Convert FAT 32 to NTFS

FAT 32 မှာ NTFS File System Data မပျက်ဘဲပြောင်းနည်း

Memory Stick တွေမှာ 32 GB အောက်ဆိုရင် FAT 32 နဲ့လာတတ်ပါတယ်။ ဘာပြသနာရှိလဲဆိုတော့ တစ်ဖိုင်တည်းကို 4 GB ကျော်ရင်ကူးမရပါဘူး။ ဒီတော့ 4 GB ကျော်တဲ့ English Sub HD Movie တွေကူးမရဖြစ်ကြပါတယ်။ ဘာမှတော့မခက်ပါဘူး File System ကိုု NTFS ပြောင်းလိုက်ရုံပါဘဲ။ အလွယ်ဆုံးကတော့ Format ချလိုက်ရင်ရပေမယ့် Data မပျက်ချင်ရင်တော့ Computer နဲ့ Command နှစ်ကြောင်းရိုက်လိုက်ရင်ရပါပြီ စက္ကန့်ပိုင်းဘဲကြာပါတယ်။

Windows + R နဲ့ Run Box ခေါ်််််ပြီး cmd ရိုက်လိုက်ရင် Command Box ကျလာပါမယ်။

Convert /?

Convert g: /FS:NTFS

ဒီနှစ်ကြောင်းရိုက်လိုက်ရုံပါဘဲ။ g: နေရာမှာတော့ File System ပြောင်းမယ့် Stick ရဲ့
Drive location ထည့်ပေးပါ။ Eg e: f: g:

No photo description available.
FAT 32 ဖြစ်ပါတယ်

No photo description available.
တစ်ဖိုင်တည်း 4GB ကျော်ရင် File System ကြောင့်ကူးမရပါဘူး

No photo description available.
Window + R နဲ့ Run Box ခေါ်ပေးပါ

convert /?

convert g: /FS:NTFS


Command box မှာဒီ ၂ ကြောင်းရိုက်ပေးရုံပါဘဲ။ စက္ကန့်ပိုင်းဘဲကြာပါတယ် ဘာ Data မှလည်းမပျက်ပါဘူး

 No photo description available.
ဒါဆိုရင်တော့ NTFS File System ဖြစ်သွားပါပြီ

No photo description available.
4 GB ကျော်တဲ့ဖိုင်များကူးနိုင်ပါပြီ 

Popular posts from this blog

Classification of cars

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Samsung One UI Tips & Tricks