Mitsubishi Attrage ကိုအိမ်နီးချင်းနိုင်ငံတွေက ဈေးနဲ့နှိုင်းယှဉ်ကြည့်ခြင်း


Preliminary assessment of Mitsubishi Attrage 2020 – ElectroDealPro

မြန်မာပြည်မှာကားတွေကိုအခွန်ကောက်တာများတယ်ဆိုကြလို့ Mitsubishi Attrage ကိုထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင် အိမ်နီးချင်း ၃ နိုင်ငံကဈေးတွေနဲ့နှိုင်းယှဉ်ပြထားပါတယ် (နောက်ဆုံးပုံမှာ Price comparison table ပါထည့်ထားပေးပါတယ်) ဟိုတစ်နေ့ကလည်း Suzuki Ciaz ကိုဖိလစ်ပိုင်က Grade နဲ့ဈေးတွေကိုယှဉ်ပြဖူးပါတယ်။ ထိုင်းနဲ့ဖိလစ်ပိုင်တွေကဈေးက ဒီမှာနဲ့ကွာခြားချက်ကြီးကြီးမားမားမရှိပေမယ့် စင်္ကာပူကဈေးကတော့ အဆမတန်များနေတာတွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေရဲ့  Grade နဲ့ဈေးနှုန်းတွေပါ

ကျွန်တော်စင်္ကာပူရောက်တုန်းက အဲ့ဒီကလူတွေကိုမေးဖူးပါတယ် ဒီကလူတွေကချမ်းသာရက်နဲ့ ဘာလို့ကားကောင်းကောင်းမစီးကြတာလဲ မြန်မာပြည်လောက်တောင် Class မြင့်တဲ့ကားတွေသိပ်မရှိဘူးဆိုတော့ သူတို့ဆီမှာ Public Transport တွေကိုကောင်းကောင်းလုပ်ထားပေးလို့ ကားတွေကိုအနိမ့်ဆုံး 300% အထိအခွန်ကိုအဆမတန်ကောက်ထားပါတယ် သူတို့တောင်မတန်လို့ဝယ်မစီးဘူးလို့ပြောပါတယ်။ Brand New တွေဆိုဈေးအဆမတန်များလွန်းလို့ စင်္ကာပူကဂျပန်တစ်ပတ်ရစ်ကားတွေလည်း အများဆုံးတင်သွင်းတဲ့စာရင်းမှာပါပါတယ်။ 

2016 ခုနှစ်ကဂျပန်တစ်ပတ်ရစ်ကားအများဆုံးတင်သွင်းတဲ့နိုင်ငံတွေပါ

အခု Attrage ဆိုရင် MSRP USD 15000 လောက်ကစပေမယ့် အခွန်အပါအဝင်အပြီးအစီးဆို SGD 66000 (USD 47500) လောက်ဖြစ်သွားပါတယ်။ အမှန်တကယ်ဘဲ Tax 300% လောက်ဆောင်ရပါတယ်။ ဒီလို B-Segment Entry level ကားလေးကိုတောင် သိန်း ၇၀၀ ပေးရပါတယ်။

အိမ်နီးချင်း ၄ နိုင်ငံမှာရောင်းတဲ့ Grade နဲ့ဈေးတွေနှိုင်းယှဉ်ကြည့်မယ်ဆိုရင်


ထိုင်းမှာ Grade ၄ မျိုးရောင်းပါတယ်


GLX (MT) - ฿ 494,000 (၂၂၅ သိန်း)

GLX (CVT) – ฿ 529000 (၂၅၁ သိန်း)

GLS฿ 579,000 (၂၆၃ သိန်း)

GLS (LTD) - ฿ 624,000 (၂၈၄ သိန်း)



ဖိလစ်ပိုင်မှာတော့

GLX (MT) - 735000 (၂၀၆ သိန်း)

GLX (CVT) - 785000 (၂၂၀ သိန်း)

GLS - 869000 (၂၄၄ သိန်း) ဆိုပြီး ၃ မျိုးရွေးချယ်နိုင်ပါတယ်။ 



စင်္ကာပူမှာတော့ Manual Transmission မရောင်းပါဘူး

GLX – S$ 65999 (၆၇၀ သိန်း)

GLS – S$ 69999 (၇၁၁ သိန်း) ဆိုပြီး Grade 2 မျိုးဘဲရှိပါတယ်။



မြန်မာပြည်မှာလည်းအရင်ကတော့ Grade ၂ မျိုးရောင်းပေမယ့် အခုနောက်ပိုင်း GLS တစ်မျိုးတည်းကို ၂၆၅ သိန်းနဲ့ရောင်းတယ်လို့သိရပါတယ်။ မြန်မာပြည်သွင်းတဲ့မော်ဒယ်တွေကတော့ ထုံးစံအတိုင်း Grade အမြင့်ဖြစ်ပေမယ့် TV လို့ခေါ်တဲ့ Infotainment Screen မပါပါဘူး။ 

မြန်မာပြည်မှာရောင်းတဲ့ Grade 

အခြားနိုင်ငံတွေကအနိမ့်ဆုံး Grade (MT) တွေမှာတောင် 7” Touch Screen ပါဝင်ပြီး Apple CarPlay, Android Auto တွေပါသုံးလို့ရပါတယ်။ နောက်တစ်ခုကစင်္ကာပူက GLS မှာ SRS Airbag ၆လုံးပါပေမယ့် မြန်မာပြည်သွင်းတဲ့မော်ဒယ်တွေမှာ ၂ လုံးဘဲပါပါတယ်။ ၂ ခုလုံးက Thai Production ချင်းတူတူပါဘဲ။

 အိမ်နီးချင်းနိုင်ငံတွေက အနိမ့်ဆုံး Grade 

မြန်မာပြည်မှာအခွန်များတယ်ဆိုတာမဟုတ်ပါဘူး ဒါပေမယ့်အခြားနိုင်ငံနဲ့ Grade ချင်းတူဈေးချင်းတူတူလောက်ကို Full Grade မရတာ‌တော့




Popular posts from this blog

Classification of cars

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Samsung One UI Tips & Tricks