Hijet တို့လို Mini Truck လေးတွေက Highway သွားရလောက်အောင် ကြံ့ခိုင်မှုမကောင်းပါဘူး

Daihatsu HIJET TRUCK 660cc, 2013, new for sale
Daihatsu Hijet

Mini Truck ဆိုတာတော့ Hijet ဘဲရှိတာမဟုတ်ပါဘူး။ မြန်မာပြည်မှာအသုံးများတာဆို Daihatsu Hijet, Mitsubishi Minicab, Nissan Clipper, Suzuki Carry, Subaru Sambar အစရှိတာတွေအများကြီးပါ ဒါပေမယ့် ဒီ Post မှာတော့ Most Well Known ဖြစ်လို့ Hijet လို့ဘဲဆက်သုံးပါမယ်။
Used 2010 MITSUBISHI MINICAB TRUCK Mini Vehicle for sale | every
Mitsubishi Minicab
Hijet လိုကားတွေကစက်ရုံ၊ အလုပ်ရုံ၊ လယ်ကွင်း၊ အိမ်ယာဝင်းတို့လို Private Area တွေမှာပေါ့ပေါ့ပါးပါးပစ္စည်းလေးတွေသယ်ဖို့ရည်ရွယ်ပြီးထုတ်ထားတာဖြစ်ပြီး ဆီစားသက်သာအောင် 1000 cc အောက် (အများအားဖြင့် 660 cc) အင်ဂျင်သေးသေးလေးတွေသုံးထားတာပါ။ ဒီလိုကားတွေနဲ့လူ ၁၀ ယောက်ကနေ ၁၅ ယောက်လောက်စီးပြီးတောင်တက်ခရီးတွေပါသွားတာက ကိုယ့်အသက်ကိုလောင်းကြေးထပ်ပြီးကံစမ်းမဲနှိုက်နေသလိုပါဘဲ။ နိုင်ငံတော်တော်များများမှာတော့ Light Truck တွေကိုရှေ့ခန်း ၂ ယောက်ဘဲစီးခွင့်ပြုထားတယ်လို့သိရပါတယ်။

Japan used Nissan Clipper Truck Small 2013 for Sale-3335500
Nissan Clipper
US မှာ ပြည်နယ် ၅၀ ရှိတဲ့အနက် ပြည်နယ် ၂၀ မှာ Hijet တွေကို ကြံ့ခိုင်မှုကြောင့် ပြည်သူပိုင်လမ်းမပေါ်တက်မောင်းခွင့်မပြုထားပါဘူး (Private Area တွေမှာဘဲစီးလို့ရပါတယ်) ။ အချို့ပြည်နယ်တွေမှာတော့ Speed Limit မရှိဘဲသွားခွင့်ပြုထားပေမယ့် အချို့ပြည်နယ်များမှာ 25 mph (40 km/h) ‌နဲ့ 35 mph (56 km/h) ထိဘဲခွင့်ပြုထားပါတယ်။ အချို့ပြည်နယ်တွေမှာတော့အလုပ်ရုံကနေ မိုင်အကန့်အသတ်နဲ့သာ Public Area တွေကိုသွားခွင့်ပြုထားပါတယ်။ Interstate Highway တွေကိုတော့တစ်နိုင်ငံလုံးသွားခွင့်မပေးထားပါဘူး။

Subaru Sambar
Subaru Sambar
မြန်မာပြည်မှာတော့အခြေအနေအရနောက်ခန်းကိုပါအကန့်အသတ်မရှိလူစီးနိုင်ပြီး အမြန်လမ်းပေါ်ထိတက်ခွင့်ပြုထားပါတယ်။ Highway မဖြစ်မနေသွားမယ်ဆိုရင်လည်း ဒီကားလေးတွေရဲ့ကြံ့ခိုင်မှုအရ အများဆုံး 60km/h လောက်ဘဲမောင်းသင့်ပါတယ်။ အစိုးရကတရားဝင်ခွင့်ပြုထားတာလည်း ကီလို ၆၀ ပါဘဲ Hijet စီးနေတဲ့သူတွေကိုပုတ်ခတ်လိုခြင်းမဟုတ်ပါဘူး။ လူ ၁၀ ယောက်ကျော်တင်မှကိုက်မယ်ဆိုတာလည်း နားလည်ပါတယ်။ ဒါပေမယ့်လူကိုလူလိုတန်ဖိုးထားစေချင်ရုံသက်သက်ပါခင်ဗျာ။

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared