Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison
မြန်မာပြည်ဈေးကွက်ထဲက Brand New Sedan တွေထဲမှာလူကြိုက်အများဆုံးဖြစ်တဲ့ Toyota Vios, Hyundai Accent နဲ့ Suzuki Ciaz တွေရဲ့ကွာခြား ချက်လေးတွေပါ။ ဒီ ၃ စီးလုံးက B-Segment Subcompact ကားလေးတွေဖြစ်ပြီး ဈေးနှုန်းနဲ့ Specification တွေလည်းအများကြီးကွာခြားတာမျိုးမရှိပါဘူး။ ကားအသစ်ဝယ်မယ့်သူတွေယှဉ်ပြီးရွေးချယ်လို့ရအောင် အခြေခံ ကွာခြား ချက် များကို တင်ဆက်ပေးလိုက်ပါတယ်။ ကားတွေကိုအရွယ်အစားအလိုက် Class ခွဲခြားထားပုံ History Vios ကို ၂၀၀၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဂျပန်မှာ Belta , အခြားနိုင်ငံတွေမှာ Yaris , အာဆီယံဈေးကွက်မှာတော့ Vios လို့ခေါ်ပါတယ်။ ကမ္ဘာမှာ Volkswagen Polo ပြီးရင်ဒုတိယရောင်းအားအကောင်းဆုံး Subcompact ကားဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေမှာလည်းအရမ်းလူကြိုက်များပါတယ်။ Generation ၃ ခုထွက်ထားပြီး လက်ရှိ Third Generation ကို ၂၀၁၃ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပါတယ်။ Accent ကို ၁၉၉၄ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး မျိုးဆက် ၅ ခုရှိသွားပါပြီ။ လက်ရှိမျိုးဆက်ကို ၂၀၁၈ ကမှ All New ထွက်ထားတာဖြစ်ပါတယ်။ Ciaz...