iPhone 6 နဲ့ 6 Plus ကဘာကြောင့်လက်ရှိအချိန်ထိရောင်းအားအကောင်းဆုံး Smartphone အဖြစ်ရပ်တည်နေတာလဲ


iPhone 6 Bigger Than Bigger: But is that a good thing?

2014 ခုနှစ်ကထွက်ရှိခဲ့တဲ့ iPhone 6 နဲ့ 6 Plus ကအလုံးရေ ၂၂၂ သန်းကျော်ရောင်းထားရပြီး ရောင်းအားအကောင်းဆုံး Smartphone ဖြစ်ပါတယ်။ Mobile Phone သမိုင်းမှာ သူ့ထက်ရောင်းအားကောင်းတာဆိုလို့ သန်း ၂၅၀ ရောင်းထားရတဲ့ Nokia ရဲ့ 1100 နဲ့ 1110 Keypad Phone တွေဘဲရှိပါတော့တယ်။ ဒုတိယနေရာက iPhone 8 နဲ့ 8 Plus က ၈၆ သန်းကျော်သာရောင်းရတာမို့ ရောင်းအားအဆမတန်ကွာခြားနေတာတွေ့ရပါတယ်။ သူ့အနောက်မှာတော့ Samsung Galaxy S4 ကသန်း ၈၀ ကျော်၊ iPhone 7 နဲ့ 7 Plus က ၂၈ သန်းကျော်၊ iPhone 5 ကသန်း ၇၀ ကျော်အသီးသီးရှိပါတယ်။ (အလုံးရေသန်း ၁၅၀ ကျော်ရောင်းထားရတဲ့ Nokia 6600 နဲ့ 5230 တွေကတော့ Theory အရ Smartphone ဖြစ်သော်လည်းခေတ်နဲ့မညီတော့တာကြောင့် ဒီစာရင်းထဲမထည့်ထားပါဘူး)

Nokia 1100 + Nokia 1110i ( Refurbished ) – smartgadgetoffer
Best selling mobile phone of all time

ဘာကြောင့်အမြဲတမ်းရောင်းအားအကောင်းဆုံးစာရင်းမှာ အခုခေတ်ဖုန်းတွေမပါတာလဲ။ ဖြစ်နိုင်ခြေ ၃ ချက်ရှိပါတယ်


၁။ iPhone 6 နဲ့ 6 Plus ကပထမဆုံး Screen Size ကြီးတဲ့ iPhone ဖြစ်ပါတယ်
Apple က iPhone 5s အထိ screen size ၄ လက်မကနေမတက်ခဲ့ဘဲ iPhone 6 Series ကျမှ Steve Jobs ရဲ့လမ်းစဉ်ကိုဆန့်ကျင်ပြီး Phablet တွေစတင်ထုတ်လုပ်ခဲ့ပါတယ်။ iPhone 6 မထွက်ခင် Samsung က 5.7” အရွယ် Note 3 ထွက်ပြီးနေပါပြီ။ ဒါကြောင့် iPhone ကိုင်ချင်သော်လည်း Screen Size သေးလို့မဝယ်ဖြစ်ခဲ့တဲ့သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နောက်တစ်ချက်က 2015 ခုနှစ်ဝန်းကျင်က Smartphone ဈေးကွက်ရဲ့အတိုးတက်ဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။

Apple iPhone 5s vs Samsung Galaxy Note 3 - PhoneArena
iPhone 5s vs Samsung Galaxy Note 3

၂။ နောက်မျိုးဆက် ၃ ခုထိ Design မပြောင်းလဲခြင်း
iPhone 6 နဲ့ 6 Plus နောက်ပိုင်းထွက်တဲ့ iPhone 6s နဲ့ 6s Plus, iPhone 7 နဲ့ 7 Plus, iPhone 8 နဲ့ 8 Plus အထိ Design ပိုင်းထူးထူးခြားခြားပြောင်းလဲခြင်းမရှိခဲ့ပါဘူး (အခုထွက်တဲ့ iPhone SE 2020 လည်းအတူတူပါဘဲ) ။ ဒါကြောင့်မော်ဒယ်သစ်တွေထွက်ပြီးသည့်တိုင် iPhone 6 တွေကိုဝယ်ယူကြဆဲဖြစ်ပါတယ်။ တရုတ်ကထုတ်တဲ့ China Refurbished တွေကိုပါထည့်တွက်မယ်ဆိုရင် ရောင်းအားအကောင်းဆုံး Mobile Phone တောင်ဖြစ်သွားနိုင်ပါတယ်။ Refurbished ဈေးကွက်မှာလည်း iPhone 6 နဲ့ 6 Plus တွေကရောင်းအားအကောင်းဆုံးတွေပါ။ 

iPhone 8 Vs iPhone 7 Vs iPhone 6S Vs iPhone 6: What's The Difference?
iPhone 8 vs iPhone 7 vs iPhone 6s vs iPhone 6

၃။ ဈေးကွက်ပြိုင်ဆိုင်မှုများတိုးတက်လာခြင်း
လွန်ခဲ့တဲ့ ၅ နှစ်ကျော်အထိ Apple ကိုကောင်းကောင်းယှဉ်နိုင်တာဆိုလို့ Samsung ဘဲရှိခဲ့ပေမယ့် အခုချိန်မှာတော့ ရွေးချယ်စရာ Premium Brand တွေကအများအပြားပေါ်ထွက်လာပါပြီ။ ထို့ပြင် Smartphone တွေရဲ့တိုးတက်မှုရေစီးကြောင်းကလည်း အရမ်းမြန်ဆန်လာတာကြောင့် ဒီနှစ်ထွက်တဲ့ Mid range တွေကမနှစ်က Flagship တွေကိုယှဉ်နိုင်လာပါပြီ။ ဒါကြောင့်ဈေးကွက်ကို Apple နဲ့ Samsung တွေဘဲလက်ဝါးကြီးအုပ်ထားလို့မရနိုင်တော့ဘဲ Old Flagship တွေထက် New Mid-range တွေရဲ့ဝယ်လိုအားကပိုများလာပါတယ်။ အရင်လိုဖုန်းမော်ဒယ်တစ်ခုတည်းကအလုံးရေ သန်းရာချီပြီးရောင်းရဖို့ဆိုတာ မျက်မောက်ခေတ်ဖုန်းလောကမှာအရမ်းကိုခဲယဉ်းသွားပြီဆိုတာ Apple ကိုယ်တိုင်တောင် Mid-range ဈေးကွက်ထဲဝင်လာတာကြည့်ရုံနဲ့သိနိုင်ပါတယ်။

ဒီအချက်တွေကြောင့် iPhone 6 နဲ့ 6 Plus ကလက်ရှိအချိန်ထိရောင်းအားအကောင်းဆုံး Smartphone အဖြစ်ဒုတိယနေရာက iPhone 8 နဲ့ 8 Plus တွေထက် 258အထိအပြတ်အသတ်ပိုများနေခြင်းဖြစ်ပါတယ်။

Top 10 Best Selling Smartphone တွေစာရင်းပါဖော်ပြပေးလိုက်ပါတယ်


ဒီစာရင်းတွေအရဘယ်လောက်ဘဲအပြိုင်အဆိုင်များလာပါစေ Apple နဲ့ Samsung ကိုဈေးကွက်မှာ အမှန်တကယ်ယှဉ်နိုင်တဲ့ Brand မရှိသေးပါဘူး။ Huawei ကလည်း Brand အလိုက်ရောင်းအားမှာ Apple ကိုကျော်တက်သွားခဲ့ပေမယ့် Model အလိုက်မှာတော့အများဆုံးဖြစ်တဲ့ P 30 နဲ့ P 30 Pro တောင်အလုံးရေသန်း ၂၀ သာရောင်းထားရပါတယ်။

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks