iPhone 6 နဲ့ 6 Plus ကဘာကြောင့်လက်ရှိအချိန်ထိရောင်းအားအကောင်းဆုံး Smartphone အဖြစ်ရပ်တည်နေတာလဲ


iPhone 6 Bigger Than Bigger: But is that a good thing?

2014 ခုနှစ်ကထွက်ရှိခဲ့တဲ့ iPhone 6 နဲ့ 6 Plus ကအလုံးရေ ၂၂၂ သန်းကျော်ရောင်းထားရပြီး ရောင်းအားအကောင်းဆုံး Smartphone ဖြစ်ပါတယ်။ Mobile Phone သမိုင်းမှာ သူ့ထက်ရောင်းအားကောင်းတာဆိုလို့ သန်း ၂၅၀ ရောင်းထားရတဲ့ Nokia ရဲ့ 1100 နဲ့ 1110 Keypad Phone တွေဘဲရှိပါတော့တယ်။ ဒုတိယနေရာက iPhone 8 နဲ့ 8 Plus က ၈၆ သန်းကျော်သာရောင်းရတာမို့ ရောင်းအားအဆမတန်ကွာခြားနေတာတွေ့ရပါတယ်။ သူ့အနောက်မှာတော့ Samsung Galaxy S4 ကသန်း ၈၀ ကျော်၊ iPhone 7 နဲ့ 7 Plus က ၂၈ သန်းကျော်၊ iPhone 5 ကသန်း ၇၀ ကျော်အသီးသီးရှိပါတယ်။ (အလုံးရေသန်း ၁၅၀ ကျော်ရောင်းထားရတဲ့ Nokia 6600 နဲ့ 5230 တွေကတော့ Theory အရ Smartphone ဖြစ်သော်လည်းခေတ်နဲ့မညီတော့တာကြောင့် ဒီစာရင်းထဲမထည့်ထားပါဘူး)

Nokia 1100 + Nokia 1110i ( Refurbished ) – smartgadgetoffer
Best selling mobile phone of all time

ဘာကြောင့်အမြဲတမ်းရောင်းအားအကောင်းဆုံးစာရင်းမှာ အခုခေတ်ဖုန်းတွေမပါတာလဲ။ ဖြစ်နိုင်ခြေ ၃ ချက်ရှိပါတယ်


၁။ iPhone 6 နဲ့ 6 Plus ကပထမဆုံး Screen Size ကြီးတဲ့ iPhone ဖြစ်ပါတယ်
Apple က iPhone 5s အထိ screen size ၄ လက်မကနေမတက်ခဲ့ဘဲ iPhone 6 Series ကျမှ Steve Jobs ရဲ့လမ်းစဉ်ကိုဆန့်ကျင်ပြီး Phablet တွေစတင်ထုတ်လုပ်ခဲ့ပါတယ်။ iPhone 6 မထွက်ခင် Samsung က 5.7” အရွယ် Note 3 ထွက်ပြီးနေပါပြီ။ ဒါကြောင့် iPhone ကိုင်ချင်သော်လည်း Screen Size သေးလို့မဝယ်ဖြစ်ခဲ့တဲ့သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နောက်တစ်ချက်က 2015 ခုနှစ်ဝန်းကျင်က Smartphone ဈေးကွက်ရဲ့အတိုးတက်ဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။

Apple iPhone 5s vs Samsung Galaxy Note 3 - PhoneArena
iPhone 5s vs Samsung Galaxy Note 3

၂။ နောက်မျိုးဆက် ၃ ခုထိ Design မပြောင်းလဲခြင်း
iPhone 6 နဲ့ 6 Plus နောက်ပိုင်းထွက်တဲ့ iPhone 6s နဲ့ 6s Plus, iPhone 7 နဲ့ 7 Plus, iPhone 8 နဲ့ 8 Plus အထိ Design ပိုင်းထူးထူးခြားခြားပြောင်းလဲခြင်းမရှိခဲ့ပါဘူး (အခုထွက်တဲ့ iPhone SE 2020 လည်းအတူတူပါဘဲ) ။ ဒါကြောင့်မော်ဒယ်သစ်တွေထွက်ပြီးသည့်တိုင် iPhone 6 တွေကိုဝယ်ယူကြဆဲဖြစ်ပါတယ်။ တရုတ်ကထုတ်တဲ့ China Refurbished တွေကိုပါထည့်တွက်မယ်ဆိုရင် ရောင်းအားအကောင်းဆုံး Mobile Phone တောင်ဖြစ်သွားနိုင်ပါတယ်။ Refurbished ဈေးကွက်မှာလည်း iPhone 6 နဲ့ 6 Plus တွေကရောင်းအားအကောင်းဆုံးတွေပါ။ 

iPhone 8 Vs iPhone 7 Vs iPhone 6S Vs iPhone 6: What's The Difference?
iPhone 8 vs iPhone 7 vs iPhone 6s vs iPhone 6

၃။ ဈေးကွက်ပြိုင်ဆိုင်မှုများတိုးတက်လာခြင်း
လွန်ခဲ့တဲ့ ၅ နှစ်ကျော်အထိ Apple ကိုကောင်းကောင်းယှဉ်နိုင်တာဆိုလို့ Samsung ဘဲရှိခဲ့ပေမယ့် အခုချိန်မှာတော့ ရွေးချယ်စရာ Premium Brand တွေကအများအပြားပေါ်ထွက်လာပါပြီ။ ထို့ပြင် Smartphone တွေရဲ့တိုးတက်မှုရေစီးကြောင်းကလည်း အရမ်းမြန်ဆန်လာတာကြောင့် ဒီနှစ်ထွက်တဲ့ Mid range တွေကမနှစ်က Flagship တွေကိုယှဉ်နိုင်လာပါပြီ။ ဒါကြောင့်ဈေးကွက်ကို Apple နဲ့ Samsung တွေဘဲလက်ဝါးကြီးအုပ်ထားလို့မရနိုင်တော့ဘဲ Old Flagship တွေထက် New Mid-range တွေရဲ့ဝယ်လိုအားကပိုများလာပါတယ်။ အရင်လိုဖုန်းမော်ဒယ်တစ်ခုတည်းကအလုံးရေ သန်းရာချီပြီးရောင်းရဖို့ဆိုတာ မျက်မောက်ခေတ်ဖုန်းလောကမှာအရမ်းကိုခဲယဉ်းသွားပြီဆိုတာ Apple ကိုယ်တိုင်တောင် Mid-range ဈေးကွက်ထဲဝင်လာတာကြည့်ရုံနဲ့သိနိုင်ပါတယ်။

ဒီအချက်တွေကြောင့် iPhone 6 နဲ့ 6 Plus ကလက်ရှိအချိန်ထိရောင်းအားအကောင်းဆုံး Smartphone အဖြစ်ဒုတိယနေရာက iPhone 8 နဲ့ 8 Plus တွေထက် 258အထိအပြတ်အသတ်ပိုများနေခြင်းဖြစ်ပါတယ်။

Top 10 Best Selling Smartphone တွေစာရင်းပါဖော်ပြပေးလိုက်ပါတယ်


ဒီစာရင်းတွေအရဘယ်လောက်ဘဲအပြိုင်အဆိုင်များလာပါစေ Apple နဲ့ Samsung ကိုဈေးကွက်မှာ အမှန်တကယ်ယှဉ်နိုင်တဲ့ Brand မရှိသေးပါဘူး။ Huawei ကလည်း Brand အလိုက်ရောင်းအားမှာ Apple ကိုကျော်တက်သွားခဲ့ပေမယ့် Model အလိုက်မှာတော့အများဆုံးဖြစ်တဲ့ P 30 နဲ့ P 30 Pro တောင်အလုံးရေသန်း ၂၀ သာရောင်းထားရပါတယ်။

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared