Google Play Family Library



Google Play Family Library  ဆိုတာ Android ဖုန်းတွေမှာ Google Play Store ကဝယ်ထားတဲ့ App တွေ Game တွေ၊ Books, Movie တွေကို Family member အချင်းချင်း Sharing လုပ်ပြီးသုံးတာပါ။ Family Library လုပ်ဖို့ Credit card ထည့်ထားရပါမယ်။ Family Payment method အနေနဲ့သုံးဖို့ Visa card or Master card ထည့်ထားဖို့လိုအပ်ပြီး အများဆုံး Google Account  ၅ ခုအထိမျှဝေသုံးစွဲနိုင်ပါတယ်။



Family Library စတင်သုံးနိုင်ဖို့ Google Play Store > Account > Family ကနေ Sign up လုပ်ပေးရပါမယ်။


Sign up လုပ်ပြီးပြီဆိုရင် Manage Family Member ဆိုတာပေါ်လာပါလိမ့်မယ်။ 

Invite လုပ်ပြီးလက်ခံမယ့်သူရဲ့ Gmail ကိုထည့်ပေးရင်ရပါပြီ။ 

ဟိုဘက်ကို mail ပို့ပါလိမ့်မယ် Accept invitation လုပ်ပေးလိုက်ရင် Family Member ဖြစ်သွားပြီမို့ဝယ်ထားတဲ့ Paid App တွေကို Share သုံးလို့ရပါပြီ။ 



Play Store မှာ Family Library ဆိုတာလေးပေါ်လာပါလိမ့်မယ်။ 

အဲ့ဒီထဲမှာ Library ထဲက App တစ်ခုချင်းစီကို Family Manager ကစိတ်ကြိုက် Manage လုပ်နိုင်ပါတယ်။ 


Support လုပ်တဲ့ App တွေဘဲရမှာဖြစ်ပြီး Support လုပ်မလုပ်ကို Play Store ကသက်ဆိုင်ရာ App တွေမှာသွားကြည့်လို့ရပါတယ်။ Eligible for family library လို့ပြထားရင်ရပါတယ်။ In App Purchase တွေတော့ Sharing လုပ်လို့မရပါဘူး။


Swan Htet Paing 



Popular posts from this blog

Classification of cars

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Samsung One UI Tips & Tricks