Mobile Data ဖွင့်ရင်ပေါ်တဲ့ G, E, H, H+, နဲ့ LTE တို့ရဲ့အဓိပ္ပါယ်များ

The Evolution of Mobile Communications: 1G to 5G - YouTube

တော်တော်များများအမှတ်မှားနေကြတာက E ဆိုတာ 2G, H က 3G, G ကတော့ 2G ဘဲရတဲ့ဖုန်းတွေလိုင်းကျသွားရင် G ဖြစ်သွားလို့ 2G ထက်နိမ့်တဲ့ 1G ပေါ့။ အမှန်တကယ်တော့ 1G မပြောနဲ့ 2G Network စစ်စစ်အထိ Internet သုံးလို့မရသေးပါဘူး။ 1G မှာဖုန်းဘဲပြောလို့ရပြီး 2G မှာတော့ Message ဘဲပို့လို့ရပါသေးတယ်။ GPRS လို့ခေါ်တဲ့ 2G ကို Upgrade လုပ်ထားတဲ့ 2.5 G မှစပြီး အင်တာနက်သုံးလို့ရလာတာပါ။

ColorOS Know How」Wireless technology ...


1G ကို ၁၉၈၁ ခုနှစ်မှာစတင်ခဲ့ပြီး နောက် ၁၁ နှစ်အကြာ ၁၉၉၂ မှာ 2G, နောက် ၁၂ နှစ်အကြာ ၂၀၀၄ ခုနှစ်မှာတော့ 3G, နောက် ၇ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာတော့ 4G, နောက် ၈ နှစ်အကြာ ၂၀၁၉ မှာတော့ 5G အထိရနေပါပြီ။

1 G (First Generation)
2 G (Second Generation)
2.5 G or GPRS (General Packet Radio Service)
2.75 G or EDGE (Enhanced Data GSM Evolution)
3 G (Third Generation)
3.5 G or HSPA (High Speed Packet Access)
3.75 G or HSPA+ (Evolved High Speed Packet Access)
4 G or LTE (Long Term Evolution)

Communications | Bob of the Ozarks

ပုံထဲမှာပါတဲ့ Speed တွေကတော့ Data Transfer လုပ်နိုင်မယ့် Speed တွေပါ။ Megabit တွေဖြစ်ပါတယ်။ Megabit နဲ့ Megabyte မကွဲရင် ဒီမှာ အသေးစိတ်ရှင်းပြထားပါတယ်။


စာကြွင်း ။ iPhone တွေမှာတော့ 2.75 G ကို E, 4G ကို LTE တွေပြပေမယ့် 3.75 G ဆို Andriod ဖုန်းတွေလို H+ မပြဘဲ 3G သာပြပါတယ်။ ဒါပေမယ့် iPhone မှာပေါ်တဲ့ 3G က Andriod ရဲ့ H+ နဲ့အတူတူဘဲဖြစ်ပါတယ်။

Photo Credit 

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks