iOS version တွေအလိုက် ပါဝင်လာသော Feature သစ်များ
Apple
မှာ iOS, iPad
OS, macOS, watchOS နှင့် tvOS ဆိုပြီး အဓိကကိုယ်ပိုင် Operating System ၅ ခုရှိပါတယ်
(အားလုံးပေါင်းဆိုအများကြီးပါ)။
အခု iPhone,
iPad, iPod Touch တွေပေါ်မှာမောင်းနှင်ထားတဲ့ Operating System ဖြစ်တဲ့ iOS ရဲ့ version တွေအလိုက်
တိုးတက်ပြောင်းလဲလာပုံတွေကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။
အချို့ဟာတွေကမှတ်မိသလောက်ရေးထားတာမို့ အနည်းငယ်လွဲနေတာတွေပါရင်
ထောက်ပြပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။
iPhone OS 1 (2007)
၂၀၀၇ ခုနှစ်မှာ iPhone တွေစထုတ်တော့
Apple ရဲ့ဖခင်ကြီး
Steve Jobs က macOS ကိုအခြေခံထားတဲ့ Mobile
Operating System ဖြစ်တဲ့ iPhone
OS ကိုပါမိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းကတော့ iPhone OS လို့ဘဲခေါ်ခဲ့တာဖြစ်ပြီး
၂၀၁၀ ခုနှစ်မှာ iPad တွေပါထုတ်လာတဲ့ချိန်ကျမှ iOS လို့နာမည်ပြောင်းခဲ့တာဖြစ်ပါတယ်။ 2019 ခုနှစ်မှာတော့ iPad များအတွက်သီးသန့် Feature
များစွာပါဝင်လာကြောင့် iPad OS ဟုသတ်သတ်ခွဲထွက်ခဲ့ပါတယ်။ Nokia ရဲ့ Symbian OS တွေမင်းမူနေတဲ့ချိန်မှာ Smartphone အစစ်ဆိုတာဘာလဲပြခဲ့တယ်ဆိုလည်းမှားမယ်မထင်ပါဘူး
(အဲ့ချိန်တုန်းက Andriod လည်းမပေါ်သေးပါဘူး)။ ပထမဆုံး version မှာတင် Multi Touch သုံးလို့ရနိုင်သလို Mail, iTunes, Google Map, YouTube,
Safari Browser, Stocks app တွေလည်း Built in ပါဝင်ပါတယ်
(Google ရဲ့ Map နဲ့ YouTube တွေလည်း iOS
5 အထိတောက်လျှောက်ပါဝင်ခဲ့ပေမယ့် iOS 6 မှာ Apple Map ကိုစတင်ဖြန့်ချီချိန်မှ
ဆက်လက်ပါဝင်လာတော့ခြင်းမရှိတာဖြစ်ပါတယ်)။ ဒါပေမယ့် App Store မပါသေးလို့ Third Party App တွေသုံးလို့မရသေးပါဘူး။
iPhone OS 1.1 Update မှာတော့ iPod
Touch တွေအတွက်ပါ ပထမဆုံးအနေနဲ့ထုတ်ပေးခဲ့ပါတယ် ဒါပေမယ့် iPhone OS လို့ဘဲဆက်လက်သုံးနှုန်းခဲ့ပါတယ်။ပထမဆုံးထုတ်ခဲ့တဲ့ iPhone ကို 2G network ဘဲရလို့ iPhone 2G, First Generation iPhone, Original iPhone, iPhone 1 ဆိုပြီးအမျိုးမျိုးခေါ်ကြပေမယ့် သူ့ရဲ့မူလနာမည်ကတော့ iPhone ဘဲဖြစ်ပါတယ်။
iPhone OS 2 (2008)
၂၀၀၈ ခုနှစ်မှာ
ဒုတိယမျိုးဆက်ဖြစ်တဲ့ iPhone
3G နဲ့အတူ iOS
version အသစ်ကိုပါဖြန့်ချီခဲ့ပါတယ်။ မနှစ်ကထွက်ထားတဲ့ iPhone အတွက်ပါ
version အသစ်ထုတ်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာလည်း iPhone အသစ်ထွက်တိုင်း
iOS version အသစ်ပါထုတ်ပေးပြီး အရင်ထွက်ရှိထားတဲ့မော်ဒယ်များအတွက်ပါ version update ထုတ်ပေးခဲ့ပါတယ်။
ဒီ version မှာအကြီးမားဆုံးအပြောင်းအလဲကတော့ App Store ပါဝင်လာခဲ့ပြီဖြစ်လို့ Third Party App တွေကိုစိတ်ကြိုက်
install လုပ်ပြီးသုံးနိုင်ပြီဖြစ်သလို Screen Shot လည်းရိုက်လို့ရလာပါပြီ။
အဲ့ဒီအချိန်က App Store ပေါ်မှာ app ပေါင်း ၅၀၀ ခန့်သာရှိပါသေးတယ်။
iPhone OS 3 (2009)
၂၀၀၉ ခုနှစ်မှာ iPhone 3Gs နဲ့အတူထွက်ရှိလာတဲ့
iPhone OS 3 မှာတော့ Copy
/ Cut feature သုံးလို့ရလာပြီဖြစ်သလို Video ပါရိုက်ကူးလို့ရလာပြီဖြစ်လို့ အရင်ထက်ပိုပြီး Smart ကျလာပြီလို့ဆိုရပါမယ်။
(iPhone 3Gs တစ်မျိုးဘဲ video
ရိုက်လို့ရပါတယ်) အရင်က iPhone တွေမှာဓာတ်ပုံဘဲရိုက်လို့ရပါတယ်။ ထို့အပြင် Multimedia Message ပါပို့လို့ရလာပြီဖြစ်လို့
SMS app ကို Message လို့နာမည်ပြောင်းခဲ့ပါတယ်။ ဖုန်းပျောက်ရင်ရှာလို့ရမယ့် Find My iPhone ဆိုတဲ့
feature လည်းစပြီးပါဝင်လာပါတယ် (အဲ့ဒီအချိန်ကတော့ Apple’s MobileMe Service လို့ခေါ်ခဲ့ပါတယ်)။ Spotlight Search လည်းစတင်ပါဝင်လာပြီဖြစ်ပြီး
ဖုန်းက internet connection ကို Computer
နဲ့ချိတ်ပြီးသုံးနိုင်မယ့် USB Tethering လည်းစပြီးသုံးလို့ရပါပြီ။
iOS 3.2 ကတော့ iPad တွေအတွက် ပထမဆုံး version ပါ။
iOS 4 (2010)
၂၀၁၀ ပြည့်နှစ် iPhone 4 နဲ့အတူထွက်ရှိလာတဲ့ iPhone 4 မှာတော့့ All New Version လို့ဆိုရလောက်အောင် အပြောင်းအလဲအများကြီးနဲ့ထွက်လာပါတယ်။ ပထမဆုံးနဲ့အကြီးဆုံးအပြောင်းအလဲကတော့ iPad တွေပါထုတ်လာပြီဖြစ်လို့ iPhone OS ကနေ iOS လို့ပြောင်းလဲခဲ့ပါတယ်။ ထို့ပြင်အခုချိန်ထိလူသုံးများနေဆဲ feature တွေဖြစ်တဲ့ iPhone အချင်းချင်း Video Call ခေါ်နိုင်မယ့် Facetime, iPhone ပေါ်မှာ eBook တွေဖတ်နိုင်မယ့် iBooks, App တစ်ခုနဲ့တစ်ခုအလွယ်ကူးပြောင်းနိုင်မယ့် Multitasking အစရှိတဲ့ feature များအပြင် Air Play, Air Print, Personal Hotspot (iPhone 4 only), Game Center တွေလည်းစပြီးပါဝင်လာပါပြီ။ Home Screen ပေါ်က App တွေကို Folder ဆောက်ပြီး စုထားနိုင်ပါပြီ။

iOS 5 (2011)
၂၀၁၁ ခုနှစ်မှာ iPhone 4s နဲ့အတူ iOS 5 ထွက်ရှိလာပါတယ်။ ဒီအချိန်မှာ Wireless စနစ်တွေများစွာတိုးတက်ပြောင်းလဲလာပြီဖြစ်တာကြောင့် မိမိတို့ရဲ့ Data များကို Cloud Storage ပေါ်မှာသိမ်းဆည်းထားနိုင်မယ့် iCloud, iPhone အချင်းချင်း internet connection ဖြင့်အခမဲ့ Message အပြန်အလှန်ပို့နိုင်မယ့် iMessage, Virtual Assistant Service တစ်ခုဖြစ်တဲ့ Siri တို့ပါဝင်လာခဲ့သလို ဒီ version ကစပြီး iPhone, iPad, iPod Touch တွေကို ကွန်ပျူတာနဲ့ချိတ်စရာမလိုဘဲ Activate လုပ်နိုင်ပါပြီ။ အရင်ကဆိုကွန်ပျူတာက iTunes နဲ့ချိတ်ပြီးမှလုပ်လို့ရပါတယ်။ Notification အသစ်များကို အလွယ်တကူကြည့်နိုင်မယ့် Notification Center လည်းပါဝင်လာပါပြီ။iPod App ကို Music လို့နာမည်ပြောင်းခဲ့ပါတယ်။ Easy Touch လို့လူသိများတဲ့ Assistive Touch လည်းဒီ version မှာစတင်ပါဝင်လာခဲ့ပါတယ်။

iOS 6 (2012)
၂၀၁၂ ခုနှစ် iPhone 5 နဲ့အတူထွက်ရှိလာတဲ့
iOS 6 မှာတော့
Apple Map ကိုစတင်ဖြန့်ချီပြီဖြစ်တာကြောင့် iOS စထွက်တည်းကတောက်လျှောက်ပါဝင်ခဲ့တဲ့
Google Map နဲ့ YouTube တို့ကိုဖယ်ရှားခဲ့ပြီး Apple Map နဲ့အစားထိုးခဲ့ပါတယ်။ App Store, iTunes Store, iBook Store တွေရဲ့ User
Interface တွေကိုလည်းအပြောင်းအလဲလုပ်ခဲ့ပါတယ်။ Facetime ကနေဖုန်းခေါ်တာကိုလည်း
အရင်က Wi-Fi နဲ့ဘဲရတာကနေ Mobile
Network နဲ့ပါရလာပါပြီ။ Siri
ကိုလည်းအဆင့်မြှင့်ထားပါတယ်။ ရုပ်ရှင်ပြသချိန်တွေမေးမြန်းနိုင်တာ၊
စားသောက်ဆိုင်များရှာပေးတာ အစရှိသည်တို့ပါလုပ်ဆောင်လာနိုင်ပါပြီ။ Do Not Disturb ဆိုတဲ့
feature လည်းပါဝင်လာပါပြီ။
iOS 7 (2013)
၂၀၁၃ ခုနှစ် iPhone 5s, iPhone 5c တွေနဲ့အတူ iOS 7 ထွက်ရှိလာပါတယ်။ All New လို့ဆိုရလောက်အောင် iOS သမိုင်းမှာပထမဆုံးအနေနဲ့ Design ပိုင်းကြီးကြီးမားမားအပြောင်းအလဲလုပ်ထားပါတယ်။ လိုင်းတိုင်တွေကိုလည်း အလုံးလေးတွေပြောင်းလိုက်ပါတယ်။ (iOS 11 မှာတော့အရင်လိုပြန်ပြောင်းခဲ့ပါတယ်)။ Default Ringtone ကိုလည်း Marimba ကနေ Opening ကိုပြောင်းခဲ့ပါတယ်။ Wi-Fi, Bluetooth အစရှိတာတွေကိုအလွယ်တကူဖွင့်ပိတ်နိုင်မယ့် Control Center လည်းပါဝင်လာပါပြီ။ Multitasking ကိုလည်း ပိုမိုလွယ်ကူအောင်အဆင့်မြှင့်ထားပါတယ်။ (အရင်လိုဖိထားပြီး ကြက်ခြေခတ်နှိပ်ရတာကနေ Swipe Up or Swipe Down လုပ်ပြီး Recent app များကိုပိတ်နိုင်ပါတယ်)။ ထို့ပြင်ကားပေါ်မှာဖုန်းနဲ့ချိတ်ပြီး သီချင်းဖွင့်နိုင်မယ့် Apple Car Play (Car Play function ပါဝင်တဲ့ ကားတွေဘဲရပါတယ်)။ iPhone အချင်းချင်း file တွေအလွယ်တကူကူးနိုင်မယ့် Air Drop တွေလည်းပါဝင်လာပါတယ်။ iOS 7 ရဲ့အဓိက Special Feature ကတော့ iCloud Activation Lock ဖြစ်ပါတယ်။ အရင်တုန်းက Find my iPhone ရှိပေမယ့် Reset ချတာနဲ့ပျက်ပါတယ်။ iOS 7 အထက်တင်ထားတဲ့ iPhone တွေမှာတော့ iCloud sign in ဝင်ထား (Find my iPhone on ထား) ခဲ့ရင် Reset/Restore လုပ်လိုက်လည်း Activate လုပ်တဲ့အချိန်မှာ အရင်ဝင်ထားတဲ့ account ပြန်ထည့်ပေးမှ Activate လုပ်လို့ရမှာဖြစ်ပါတယ်။

iOS 8 (2014)
၂၀၁၄ ခုနှစ် iPhone 6, 6 Plus တို့နှင့်အတူထွက်ရှိလာတဲ့
iOS 8 မှာတော့
Font တွေကို
Profile နဲ့အလွယ်တကူသွင်းလို့ရပြီဖြစ်သလို Third Party keyboard တွေလည်းသုံးလို့ရလာပြီဖြစ်လို့
Jailbreak လုပ်စရာမလိုဘဲ မြန်မာဖောင့်နှင့် မြန်မာကီးဘုတ်များကို
လွယ်လွယ်ကူကူထည့်သွင်းနိုင်ပါပြီ။ အရင်လို Jailbreak မထွက်သေးလို့မြန်မာဖောင့်မရသေးဘူးဆိုတာတွေလည်း
ဒီအချိန်မှာတစ်ခန်းရပ်ခဲ့ပါပြီ။ iOS
8.2 မှာတော့ Safari
Browser မှာပါ မြန်မာဖောင့်မှန်လာပါပြီ။
Apple ရဲ့ iWork App များဖြစ်တဲ့ iMovie, Garage Band, Keynote, Pages, Number တွေကို Preinstalled အနေနဲ့စတင်ပါဝင်လာခဲ့ပါတယ်။ ပုံမှန်ဆိုဒေါ်လာ ၄၀ ပေးဝယ်ရတဲ့ ဒီ Paid App တွေကို ဖုန်းအသစ်တွေမှာလက်ဆောင်အနေနဲ့ထည့်ထားပေးပါတယ်။ (**Storage နည်းတဲ့ 16 GB device တွေမှာတော့မပါပါဘူး) ။ ၂၀၁၇ ခုနှစ်မှာတော့ ဒီ App တွေအကုန်လုံးကို Free ပေးလိုက်ပါတယ်။
Camera roll ထဲကဖျက်ပြီးသားပုံတွေကိုလိုအပ်ရင် ရက် ၃၀ အတွင်းပြန်ပြီး Recover လုပ်နိုင်မယ့် Recently Deleted feature လည်း iOS 8 မှာစပြီးပါဝင်ခဲ့တာဖြစ်ပါတယ်။App Store ကဝယ်ထားတဲ့ Paid App များကို Family Member အချင်းချင်း Free Sharing လုပ်နိုင်မယ့် Family Sharing feature လည်းပါဝင်လာခဲ့ပါတယ်။ နောက်ထပ် feature သစ်များအနေနဲ့ iCloud Drive, iCloud Photo Library, iCloud Music Library တွေလည်းပါဝင်လာပါတယ်။
iPhone 6 ကပထမဆုံး screen size ကြီးကြီးနဲ့ထုတ်ခဲ့တဲ့ model ဖြစ်ပါတယ်။ ဒါကြောင့် one handed သုံးရတာအဆင်ပြေအောင် Reachability လို့ခေါ်တဲ့ feature ကိုလည်းထည့်သွင်းပေးထားပါတယ်။ Phablet size ဖြစ်တဲ့ Plus series များအတွက် Home Screen ကို Landscape mode နဲ့လည်းသုံးနိုင်အောင်လုပ်ထားပေးပါတယ်။ iOS 8.3 မှာ Apple Watch နဲ့တွဲသုံးနိုင်မယ့် Watch App ပါလာပါတယ်။

iOS 9 (2015)
၂၀၁၅ ခုနှစ် iPhone 6s နှင့် 6s Plus တို့နဲ့အတူထွက်ရှိလာတဲ့
iOS 9 မှတော့
Public Beta version ပါစတင်ထုတ်ပေးခဲ့ပါတယ်။ အရင်က Beta version ကို Developer တွေအတွက်သာထုတ်ပေးပေမယ့်
ဒီ version ကစပြီး Stable
မထွက်ခင်စမ်းသုံးကြည့်ချင်သူများအတွက် Public Beta ကိုစတင်ထုတ်ပေးခဲ့ပါတယ်။ Battery
အားစားသက်သာစေမယ့် Low Power Mode ပါဝင်လာပါတယ်။ Multitasking ကိုလည်း
Upgrade လုပ်ထားပေးပါတယ်။ Recent App တွေကိုအရင်လိုတစ်ခုချင်းရှင်းစရာမလိုတော့ဘဲ
ပိုမိုလွယ်ကူလျှင်မြန်စွာလုပ်ဆောင်နိုင်ပါပြီ။ သုံးလက်စ App ကိုအမြန်ပြန်သွားနိုင်မယ့်
Back to feature လည်းပါဝင်လာပါတယ်။ Keyboard ကိုလည်းအပြောင်းအလဲလုပ်ထားပေးပါတယ်။
အရင်ကဆို စာလုံးအသေးဘဲရိုက်ရိုက် အကြီးဘဲရိုက်ရိုက် Keyboard မှာတော့
အကြီးသာဖော်ပြတာပါ။ ဒါကိုအဆင်မပြေတဲ့သူတွေအတွက် အသေးဆိုအသေး
အကြီးဆိုအကြီးဖော်ပြပေးအောင်ပြောင်းလဲပေးခဲ့ပါတယ်။ အရင်အတိုင်းဘဲကြိုက်တယ်ဆိုလည်း Setting ထဲမှာပြောင်းလို့ရပါတယ်။ iPad
တွေအတွက် App
နှစ်ခုတစ်ပြိုင်တည်းသုံးနိုင်မယ့် Split View feature လည်းပါဝင်လာပါတယ်။ iPhone 6s နှင့် 6s Plus တွေမှာ
3D Touch, Live Photo တွေလည်းရိုက်လို့ရလာပါပြီ။ အရင်ကဆို Fingerprint မကောင်းတာကို
Software Update လုပ်မိရင် Error
53 ပြပြီး iTunes
တန်းသွားပေမယ့် iOS
9.2.1 မှာတော့ iTunes
Error 53 ကိုဖယ်ရှားပေးခဲ့ပါတယ်။ iPhone SE နဲ့အတူထွက်ရှိလာတဲ့ iOS 9.3 Update မှာတော့
Nightshift Mode ပါလာပါပြီ။ ညဘက်တွေဖုန်းသုံးတဲ့အခါမျက်လုံးထိခိုက်သက်သာအောင် Screen ကိုဝါဖျော့ဖျော့ဘက်သန်းအောင်လုပ်ထားပေးပါတယ်။
ဒီ feature ကိုတော့ iPhone
4s, 5, 5c တွေမှာသုံးလို့မရပါဘူး။iOS
9 ရဲ့ feature တွေကဒါတွေဘဲလားဆိုတော့မဟုတ်သေးပါဘူး။ ကျွန်တော်တို့အားလုံးရဲ့အိပ်မက်ဆိုး
feature ကြီးတစ်ခုရှိပါသေးတယ်။ ဖုန်းထဲက App တွေ Backup လုပ်ခွင့်ပိတ်ခဲ့တာပါ။
iOS 9 ကစပြီးဖုန်းထဲက
App တွေကိုအကြောင်းအမျိုးမျိုးကြောင့်
Backup လုပ်ချင်ရင်မရတော့ပါဘူး။ အစကနေပြန်ဒေါင်းမှရတော့မှာဖြစ်ပါတယ်။
iOS 10 (2016)
၂၀၁၆ ခုနှစ် iPhone 7, 7 Plus တို့နဲ့အတူထွက်ရှိလာတဲ့
iOS 10 မှာတော့ iTunes
Store, Mail, Maps အစရှိတဲ့ Built in app အချို့ကို ဖျက်ခွင့်ပေးလိုက်ပါပြီ။
လိုချင်ရင် App Store မှာပြန်ပြီးဒေါင်းလို့ရပါတယ်။ Game Center App icon ကို Home Screen ကနေဖယ်ရှားခဲ့ပြီး
Setting ထဲမှာဘဲပါပါတော့မယ်။ iOS
10 ရဲ့ special
feature ကတော့ iPhone
စထွက်တည်းကသုံးခဲ့တဲ့ Slide to Unlock ကိုဖယ်ရှားခဲ့ပြီး Press Home to Unlock နဲ့အစားထိုးခဲ့ပါတယ်။ Apple Fan တော်တော်များများမနှစ်သက်ပေမယ့်ဖယ်ရှားခဲ့တာဒီတစ်ခုတည်းမဟုတ်ပါဘူး
ဒီနှစ်မှာထွက်တဲ့ iPhone တွေကို နားကြပ်ပေါက်ပါဖြုတ်ခဲ့ပြီး အားသွင်းတဲ့ Lightning Port ကနေတိုက်ရိုက်ချိတ်လို့ရမယ့်
နားကြပ်တွေပါထည့်ပေးခဲ့ပါတယ်။ iPhone
7 တွေသာမကဘဲ iOS
10 တင်ထားတဲ့ iPhone,
iPad တိုင်းမှာ iPhone
7 နားကြပ်နဲ့တွဲသုံးလို့ရမှာဖြစ်ပါတယ်။ ဖုန်းကိုကောက်ကိုင်လိုက်တာနဲ့
Screen ပွင့်လာစေမယ့် Raise
to wake feature ကိုလည်းထည့်ပေးခဲ့ပါတယ် (မကြိုက်ရင် setting ထဲမှာပိတ်လို့ရပါတယ်)။
iPhone SE နဲ့အထက်ဘဲ ဒီ feature
ကိုသုံးလို့ရမှာဖြစ်ပါတယ်။ iMessage အတွက် Third Party App လည်းသုံးလို့ရလာပြီဖြစ်ပြီး
App Store ပေါ်မှာလည်း iMessage
အတွက် App အများအပြားရှိနေပြီဖြစ်ပါတယ်။ iOS
10.1 မှာ iPhone 7
Plus အတွက် Portrait
Mode စတင်ပါဝင်လာပါတယ်။ iOS 10.2 မှာတော့ Built in ပါတဲ့ Video Player ကို (US Region တစ်ခုတည်းအတွက်)
TV Show များပါတစ်ခါတည်း ကြည့်ရှုနိုင်အောင် TV နဲ့အစားထိုးခဲ့ပါတယ်။
US Apple ID ဝင်လိုက်ရင် TV
ပေါ်မှာဖြစ်ပြီး အခြား Region Apple ID ဝင်လိုက်ရင်တော့ Video ပြောင်းသွားမှာဖြစ်ပါတယ်။ iOS
10.3 မှာတော့ Phone
Storage စားသက်သာအောင် ပုံတွေကိုဖုန်းထဲမှာမသိမ်းထားတော့ဘဲ iCloud မှာသိမ်းထားပြီး
online ဖွင့်ပြီးကြည့်ရမယ့် Optimize iPhone Storage ဆိုတဲ့ feature စတင်ပါဝင်လာပါတယ်။
iOS 11 ရောက်ရင် 32-bit
App တွေအလုပ်လုပ်တော့မှာမဟုတ်လို့ မဖြစ်မနေ Update လုပ်ပေးဖို့လိုအပ်တဲ့
App တွေကိုလည်း
iOS 10.3 မှာစပြီးဖော်ပြပေးထားပါတယ်။
iOS 11 (2017)
၂၀၁၇ ခုနှစ်မှာတော့ iPhone 8, 8 Plus, X တွေနဲ့အတူ iOS 11 ထွက်ရှိလာပါတယ်။ All New အနေနဲ့ထွက်လာခဲ့တဲ့ iOS 11 မှာတော့ Special Feature ဘာလဲပြောရခက်လောက်အောင် များပြားလွန်းပါတယ်။ ပထမဆုံးကတော့ App Store ရဲ့ Design ကအရင်နဲ့မတူလုံးဝကွဲထွက်သွားပါပြီ။ App Store, iTunes Store တွေရဲ့ Icon Design တွေကိုလည်းပြောင်းထားပေးပါတယ်။ 64 bit chipset သုံးထားတဲ့ Device တွေအတွက်သီးသန့် version ဖြစ်သလို 32 bit app တွေလည်းလုံးဝသုံးလို့မရတော့ပါဘူး။ Control Center ကိုလည်း သိသိသာသာပြောင်းလဲထားပြီး Cellular Data ပါအဖွင့်အပတ်လုပ်နိုင်ပါပြီ (အရင်ကဆို Setting ထဲသွားဖွင့်ပေးရပါတယ်)။ Control Center မှာအချို့ Shortcut တွေကို Customize လုပ်ခွင့်ပေးလိုက်ပြီး Screen Recording လည်း Built in ပါလာပါပြီ။ iTunes ကဝယ်ထားတဲ့ Ringtone တွေကို Apple ID နဲ့ free ပြန်ဒေါင်းနိုင်မယ့် Download Purchased Tone လည်းပါလာပါပြီ။ ဖုန်း Storage နည်းလာတဲ့အခါ မသုံးတာကြာတဲ့ App ကို အထဲက Data တွေမပျက်ဘဲဖျက်ပေးမယ့် Offload Unused App feature လည်းပါလာပါပြီ။ (မကြိုက်ရင် setting ထဲမှာပိတ်လို့ရပါတယ်)။ AR feature တွေလည်းစတင်ပါဝင်လာပြီး iPhone SE နှင့်အထက်မှသုံးလို့ရပါမယ်။ iPhone X မှာ Animoji လည်းပါလာပါပြီ။ iOS 11.1 မှာ iPhone X user တွေ Home Key မပါလို့သုံးရတာအခက်အခဲမဖြစ်အောင် Assistive Touch ကို Upgrade လုပ်ထားပေးပါတယ်။ Single Tap, Double Tap, Long Press, 3D Touch တွေမှာစိတ်ကြိုက် Customize လုပ်နိုင်မှာဖြစ်ပါတယ်။ iOS 11.4 မှာ Battery health ကို Percentage နဲ့ကြည့်နိုင်မယ့် feature ပါလာပါတယ် (iPhone 5s မှာတော့မရပါဘူး) ။

iOS 12 (2018)
၂၀၁၈ ခုနှစ်မှာ iPhone Xs, Xs Max, XR တွေနဲ့အတူ iOS
12 ထွက်လာပါတယ်။ Measure
App built in ပါလာပါတယ်။ iPhone
X တွေမှာ Face
ID နှစ်ခုထားလို့ရလာပါပြီ။ iPhone X မှာ Recent App ရှင်းရာမှာလည်း
iOS 11 ထက်ပိုမိုလွယ်ကူသွားပါပြီ။ iBooks ကို Book လို့နာမည်ပြောင်းလိုက်ပါတယ်။ ဖုန်းနဲ့ App သုံးတဲ့အချိန်တွေကိုကြည့်နိုင်ပြီး
စိတ်ကြိုက်သတ်မှတ်နိုင်မယ့် Screen
Time လည်းပါလာပါပြီ။ Photo
app ကိုလည်း Upgrade
လုပ်ထားပေးသလို Animoji
ကိုအဆင့်မြှင့်ထားတဲ့ Memoji လည်းပါဝင်လာပါပြီ (Memoji ကတော့ iPhone X series မှာဘဲသုံးလို့ရပါတယ်)။
Group Facetime မှာလည်း ၃၂ ယောက်ထိပြောနိုင်ပြီဖြစ်ပါတယ်။
iOS 13 (2019)
၂၀၁၉ ခုနှစ်မှာတော့ iPhone 11, 11 Pro, 11 Pro Max တွေနဲ့အတူ iOS 13 ထွက်ရှိလာပါတယ်။ iPad များအတွက် iPad OS ဆိုပြီးသီးသန့်ပြန်ခွဲထွက်သွားပါတယ်။ iOS 13 မှာတော့အားလုံးစောင့်မျှော်နေတဲ့ Dark Mode ပါဝင်လာပါတယ်။ Wi-Fi နဲ့ Bluetooth များရွေးချယ်ချိတ်ဆက်ခြင်းများကိုလည်း Setting ထဲသွားစရာမလိုဘဲ Control Center ကနေအလွယ်တကူလုပ်ဆောင်နိုင်ပါပြီ။ Family Hotspot Sharing ဆိုတဲ့ Feature ကနေ Family Sharing လုပ်ထားတဲ့ Member အချင်းချင်းအလိုအလျောက်ချိတ်ဆက်ပေးပါတယ်။ Volume Slider တွေကိုလည်းဖုန်းသုံးတာအနှောက်အယှက်မဖြစ်နေရန် ဘယ်ဘက်ထောင့်ကိုပြောင်းထားပေးပါတယ်။ App Store ရဲ့ Update Tab ကနေ App များကိုအလွယ်တကူ Uninstall လုပ်နိုင်ပါပြီ။ Assistive Touch UI ကိုလည်းပြောင်းလဲထားပေးပါတယ်။ Sign in with Apple ဆိုတဲ့ feature ကနေ Third Party App or Website များတွင် Facebook, Google account များကဲ့သို့ Apple ID ဖြင့် Sign in ဝင်နိုင်ပါပြီ။ Siri မှာလည်းအသံသစ်တွေပါဝင်လာပါပြီ။

Swan Htet Paing