Posts

Showing posts from July, 2020

Evolution of Mazda 2

Image
Mazda 2 ကို Brand Name ပေါင်းစုံအောက်မှာ နာမည်မျိုးစုံနဲ့ထုတ်လုပ်ခဲ့ပါတယ် Ford Festiv‌a (1986-1991) 1986  ကနေ 1991 ခုနှစ်အထိ Ford Festiva အနေနဲ့ထုတ်လုပ်ခဲ့ပါတယ် (ထိုအချိန်က Mazda နဲ့ Ford က Partnership များဖြစ်ပါတယ်)။ Ford Festiva ကို Mazda ကဒီဇိုင်းဆွဲပြီး Kia ကထုတ်ထုပ်ပေးခဲ့ပေမယ့် Ford Brand အောက်မှာသာရောင်းချခဲ့ပါတယ်။ 1987 ကနေ 1991 ခုနှစ်အထိ ဥရောပနဲ့သြစတေးလျှဈေးကွက်တွေမှာ Mazda 121 အနေနဲ့လည်းကောင်း၊ မြောက်အမေရိကနှင့်ကျန်ဈေးကွက်တွေမှာတော့ Ford Festiva နာမည်နဲ့ Kia Motors ကနေတပ်ဆင်ထုပ်လုပ်ပေးခဲ့ပါတယ်။ အကျိုးခံစားခွင့်အနေနဲ့ Ford Festiva ကို Kia Pride နာမည်နဲ့  2000 ခုနှစ်ထိထုတ်လုပ်ရောင်းချခွင့်ရရှိခဲ့ပါတယ်။   Kia Pride  ဆိုတာအခြားတော့မဟုတ်ပါဘူး မြန်မာပြည်မှာ လူကြိုက်များတဲ့  Kia   Rio  ရဲ့  Precessor  ဘဲဖြစ်ပါတယ်။ နောက်ထပ်မြန်မာပြည်မှာလူကြိုက်များတဲ့  Hyundai Accent  ကလည်း  Kia Rio  နဲ့  Shared Platform  တွေဘဲဖြစ်ပါတယ်။  Hyundai  နဲ့  Kia  နှစ်ခုလုံးကလည်း  Hyundai Motor Group  အောက်ကညီအစ်ကို  Brand  တွေပါ။ Autozam Revue (1991-1998) 1991 ကနေ 1998 ခုနှစ်အထိ  Autozam Revue  ဆိုပြီးထ

iPhone တွေမှာ App Store ကနေ Paid App တွေမှားဝယ်မိလို့ဘဲဖြစ်ဖြစ် ဝယ်ပြီးမှစိတ်တိုင်းမကျလို့ဘဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် Refund ပြန်တောင်းနည်းပါ

Image
1. အရင်ဆုံး ဒီ  link  ကိုသွားပါ  https://reportaproblem.apple.com/   2. Apple ID sign in ဝင်ပါ 3. Request a refund ကိုရွေးပြီး refund လုပ်လိုသည့်အကြောင်းရင်းကိုရွေးပေးပါ 4. Refund လုပ်လိုသည့် App ကိုရွေးပြီး Submit လုပ်ပေးပါ (သတ်မှတ်ထားတဲ့ရက်အတွင်းဘဲရပါမယ်) 5. ဒါဆိုရပါပြီ Check status of claims မှာ စစ်ကြည့်လို့ရပါတယ် လောလောဆယ် Pending ဖြစ်နေပါမယ် ၄၈ နာရီအတွင်းအကြောင်းပြန်ပါလိမ့်မယ် 6. Refund  ပြန်ရရင်  mail  ပို့ပါတယ်  Check status  မှာလည်းစစ်ကြည့်လို့ရပါတယ်  Apple ID  ထဲကိုဝယ်ထားတဲ့  Credit  ပြန်ထည့်ပေးပါတယ်။ Android  ဖုန်းတွေမှာတော့  Google Play Store  ကဝယ်ထားတဲ့  App  များကို  Report  လုပ်စရာမလိုဘဲ ၂ နာရီအတွင်း  Refund  လုပ်နိုင်ပါတယ်။   Swan Htet Paing  

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Image
ပြီးတဲ့ခဲ့အပတ်က သိန်း ၃၀၀ တန်းထဲက  Vios, Accent  နဲ့  Ciaz  တွေအကြောင်းတင်ပေးပြီးပါပြီ။ အခုတစ်ခါမှာတော့ သိန်း ၂၅၀ ဝန်းကျင်ကားသစ်ဝယ်မယ့်သူတွေအတွက် ရွေးချယ်နိုင်ဖို့  Suzuki Swift, Kia Picanto  နဲ့  Hyundai Grand i10  တွေရဲ့ကွာခြားချက်လေးတွေတင်ဆက်ပေးပါမယ်။ Ciaz, Accent, Vios Comparison ဖတ်ရန် History Hyundai Grand i10   ကို 2007 ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး ထိုအချိန်က  Hatchback  တစ်မျိုးတည်းထုတ်လုပ်ခဲ့ပါတယ်။   2014 ခုနှစ်ဒုတိယမျိုးဆက်မှာတော့  Hatchback  ရော  Sedan  ပါနှစ်မျိုးလုံးထုတ်ခဲ့ပါတယ်။   အချို့နိုင်ငံတွေမှာတော့  Hatchback  ကို  Grand i10 , Sedan  ကို  Xcent   လို့ခေါ်ပေမယ့် မြန်မာပြည်မှာတော့  Sedan  တစ်မျိုးဘဲတင်သွင်းပြီး  Accent   နဲ့ရောမှာစိုးလို့  Grand i10   လို့ဘဲခေါ်ပါတယ်။  Hyundai Xcent or Grand i10 Sedan   အနေနဲ့ 2014  ခုနှစ်မှာစတင်ထုတ်လုပ်ပြီး  Generation  တစ်ခုဘဲထွက်ပါသေးတယ်။   Kia Picanto  ကို 2004 ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပြီး  Generation  ၃ ခုထွက်ပြီးသွားပါပြီ လက်ရှိ  Third Generation  ကိုတော့ 201 7  ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။  Hyundai  နဲ့  KIA  နှစ်ခုလုံးက  Hyund