မြန်မာပြည်မှာ Brand New ကားဝယ်လိုအား ၂ နှစ်အတွင်း ၃ ဆကျော်မြင့်တက်
မြန်မာနိုင်ငံမှာဟိုးအရင်တည်းက ဂျပန်ကျကားဟောင်းများကိုသာ အစဉ်အဆက်စီးခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ပြည်သူတွေမျက်စိပွင့်နားပွင့်ဖြစ်လာကြပြီး ကားသစ်တွေဝယ်စီးလာကြပါပြီ။ Semi Knocked Down (SKD) လို့ခေါ်တဲ့မြန်မာပြည်မှာတပ်ဆင်တဲ့ကားတွေတဟုန်တိုး ခေတ်စားလာတဲ့ 2018 ခုနှစ်မှာ ကားအသစ်ရောင်းအား 112% ထိတက်လာခဲ့ပါတယ်။ 2019 ခုနှစ်မှာတော့အစီးရေ 21000 ကျော်ရောင်းရခဲ့တာကြောင့် 2017 နဲ့ယှဉ်ရင် ၂ နှစ်အတွင်း 320% အထိတက်လာပါတယ်။ အခုချိန်မှာတော့သိန်း ၃၀၀ လောက်သုံးနိုင်တဲ့သူတော်တော်များများ Brand New တွေဘဲဝယ်စီးဖို့အားသန်လာကြပါပြီ။ ပြီးခဲ့တဲ့ 2019 ခုနှစ်အတွင်းမှာ Brand အသစ်များစွာထပ်မံဝင်ရောက်ခဲ့တာကြောင့် ကားသစ်ရောင်းအားထပ်တက်ဖို့အလားအလာကောင်းခဲ့ပေမယ့် ကပ်ရောဂါကြောင့်မနှစ်ကရောင်းအားကိုတော့မီနိုင်ဖွယ်မရှိပါဘူး။ SKD ကားများဟာဈေးချင်းတူရင် ဂျပန်ကျကားများကိုမမီပေမယ့် ရန်ကုန်လိုင်စင်ရခြင်း၊ မြန်မာပြည်လမ်းကြောနဲ့ကိုက်ညီတဲ့ဘယ်မောင်းဖြစ်ခြင်း၊ 0 Kilo ဖြစ်ခြင်း၊ Service & Spare Part များပိုမိုအဆင်ပြေနိုင်ခြင်းစသည်တို့ကြောင့် ရောင်းအားနှစ်စဉ်တိုးတက်လျှက်ရှိပါတယ်။