iPhone တွေမှာ App Store ကနေ Paid App တွေမှားဝယ်မိလို့ဘဲဖြစ်ဖြစ် ဝယ်ပြီးမှစိတ်တိုင်းမကျလို့ဘဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် Refund ပြန်တောင်းနည်းပါ



1. အရင်ဆုံး ဒီ link ကိုသွားပါ https://reportaproblem.apple.com/ 

2. Apple ID sign in ဝင်ပါ


3. Request a refund ကိုရွေးပြီး refund လုပ်လိုသည့်အကြောင်းရင်းကိုရွေးပေးပါ

4. Refund လုပ်လိုသည့် App ကိုရွေးပြီး Submit လုပ်ပေးပါ (သတ်မှတ်ထားတဲ့ရက်အတွင်းဘဲရပါမယ်)


5. ဒါဆိုရပါပြီ Check status of claims မှာ စစ်ကြည့်လို့ရပါတယ် လောလောဆယ် Pending ဖြစ်နေပါမယ် ၄၈ နာရီအတွင်းအကြောင်းပြန်ပါလိမ့်မယ်

6. Refund ပြန်ရရင် mail ပို့ပါတယ် Check status မှာလည်းစစ်ကြည့်လို့ရပါတယ် Apple ID ထဲကိုဝယ်ထားတဲ့ Credit ပြန်ထည့်ပေးပါတယ်။


Android ဖုန်းတွေမှာတော့ Google Play Store ကဝယ်ထားတဲ့ App များကို Report လုပ်စရာမလိုဘဲ ၂ နာရီအတွင်း Refund လုပ်နိုင်ပါတယ်။

 


Swan Htet Paing

 


Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks