iPhone SE က Flagship Killer လို့ပြောနိုင်မလား
ကျွန်တော် Article မရေးဖြစ်တာကြာလို့ အခုချိန်ကလည်း Apple Week လိုဖြစ်နေတာနဲ့ Trend ဖြစ်နေတာလေးတစ်ခုကို သုံးသပ်ချင်ပါတယ်။ လူတွေငြင်းခုန်နေကြသလို iPhone SE က Flagship Killer ဖြစ်မဖြစ်ဆိုတာလေးပါ။

Flagship Killer ဆိုတာကိုကျွန်တော့အနေနဲ့အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် Flagship ဖုန်းတစ်လုံးရဲ့တစ်ဝက်ဈေးလောက်နဲ့
Flagship နီးပါးကောင်းရမယ်
အချို့နေရာတွေမှာ Flagship Level ကိုမီရမယ်။ ဈေးကွက်ထဲမှာ Flagship တွေကိုယှဉ်ရောင်းနိုင်ရမယ်။
Flagship ဖုန်းတစ်လုံးဈေးက ဒေါ်လာ ၈၀၀ လောက်ကစတာကြောင့် ဒေါ်လာ ၄၀၀
တန် iPhone SE က Flagship ဖုန်းတွေကိုစိန်ခေါ်နိုင်ပြီလား။
ဒီ Post မှာတော့ iPhone SE က Flagship Killer ဖြစ်တယ်မဖြစ်တယ်ဆိုတာထက် ဘယ်နေရာတွေမှာတော့ Flagship Levelဖြစ်တယ်၊ ဘယ်အပိုင်းတွေတော့လိုအပ်ချက်ရှိသေးတယ်ဆိုတာကိုဘဲကျွန်တော်တစ်ယောက်တည်းအမြင်နဲ့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
ဒီ Post မှာတော့ iPhone SE က Flagship Killer ဖြစ်တယ်မဖြစ်တယ်ဆိုတာထက် ဘယ်နေရာတွေမှာတော့ Flagship Levelဖြစ်တယ်၊ ဘယ်အပိုင်းတွေတော့လိုအပ်ချက်ရှိသေးတယ်ဆိုတာကိုဘဲကျွန်တော်တစ်ယောက်တည်းအမြင်နဲ့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
Flagship Level မီတဲ့အပိုင်းတွေကိုအရင်ပြောပါမယ်

Operating System
iPhone SE မှာကျွန်တော်အကြိုက်ဆုံးကတော့ သုံးရတာလွယ်ကူရိုးရှင်းပြီး Smooth ဖြစ်တဲ့သူ့ရဲ့ OS ပါဘဲ။ Apple ရဲ့ iPhone တွေအတွက်သီးသန့်ထုတ်ထားတဲ့
ကိုယ်ပိုင် OS နဲ့ ကိုယ်ပိုင်
Chip-set တွေကြောင့် iOS ရဲ့ Software
Optimization ကအကောင်းဆုံးဖြစ်နေတာတေ့အံ့သြစရာမရှိပါဘူး။ Andriod ဖုန်းတွေ RAM 16 GB ထိသုံးနေချိန်မှာ
iPhone
တွေက RAM 4 GB ဘဲသုံးပြီး Performance အကောင်းဆုံးဖြစ်နေတာကြည့်ရုံနဲ့
ဘယ်လောက်ထိ Software နဲ့ Hardware ကိုအချိုးကျကျလုပ်ဆောင်နိုင်အောင်
Manage လုပ်ထားနိုင်လည်းဆိုတာသိသာပါတယ်။
iPhone SE မှာတော့
RAM 3 GB ဆိုပေမယ့်
လုံလောက်တယ်ဆိုတာထက်ပိုပါတယ်။ iOS စနစ်မောင်းနှင်ထားတာနဲ့တင် ဒေါ်လာ ၄၀၀ ကတန်နေပြီလို့ပြောလို့ရပါတယ်။

SoC
Budget ဖုန်းတစ်လုံးဖြစ်ပေမယ့် iPhone 11
Series မှာသုံးထားတဲ့ A13
Bionic Chipset ကိုသုံးထားပေးပါတယ်။

A13 ဆိုတာလက်ရှိဖုန်းလောကမှာအမြန်ဆုံးဖြစ်ပြီး သူ့ထက်ဈေး ၂ ဆကျော်လောက်များတဲ့ Andriod Flagship ဖုန်းတွေမှာသုံးထားတဲ့
Snapdragon 865 (Sony Xperia 1 II), Eynos
990 (Samsung S20), Kirin 990 (Huawei P40 Pro) တွေထက်မြန်ပါတယ်။

Brand Power
ကျွန်တော်ပြောနေကျစကားရှိပါတယ် “ဖုန်းမှာ iPhone,
ကားမှာ Mercedes, နာရီမှာ Rolex” ဈေးအကြီးဆုံးမဟုတ်ပေမယ့် Most well-known
Premium Brand ပါ။ You know
what I mean.
iPhone SE မှာ OS, SoC, Brand Image တွေမှာတော့ Flagship Level မှာရှိတယ်လိုဆိုနိုင်ပါတယ်။
အားမရတဲ့အပိုင်း၊ လိုအပ်ချက်တွေရှိသေးတဲ့အပိုင်းတွေကတော့

iPhone 6 vs iPhone SE (2020)
Design
ဘယ်လိုမှ Flagship
ဖုန်းတစ်လုံးကိုမယှဉ်နိုင်တဲ့အပိုင်းကတော့ 2014 ထွက် iPhone 6 နဲ့
ဘာမှထူးခြားမှုမရှိတဲ့ Out of Date ဖြစ်နေတဲ့ Design
ပါဘဲ။ 2018 တည်းက 16:9
Screen Ratio တွေကိုဘယ်သူမှမသုံးကြတော့ပါဘူး။
Apple ကတော့ 2020 အထိသယ်လာတုန်းပါ။

Display
နောက်ထပ်အားမရဆုံးအချက်ကတော့
သူရဲ့ Display ပါဘဲ။ 720p LCD Display ကိုသာသုံးထားပြီး Pixel
Density ကလည်း
326 ppi ဘဲရှိပါတယ်။
90 Hz Refresh Rate လည်းမပါပါဘူး။ ဒါပေမယ့် Budget iPhone တစ်လုံးအနေနဲ့တော့လက်ခံပေးလို့ရပါတယ်။ Screen size ကလည်း
4.7 inches သာရှိတာကြောင့် Compact size Secondary ဖုန်းအနေနဲ့ကိုင်မှသာအဆင်ပြေလောက်မှာပါ။
နောက်ဆက်တွဲသတင်းတွေအရ Plus version ထွက်မယ်လို့လည်းကြားမိပါတယ်။
ထွက်ခဲ့ပေမယ်ဆိုရင်တော့ iPhone 8 Plus အရွယ် 5.5 inches ကိုဒေါ်လာ
၅၀၀ လောက်နဲ့ရောင်းနိုင်ဖွယ်ရှိပါတယ်။

Battery and Fast Charging
iPhone 8 မှာသုံးထားတဲ့အတိုင်းဘဲ 1821 mAh ကိုသာသုံးထားပါတယ်။ Wireless
Charging နဲ့ Fast
Charging က Support လုပ်တယ်ဆိုပေမယ့် သတ်သတ်ထပ်ဝယ်ရမှာပါ။ 18W Fast Charging အတွက် ၁ သိန်းကျော်ကုန်အုံးမှာပါ။ iPhone 11 Series မှာလည်း 18W Fast Charging သာ Support လုပ်ပြီး
Andriod Flagship တွေမှာတော့ 45 W ထိရနေတာကြာပါပြီ။
ခြုံပြောရရင်တော့
iPhone SE က
One Handed သုံးဖို့အသင့်တော်ဆုံး
Compact ဖုန်းတစ်လုံးပါ။
လိုအပ်ချက်တွေအများကြီးရှိပေမယ့်လည်း အချို့နေရာတွေမှာ Flagship level မှာရှိနေပါတယ်။ Flagship
Killer ဖြစ်တယ်မဖြစ်ဘူးဆိုတာကတော့
လူတစ်ယောက်ချင်းစီရဲ့သတ်မှတ်ချက်ပါ။ မည်သို့ပင်ဆိုစေကာမူ iPhone SE ကဒီနှစ်ရဲ့ရောင်းအားအကောင်းဆုံးစာရင်းဝင်ဖြစ်လာမှာတော့သေချာနေပါတယ်။
Just my Opinion
Swan Htet Paing