Mobile Phone လောကကို တစ်ခေတ်ပြောင်းစေခဲ့သောဖုန်းများ (Revolutionary Phones)




ကျွန်တော်တို့အခုခေတ်သုံးနေကြတဲ့ ပြည့်စုံကောင်းမွန်တဲ့ Smartphone တွေဖြစ်လာဖို့ တစ်ဆင့်ချင်းတိုးတက်ပြောင်းလဲခဲ့ကြပါတယ်။ ဒါပေမယ့်ထွက်ရှိလာတဲ့ချိန်မှာ အံ့အားသင့်ဖွယ်‌ကောင်းလောက်အောင်တိုးတက်ခဲ့တဲ့ Revolutionary Phone တွေကလည်း Mobile Phone သမိုင်းမှာအများအပြားပေါ်ထွက်ခဲ့ပါတယ်။ ဒီထဲကမှကျွန်တော့စိတ်နဲ့ထပ်တူကျတဲ့ဖုန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ကွဲလွဲမှုတွေတော့ရှိနိုင်ပါတယ်။


1. Motorola DynaTAC (193) First Mobile Phone 
1983 ခုနှစ်မှာ ပထမဆုံး Mobile Phone ဖြစ်တဲ့ Motorola DynaTAC (Dynamic Adaptive Total Area Coverage) ကိုဒေါ်လာ ၄၀၀၀ ဝန်းကျင်ဖြင့်စတင်ရောင်းချခဲ့ပါတယ်။ ဒီခေတ်ငွေဈေးနဲ့ဆို ဒေါ်လာ ၁၀၀၀၀ ကျော် (သိန်း ၁၄၀ ဝန်းကျင်) ရှိပါတယ်။ သူ့ခေတ်သူ့ innovation နဲ့ကတော့တန်တယ်လို့ဘဲပြောရမှာပါဘဲ။ ဒီဖုန်းကို ၁၀ နာရီကြာအားသွင်းပြီး မိနစ် ၃၀ ကြာပြောနိုင်ပါတယ်။ 


1.   
    2. Nokia 1011 (1992) Digital Display
1991 ခုနှစ်ဥရောပမှာ GSM Network ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Nokia 1011 က Nokia ရဲ့ ပထမဆုံး GSM Handset ဖြစ်သလို 2G Network ပေါ်မှာ SMS ပို့လို့ရတဲ့ပထမဆုံး Mobile Phone ဖြစ်ပါတယ်။ သူ့မှာပါတဲ့ Digital Display ကသူ့ခေတ်အခါက Revolution တစ်ခုလို့ပြောလို့ရပါတယ်။ 


3. IBM Simon (1992) Touch Screen Smartphone
Touch Screen Smartphone တွေရဲ့မူလအစဖြစ်လို့သူ့ကိုလည့်ချန်ခဲ့လို့မရပါဘူး။ 


4. Nokia 9000 Communicator (1996) Internet Access
1996 မှာ Nokia ရဲ့ကမ္ဘာ့ပထမဆုံးInternet သုံးလို့ရတဲ့ဖုန်းတွေဖြစ်တဲ့ Communicator series ကိုထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် Black & White Display ဘဲရှိပါသေးတယ်။



Siemens S 10 (1997)
5. DoCoMo D502i (1999) Color Display
1997 မှာထွက်ခဲ့တဲ့ Simens ရဲ့ S10 မှာ Color Display တွေစတင်ပါဝင်ခဲ့ပါတယ်။ 
2000年発売、ドコモd502i : 2000年を振り返ってみたら懐かしすぎること ...
DoCoMo D502i (1999)

ဒါပေမယ့် Black & White ကို Color ထည့်ထားရုံလောက်သာရှိခဲ့ပြီး နောက် ၂ နှစ်မှာထွက်တဲ့ DoCoMo D502i ကမှ ဒီနေ့ခေတ်ဖုန်းတွေရဲ့ Display တွေနဲ့ပိုပြီးနီးစပ်ပါတယ်။ 



6. Sony Ericsson T68 (2001) Feature Phone
1999 ခုနှစ်မှာ Shark ကပထမဆုံး Camera ပါတဲ့ဖုန်းထုတ်ပြီးပါပြီ ဒါပေမယ့် Sony Ericsson T68 နောက်ပိုင်းမှာမှ Feature phone တွေခေတ်စားလာတာပါ။ Camera က Built in ပါဝင်တာမဟုတ်ဘဲ လိုမှတပ်ဆင်ရတဲ့ Clip on camera ပါ။ 

7. Apple iPhone (2007) Modern Smartphone
2007 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Apple ရဲ့ First Generation iPhone ကတော့ကွန်ပျူတာနဲ့ MP3 Player တွေပေါ်က လူတွေရဲ့အမှန်တကယ်လိုအပ်နေတာတွေကို Smartphone တွေပေါ်ယူဆောင်လာနိုင်ခဲ့တာကြောင့် Mobile Phone သမိုင်းမှာ Revolutionary အဖြစ်ဆုံးလို့ပြောရင်မှားမယ်မထင်ပါဘူး။ Mail, Browser, Google Maps, YouTube တွေကို 2G Network ပေါ်မှာသုံးလို့ရပါတယ်။ ပထမမျိုးဆက် iPhone တွေမှာလိုအပ်ချက်တွေ အများအပြားရှိခဲ့ပေမယ့် အဲ့ဒီကနေဆင့်ကဲတိုးတက်ပြောင်းလဲလာပြီး ယနေ့ခေတ် ပြီးပြည့်စုံတဲ့ Smartphone တွေ‌ပေါ်ထွက်လာဖို့လမ်းစတစ်ခုဖြစ်ခဲ့ပါတယ်။


8. Samsung Galaxy Note (2011) Phablet
ထိုအချိန်က ဖုန်းတွေအများစုက 3.5” လောက်သာရှိတဲ့အချိန်မှာ 5.2” အရွယ်ရှိတဲ့ Galaxy Note ကခေတ်ရှေ့ပြေးတဲ့ ဖုန်းတစ်လုံးလို့ဆိုရပါမယ်။ စထုတ်ခဲ့စဉ်က အရွယ်အစားအဆမတန်ကြီးမားခဲ့ပေမယ့် နောက်ပိုင်းမှာတော့အကုန်လုံးက ခေတ်နဲ့အညီသူ့လမ်းစဉ်လိုက်လာခဲ့ကြပါပြီး နောက် ၃ နှစ်အကြာမှာ Standard Size ဖြစ်လာပါတယ်။ အခုခေတ်မှာဖုန်းအများစုက 6” ကျော်ဖြစ်နေပေမယ့် Phablet တွေကိုပထမဆုံးစထုတ်ခဲ့တဲ့ Samsung Note Series ကိုတော့အသိအမှတ်ပြုရပါမယ်။

9. iPhone X (2017) Full View Display
iPhone ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ထားတဲ့ iPhone X ကလည်း Smartphone လောကကို နောက်ထပ်တစ်ဆစ်ချိုးပြောင်းလဲခဲ့ပါတယ်။ iPhone X မထွက်ခင်တည်းက Samsung S8, LG G6 တွေက 18:9 Full View Display ဖုန်းတွေထွက်ပြီးဖြစ်ပေမယ့် iPhone X ထွက်ပြီးမှသာ Smartphone Industry တစ်ခုလုံးပြောင်းလဲလာကြပါတယ်။

10. Samsung Galaxy Fold & Huawei Mate X (Fordable Display)
ကွေးညွှတ်နိုင်တဲ့ Display တွေကိုထုတ်နိုင်ဖို့ Company အများစုက အားထုတ်နေခဲ့ကြတာကြာပါပြီ 2019 နှစ်ဆန်းပိုင်းမှာတော့ Samsung Galaxy Fold နဲ့ Huawei Mate X ဆိုတဲ့ Foldable Smartphone တွေကိုရှေ့ဆင့်နောက်ဆင့် မိတ်ဆက်ခဲ့ကြပါတယ်။ အခုဆိုဒုတိယမျိုးဆက်တွေတောင်ထွက်ပြီးနေပါပြီ။

ဒီနည်းပညာကအခုချိန်မှာ Innovation တစ်ခုလိုဖြစ်နေပေမယ့် နောက်နှစ်အနည်းငယ်အတွင်း လူတိုင်းရဲ့ Daily usage မှာအသုံးဝင်လာနိုင်ပါတယ် (အရင်က Fingerprint တွေ High end တွေမှာသာပါပေမယ့် အခုဆိုဖုန်းတိုင်းပါလာသလိုမျိုး)။ Fordable Display တွေသာအခုထက်ပိုပြီး လူတိုင်းနဲ့အဆင်ပြေခဲ့မယ်ဆိုရင် Smartphone လောကရဲ့အပြောင်းအလဲ ကြီးကြီးမားမားတစ်ခုဖြစ်လာမှာသေချာပါတယ်။ အရင်ကဖုန်းတွေကအရွယ်အစားသေးရာကနေတဖြည်းဖြည်းကြီးလာပြီး နောက်ပိုင်းပြန်သေးလာမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရပါမယ်။

ပထမဆုံးဖုန်းတွေအကြောင်း ဒီမှာဖတ်လို့ရပါတယ်။


Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared