Mobile Data ဖွင့်ရင်ပေါ်တဲ့ G, E, H, H+, နဲ့ LTE တို့ရဲ့အဓိပ္ပါယ်များ

The Evolution of Mobile Communications: 1G to 5G - YouTube

တော်တော်များများအမှတ်မှားနေကြတာက E ဆိုတာ 2G, H က 3G, G ကတော့ 2G ဘဲရတဲ့ဖုန်းတွေလိုင်းကျသွားရင် G ဖြစ်သွားလို့ 2G ထက်နိမ့်တဲ့ 1G ပေါ့။ အမှန်တကယ်တော့ 1G မပြောနဲ့ 2G Network စစ်စစ်အထိ Internet သုံးလို့မရသေးပါဘူး။ 1G မှာဖုန်းဘဲပြောလို့ရပြီး 2G မှာတော့ Message ဘဲပို့လို့ရပါသေးတယ်။ GPRS လို့ခေါ်တဲ့ 2G ကို Upgrade လုပ်ထားတဲ့ 2.5 G မှစပြီး အင်တာနက်သုံးလို့ရလာတာပါ။

ColorOS Know How」Wireless technology ...


1G ကို ၁၉၈၁ ခုနှစ်မှာစတင်ခဲ့ပြီး နောက် ၁၁ နှစ်အကြာ ၁၉၉၂ မှာ 2G, နောက် ၁၂ နှစ်အကြာ ၂၀၀၄ ခုနှစ်မှာတော့ 3G, နောက် ၇ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာတော့ 4G, နောက် ၈ နှစ်အကြာ ၂၀၁၉ မှာတော့ 5G အထိရနေပါပြီ။

1 G (First Generation)
2 G (Second Generation)
2.5 G or GPRS (General Packet Radio Service)
2.75 G or EDGE (Enhanced Data GSM Evolution)
3 G (Third Generation)
3.5 G or HSPA (High Speed Packet Access)
3.75 G or HSPA+ (Evolved High Speed Packet Access)
4 G or LTE (Long Term Evolution)

Communications | Bob of the Ozarks

ပုံထဲမှာပါတဲ့ Speed တွေကတော့ Data Transfer လုပ်နိုင်မယ့် Speed တွေပါ။ Megabit တွေဖြစ်ပါတယ်။ Megabit နဲ့ Megabyte မကွဲရင် ဒီမှာ အသေးစိတ်ရှင်းပြထားပါတယ်။


စာကြွင်း ။ iPhone တွေမှာတော့ 2.75 G ကို E, 4G ကို LTE တွေပြပေမယ့် 3.75 G ဆို Andriod ဖုန်းတွေလို H+ မပြဘဲ 3G သာပြပါတယ်။ ဒါပေမယ့် iPhone မှာပေါ်တဲ့ 3G က Andriod ရဲ့ H+ နဲ့အတူတူဘဲဖြစ်ပါတယ်။

Photo Credit 

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared