iPhone ကို iTunes နဲ့ Wireless ချိတ်ပြီး Data Transfer လုပ်နည်း




How to Sync Your iPhone, iPad, and iPod with Your Computer Using ...

လွန်ခဲ့တဲ့နှစ်အနည်းငယ်က iPhone တွေမှာ နားကြပ်ပေါက်အပြင် USB ပေါက်ပါမပါဘဲထွက်လာမယ်လို့ Rumor တွေထွက်ခဲ့ဖူးပါတယ်။ အားသွင်းဖို့ Wireless Charging နဲ့သွင်းမှာဖြစ်ပြီး နားကြပ်ကိုလည်း Air Pod တို့လို Bluetooth Earbuds တွေနဲ့သုံးလို့အဆင်ပြေပါတယ်။ ဒါပေမယ့်မေးစရာတစ်ခုရှိလာပါတယ်။ USB ပေါက်မပါတော့PC က iTunes နဲ့ဘယ်လိုချိတ်မလဲ။
ZENS Single Aluminium Wireless Charger with Apple Fast Charge

iTunes နဲ့ချိတ်မရရင် Data Transfer လုပ်တာ၊ back up လုပ်တာ၊ Software Update လုပ်တာ၊ Firmware Restore လုပ်တာအစရှိတာတွေဘယ်လိုလုပ်ကြမလဲပေါ့။ ဒီအတွက် Apple မှာအစောကြီးတည်းကအဖြေရှိပြီးသားဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက iPhone ကို iTunes နဲ့ Wi-Fi Transfer နဲ့ Wireless ချိတ်ပြီး Sync လုပ်လို့ရပါတယ်။ 

PC ကနေဖုန်းထဲ Data တွေထည့်ဖို့ အားသွင်းကြိုးရှာနေရလို့ဘဲဖြစ်ဖြစ်၊ USB ပေါက်တွေမလောက်လို့ဘဲဖြစ်ဖြစ်၊ ကြိုးတွေရှုတ်လို့ရှင်းနေရတာအလုပ်တစ်ခုဖြစ်နေလို့ဘဲဖြစ်ဖြစ်၊ Mac တွေမှာ USB Type C တွေဘဲပါတော့လို့ iPhone နဲ့ချိတ်ဖို့ Adapter ခံသုံးနေရလို့ဘဲဖြစ်ဖြစ်၊ Smartphone တွေကို Smart ကျကျသုံးချင်လို့ဘဲဖြစ်ဖြစ် ဒီနည်းလေးကအသုံးဝင်မယ်ထင်ပါတယ်။

How To Transfer Photos From iPhone To Mac: The Ultimate Guide

1. Wi-Fi နဲ့ Data Transfer နဲ့လုပ်မှာဖြစ်လို့ Connection လိုပါတယ်။ iPhone နဲ့ PC က Wi-Fi connection တစ်ခုတည်းမှာရှိနေရပါမယ်။
100% Working] Hack Android, iPhone And PC Connected on Same Wifi ...

2. iPhone ကို PC နဲ့ချိတ်ပါ (ဒီအဆင့်မှာတော့ကြိုးလိုပါသေးတယ်) 
iPhone to PC: How-to Guide

3. ပြီးရင် iTunes ထဲသွား Device > Summary > Sync with this iPhone over Wi-Fi ကိုအမှန်ခြစ်ခြစ်ပြီး Done လုပ်ပေးပါ။ 

4. ပြီးသွားရင် iTunes ကိုပိတ်ပြီး iPhone ကိုလည်း PC နဲ့ Disconnect လုပ်ပေးပါ။
How to Stop iTunes and Photos from Opening When iPhone is Connected

5. iTunes ကိုပြန်ဖွင့်ပါ ခဏကြာရင် iPhone နဲ့ ကြိုးမဲ့ချိတ်ပြီးသားဖြစ်နေပါလိမ့်မယ်။ 

နောက်တစ်ခါတွေမှာလည်း ကြိုးမလိုဘဲ iTunes နဲ့ Sync လုပ်လို့ရပါပြီ။ Video မှာ Wifi Connection နဲ့ Data တွေထည့်ပြထားပါတယ်။ 


အားနည်းချက်ကတော့ Wireless စနစ်ဖြစ်တာကြောင့် Data Transfer Speed တော့တော်တော်လေးနှေးတာတွေ့ရပါတယ်။ ဒါကြောင့် file size အကြီးကြီးတွေတော့သိပ်အဆင်မပြေပေမယ့် size သေးသေးလေးတွေဖြစ်တဲ့ Document file, PDF file, MP3, Photo အနည်းငယ်လောက်ဆိုရင်တော့ အားသွင်းကြိုးရှာနေစရာမလိုတော့ဘဲ အလွယ်တကူ Transfer လုပ်နိုင်မှာဖြစ်ပါတယ်။

နောက်ကိုလည်း ဒီလို Ticks & Trick တွေကိုအားရင်အားသလိုတင်ပေးသွားပါမယ်။ 


Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks