iPhone X series တွေမှာ Notch အကြီးကြီးဖြစ်နေရတဲ့အကြောင်း



iPhone X ကို 2017 December မှာစတင်ထွက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က စတင်ခေတ်စားစပြုလာတဲ့ 18:9 Screen Ratio နဲ့ Full view Display ကိုသုံးချင်တာကြောင့် ဘာတွေပေးဆပ်လိုက်ရလဲ

Second Generation iPhone X Could Have Smaller Notch [Report ...

Full View Display ဖြစ်ချင်တာကြောင့် Home Key ထည့်လို့ဘယ်လိုမှအဆင်မပြေတော့ပါဘူး။ Home Key မပါရင် Fingerprint အတွက်ကပြသနာရှိသွားပါပြီ။Fingerprint ကို Screen အောက်မှာမြှုပ်ထားတဲ့ In Display Fingerprint နည်းပညာကလည်း အဲဒီအချိန်တုန်းကအဆင်သင့်မဖြစ်သေးပါဘူး။

In-display fingerprint sensors and cold weather could mean ...
In Display Fingerprint 

Fingerprint ကိုအနောက်မှာထားတာလည်း Premium မဆန်ဘူးလို့ယူဆတော့ Fingerprint ကိုပါဖယ်ရှားပြီး ပြည့်စုံကောင်းမွန်တဲ့ Face ID နဲ့အစားထိုးခဲ့တယ်။ Truth Depth Camera သုံးထားတဲ့ Face ID ကို အမှောင်ထဲမှာပါ 3D Face Recognition ရဖို့အတွက် ပုံပါအတိုင်း Sensor တွေအများကြီးလိုအပ်ပါတယ်။

Can iPhone X Face ID still work after repair? 

ဒါကြောင့်ဘဲရုပ်ဆိုးဆိုး Notch အကြီးကြီးပါလာတာဖြစ်ပါတယ်။ အခြား 3D Face Unlock ပါတဲ့ Mate 20 Pro တို့လိုဖုန်းတွေမှာလည်း အခုလိုဘဲ Notch အကြီးကြီးတွေပါပါတယ်။ (Find X ကတော့ Pop up နဲ့ဖြစ်သွားတာကြောင့် Notch မပါပါတာပါ)။


huawei mate 20 pro triple rear camera 6.39 inch 6gb ram 128gb rom ...

Mate 20 Pro 



ဒါကြောင့် Touch ID ထက်ပိုပြီး Secure ဖြစ်တဲ့ Face ID ကိုလည်းသုံးချင်တယ် IP 68 မရတော့မှာစိုးလို့ Pop up camera ကိုလည်းမသုံးချင်သေးဘူး Camera ကို Screen အောက်လည်းမမြှုပ်နိုင်သေးဘူးဆိုရင်တော့ iPhone တွေမှာ Notch အကြီးကြီးတွေကပါနေအုံးမှာဘဲဖြစ်ပါတယ်။ 



OPPO Find X OCULTA todas sus CAMARAS! BRUTAL! - YouTube

Oppo Find X Pop up camera 

Swan Htet Paing 

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared