iPhone မှာ App တွေ Offload ဖြစ်လို့ခဏခဏပြန်ဒေါင်းနေရတာဘာကြောင့်လဲ

No photo description available.


မသုံးတာကြာတဲ့ app တွေဒီလိုလေး cloud ပုံလေးပေါ်ပြီးသုံးမရတော့တာ iOS 11 မှာစပြီးပါဝင်လာတဲ့ offload ဆိုတဲ့ feature ကြောင့်ပါ

iOS 11 နဲ့အထက်မှာ offload unused apps ကို Setting ထဲမှာ Default on ထားပေးတာကြောင့် Phone storage နည်းလာတဲ့အခါ မသုံးတာကြာတဲ့ app တွေကို auto remove လုပ်ပစ်ပါတယ်။ ဒါပေမယ့် အထဲက Data တွေကိုတော့ သိမ်းထားပေးပါတယ်။ ပြန်လိုချင်တဲ့အခါ App Store ကနေပြန်ဒေါင်းလို့ရပါတယ်။


No photo description available.


မကြိုက်ဘူးဆိုရင်တော့ Setting ထဲမှာပိတ်ထားလို့ရပါတယ်။ Setting > iTunes & App Store > Offload unused apps ကိုပိတ်ထားပေးပါ။ 


No photo description available.


ကိုယ်မသုံးဖြစ်တဲ့ app ကိုလည်း offload လုပ်ထားလို့ရပါတယ်။ setting > iPhone storage > လုပ်ချင်တဲ့ app > offload ရွေးပေးရုံပါဘဲ။


Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks