျန်ရင်တော့ Apple Support မှာ Chat ပြီး Remove Credit လုပ်ခိုင်းပြီးမှပြောင်းလို့ရပါမယ်။

Myanmar Store ဖြစ်သွားပေမယ့် Paid App တွေဈေးကိုတော့ MMK နဲ့မပြဘဲ USD နဲ့သာ Purchase လုပ်ရမှာပါ။ (Google Play Store မှာလည်း MMK နဲ့ပြပေမယ့် တကယ်ဝယ်ရင် USD နဲ့ဘဲဖြတ်တာပါ) ။ လက်ရှိသုံးနေတဲ့ iTunes Gift Card တွေကတော့ US Store အတွက်ဖြစ်တာကြောင့်သုံးမရပါဘူး။ ထို့အပြင် App တွေလည်းသိပ်မစုံသေးတာကြောင့် Region ပြောင်းတာထက်စာရင် နောက်တစ်ကောင့်ဖွင့်တာကပိုအဆင်ပြေလောက်ပါမယ်။ ရန်ကုန်ကမြို့နယ်တွေအလိုက် Postal Code တွေကိုဖော်ပြပေးလိုက်ပါတယ်။

Ahlone – 11121
Aung San – Insein – 11012
Bahan – Bahan – 11201
Bayintnaung Market (Thamine) – Mayangone – 11062
Bogyoke Market – Pabedan – 11143
Botahtaung – Botahtaung – 11162
Botahtaung – Botahtaung – 11161
Dagon – Dagon – 11191
Dagon Myothit (North) – Dagon Myothit (North) – 11421
Dagon Myothit (South) – Dagon Myothit (South) – 11431
Dawbon – Dawbon – 11241
Hlaing – Hlaing – 11051
Hlaing Thar Yar – Hlaing Thar Yar – 11401
Insein – Insein – 11011
Kaba Aye – Mayangone – 11061
Kamayut – Kamayut – 11041
Kyauk Tan – Kyauk Tan – 11301
Kyauktada – Kyauktada – 11182
Kyeemyindaing – Kyimyindaing – 11101
Lanmadaw – Lanmadaw – 11131
Mingalar Taung Nyunt – Mingalar Taung Nyunt – 11221
Mingalardon – Mingalardon – 11021
Okkalapa (North) – Okkalapa (North) – 11031
Okkalapa (South) – Okkalapa (South) – 11091
Pabedan – Pabedan – 11141
Pazundaung – Pazundaung – 11171
Pyi Thar Yar – Yankin – 11082
Sanchaung – Sanchaung – 11111
Shwe Pyi Thar – Shwe Pyi Thar – 11411
Shwepaukan – Okkalapa (North) – 11032
Tamwe – Tamwe – 11211
Tanyin – Tanyin – 11291
Thamine College – Hlaing – 11052
Tharkayta – Tharkayta – 11231
Theingyi Market – Pabedan – 11142
Thingangyun – Thingangyun – 11071
Thuwunna – Thingangyun – 11072
Yangon (Main Post Office) – Yangon – 11181
Yangon Station – Mingalar Taung Nyunt – 11222
Yankin – Yankin – 11081

တွေဖြစ်ပါတယ်။

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared