Samoa နိုင်ငံမှာ 2009 ခုနှစ်ကမှ ညာကပ်မောင်းစနစ်ကနေ ဘယ်ကပ်မောင်းလို့ပြောင်းလဲခဲ့ပါတယ်

Oceania ဒေသမှာရှိတဲ့ကျွန်းနိုင်ငံငယ်လေး ဆာမိုဝါနိုင်ငံကယာဉ်ကြောစနစ်ပြောင်းလဲကျင့်သုံးခဲ့တဲ့ နောက်ဆုံးနိုင်ငံတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်လို့ကားအသစ်တွေဝယ်မစီးနိုင်ကြတာကြောင့် သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှ တစ်ပတ်ရစ်ကားများကိုဈေးသက်သာစွာနဲ့တင်သွင်းနိုင်ဖို့ဖြစ်ပါတယ်။

ပြောင်းလဲခဲ့ချိန်ကအားလပ်ရက် ၃ ရက်ပေးပြီး ရှိသမျှအလုပ်တွေအကုန်ပိတ် လမ်းပေါ်မှာဘာကားမှမောင်းခွင့်မပေးဘဲ ၃ ရက်အတွင်းလမ်းညွှန်အမှတ်အသားတွေ မီးပွိုင့်တွေကိုပြောင်းလဲခဲ့ပါတယ်။

ယာဉ်ကြောစနစ်ကိုအောင်မြင်စွာပြောင်းလဲနိုင်ခဲ့တာကြောင့် အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံက used ညာမောင်းကားတွေနဲ့အဆင်ပြေနေပါပြီ။ ဒီလိုနိုင်ငံငယ်လေးတစ်ခုတောင်ဖြစ်သလိုမလုပ်ဘဲ နိုင်ငံတကာမှာကျင့်သုံးနေတဲ့အတိုင်း ဘယ်ကပ်မောင်းဆိုညာမောင်းကားလမ်းစဉ်ကိုအတိအကျလိုက်နာပါတယ်။

အကယ်၍သာမြန်မာနိုင်ငံမှာလည်းကားဟောင်းတွေစအပ်တဲ့ 2011 ခုနှစ်တုန်းက ယာဥ်လမ်းကြောစနစ်ကိုသာအရင်ပြောင်းခဲ့မယ်ဆိုရင် အဲ့ဒီချိန်ကကားတွေရဲ့ 95% ကျော်က ညာမောင်းတွေပါ အသစ်သွင်းမယ့်ကားတွေကလည်း Japan used ညာမောင်းတွေရော Brand new တွေလည်းညာမောင်းဘဲလာမှာဖြစ်ပါတယ်။
Photo Credit
Swan Htet Paing