iPhone Lock Screen Notification မှာ Preview မပေါ်အောင်ပိတ်နည်း

Image may contain: 1 person

ကိုယ်မသိလိုက်ခင်မှာဘဲ ကိုယ့်ဆီဝင်လာတဲ့ Message တွေ Noti တွေကိုအခြားသူတွေက မြင်သွားတာမျိုး ကြိုက်ကြမယ်မထင်ပါဘူး။ Lock Screen Notification ဖွင့်ထားရင်တော့ဒီလိုဘဲပေါ်နေမှာဖြစ်ပြီး ပိတ်ထားပြန်ရင်လည်း စာတွေဝင်ရင်ကိုယ်တိုင်လည်းအလွယ်တကူသိတော့မှာမဟုတ်ပါဘူး။ ဒီတော့ Lock Screen မှာ Noti တွေတော့ပေါ်မယ် Content တွေမမြင်ရအောင်ပိတ်ထားလို့ရပါတယ်။ စာလာရင်လည်းဘယ်ကဆိုတာဘဲမြင်ရမှာဖြစ်ပြီး ဘာစာတွေပို့ထားတယ်ဆိုတာ Lock Screen ကနေမြင်ရမှာမဟုတ်ပါဘူး။
Locked အနေအထားသာမက Unlocked အနေအထားမှာပါ အခြားသူတွေ Noti တွေကိုအလွယ်မမြင်နိုင်အောင်လုပ်ထားနိုင်မယ့်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။
Noti တွေတက်တာ Lock Screen မှာ Preview မပေါ်စေချင်ရင် Setting > Notification ကနေ Show Preview မှာ Always ဖြစ်နေတာကို When Unlocked or Never ကိုရွေးပေးလို့ရပါတယ်။ App အကုန်လုံးအတွက်မလုပ်ချင်ရင်လည်း ကိုယ့်စိတ်ကြိုက် App တွေကိုဘဲရွေးလုပ်လို့လည်းရပါတယ်။ Setting > Notification > လုပ်ချင်တဲ့ App > Show Preview မှာပြောင်းလို့ရပါတယ်။
Show Preview ရဲ့ Option ၃ ခုဖြစ်တဲ့ Always, When Unlocked နဲ့ Never တွေရဲ့ကွာခြားချက်တွေကိုပါ တစ်ဆက်တည်းဖော်ပြပေးလိုက်ပါတယ်။
Always ထားရင်တော့ ပထမပုံထဲကလို Content အကုန်ပေါ်နေမှာဖြစ်ပါတယ်။
When Unlock ရွေးထားရင် ဒုတိယပုံထဲကလို Lock Screen မှာတော့ Content တွေပေါ်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်းက Unlock ဖြစ်နေတဲ့အနေအထား (ဖုန်းသုံးနေတဲ့အနေအထား) မှာတော့ တတိယပုံထဲကလိုပေါ်နေမှာဖြစ်ပါတယ်။ ကိုယ်တစ်ယောက်ဘဲသုံးနေရင်တော့ပြသနာမရှိပေမယ့် အခြားသူကိုဖုန်းပေးထားတဲ့ချိန်မျိုးတွေ၊ အနားများလူတွေရှိလို့ ဘေးလူတွေမမြင်စေချင်တဲ့အချိန်တွေမှာတော့အဆင်ပြေမှာမဟုတ်ပါဘူး။
Never ကိုရွေးထားရင်တော့ နောက်ဆုံးပုံထဲကလို Lock Screen အနေအထားမှာသာမက ဖုန်းသုံးနေတဲ့ Unlocked အနေအထားမှာပါ Noti တက်ရင် Content တွေကိုပြပေးမှာမဟုတ်ဘဲ ဖွင့်ကြည့်မှသာဖြစ်ရမှာပါ။ ဒီတော့ Never လုပ်ထားရင်တော့ အခြားသူတစ်ယောက်ကို ကိုယ့်ဖုန်း Account ဖွင့်ဖို့၊ Mobile Banking လုပ်ခိုင်းထားလို့ပေးထားတာတို့လို Unlock ဖြစ်နေတဲ့အခြေအနေတွေမှာပါ ကိုယ်ဆီဝင်လာတဲ့ Noti တွေကိုအခြားသူတွေ (ဖွင့်မကြည့်ဘဲ) မြင်နိုင်မှာမဟုတ်ပါဘူး။
Face ID ပါတဲ့ iPhone X series user တွေအတွက်တော့ ဒီ Post ကသိပ်မဆိုင်ပါဘူး။ Face ID နဲ့ Unlock ဖြစ်မှ Noti တွေရဲ့ Content တွေပေါ်အောင် Default အနေနဲ့လုပ်ထားပေးပါတယ်။
သိပြီးသားသူတွေအတွက်တော့ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့သူတွေအတွက်တော့အကျိုးရှိမယ်ထင်ပါတယ်။ နောက်ကိုလည်း ဒီလို Ticks & Trick တွေကိုအားရင်အားသလိုတင်ပေးသွားပါမယ်။
Photo - Just for Fun
Swan Htet Paing

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared