Evolution of Mazda 2


Mazda 2 ကို Brand Name ပေါင်းစုံအောက်မှာ နာမည်မျိုးစုံနဲ့ထုတ်လုပ်ခဲ့ပါတယ်


Ford Festiv‌a (1986-1991)

1986  ကနေ 1991 ခုနှစ်အထိ Ford Festiva အနေနဲ့ထုတ်လုပ်ခဲ့ပါတယ် (ထိုအချိန်က Mazda နဲ့ Ford က Partnership များဖြစ်ပါတယ်)။ Ford Festiva ကို Mazda ကဒီဇိုင်းဆွဲပြီး Kia ကထုတ်ထုပ်ပေးခဲ့ပေမယ့် Ford Brand အောက်မှာသာရောင်းချခဲ့ပါတယ်။

1987 ကနေ 1991 ခုနှစ်အထိ ဥရောပနဲ့သြစတေးလျှဈေးကွက်တွေမှာ Mazda 121 အနေနဲ့လည်းကောင်း၊ မြောက်အမေရိကနှင့်ကျန်ဈေးကွက်တွေမှာတော့ Ford Festiva နာမည်နဲ့ Kia Motors ကနေတပ်ဆင်ထုပ်လုပ်ပေးခဲ့ပါတယ်။ အကျိုးခံစားခွင့်အနေနဲ့ Ford Festiva ကို Kia Pride နာမည်နဲ့  2000 ခုနှစ်ထိထုတ်လုပ်ရောင်းချခွင့်ရရှိခဲ့ပါတယ်။ 

Kia Pride ဆိုတာအခြားတော့မဟုတ်ပါဘူး မြန်မာပြည်မှာ လူကြိုက်များတဲ့ Kia Rio ရဲ့ Precessor ဘဲဖြစ်ပါတယ်။ နောက်ထပ်မြန်မာပြည်မှာလူကြိုက်များတဲ့ Hyundai Accent ကလည်း Kia Rio နဲ့ Shared Platform တွေဘဲဖြစ်ပါတယ်။ Hyundai နဲ့ Kia နှစ်ခုလုံးကလည်း Hyundai Motor Group အောက်ကညီအစ်ကို Brand တွေပါ။

Autozam Revue (1991-1998)

1991 ကနေ 1998 ခုနှစ်အထိ Autozam Revue ဆိုပြီးထုတ်လုပ်ခဲ့ပါတယ်။ (Autozam ဆိုတာကတော့ Small call (Kei Car) လေးတွေထုတ်လုပ်တဲ့ Mazda ရဲ့  Sub brand တစ်ခုဖြစ်ပြီးအများစုမှာ Suzuki နှင့် Rebadged လုပ်ပြီးပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။ 1998 ခုနှစ်မှာတော့ Autozam Brand ကိုရပ်ဆိုင်းခဲ့ပါတယ်။

Rebadged လုပ်တယ်ဆိုတာကတော့ ကားတွေထုတ်လုပ်ရာမှာကုန်ကျစရိတ်သက်သာအောင် Brand တွေအချင်းချင်း Design တွေအတူတူသုံးတယ်၊ Platform တွေ Sharing လုပ်တယ်၊ R&D တွေအတူတူလုပ်ပြီး မတူညီတဲ့ Brand နှစ်ခုရဲ့ သီးခြားမော်ဒယ်တွေအနေနဲ့ မတူတဲ့ဈေးကွက်တွေမှာရောင်းချကြတာပါ။ တခါတလေဈေးကွက်တစ်ခုတည်းမှာ ပြိုင်ရောင်းတာတွေလည်းရှိပါတယ်။ 

mazda & nissan | Grand Prix Road Trip

Mazda Familiar Van & Nissan AD Van

ဥပမာ Mazda Familia Van နဲ့ Nissan AD Van. 2018 ခုနှစ်မှာတော့ Mazda Familia Van ကို Toyota Probox နဲ့ rebadged ပြောင်းလုပ်ခဲ့ပါတယ်။ 

Mazda Demio / Mazda 121 (1996-2002)

1996 ခုနှစ်ကနေ 2002 ခုနှစ်အထိ Mazda Demio First Generation အနေနဲ့ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်ပြည်တွင်းမှာ Demio လို့ခေါ်ပြီးဂျပန်ပြင်ပနိုင်ငံတွေမှာ Mazda 121 အနေနဲ့ဆက်လက်ရောင်းချခဲ့ပါတယ်။ 1997 ခုနှစ်မှာ Conference Car of the Year ဆုကိုဂျပန်မှာရရှိခဲ့ပါတယ်။
Mazda 121 ကို Rebadged လုပ်ထားတဲ့ Ford Fiesta ကိုလည်း အချို့ဥရောကဈေးကွက်တွေမှာရောင်းချခဲ့ပါတယ်။

Mazda Demio / Mazda 2 (2002-2007)

2002 ခုနှစ်မှာ ဂျပန်ပြည်တွင်းဈေးကွက်မှာ Mazda Demio second Generation အနေနဲ့ထွက်ရှိလာပြီး ဂျပန်ပြင်ပနိုင်ငံတွေမှာတော့ Mazda 121 ကနေ Mazda 2 လို့ပြောင်းလဲခဲ့ပါတယ်။ JDM မှာတော့ Demio လို့သာဆက်လက်ခေါ်ဆိုခဲ့ပါတယ်။

Ford Fiester အနေဖြင့်လည်း 2002 ကနေ 2008 ခုနှစ်အထိအချို့နိုင်ငံတွေမှာရောင်းချခဲ့ပါတယ်။

Mazda Demio / Mazda 2 (2007-2014)

Third Generation ကမြန်မာပြည်မှာ အများဆုံးတွေ့ရတဲ့ ဂျပန်တစ်ပတ်ရစ် Mazda Demio များဖြစ်ပါတယ်။

Hatchback သာမက Sedan ကိုပါထိုင်းနဲ့တရုတ်မှာ ပထမဆုံးအနေနဲ့စတင်ထုတ်လုပ်ခဲ့ပြီး အရှေ့တောင်အာရှ၊ တောင်အမေရိကနှင့် Oceania ဈေးကွက်တွေအတွက်ရောင်းချခဲ့ပါတယ်။ 2008 ခုနှစ်မှာ World Car of the year ဆုကိုရရှိခဲ့ပါတယ်။ 
Rebadged တွေအနေနဲ့ Ford Fiester အနေနဲ့သာမက တရုတ် Brand တစ်ခုဖြစ်တဲ့ Haima နဲ့ပါပူးပေါင်းပြီး Haima 2 ဆိုပြီးထုတ်လုပ်ခဲ့ပါတယ်။ 
2012 ခုနှစ်မှာ Demio EV (Electric Vehicle) ကို Limited edition အနေနဲ့အစီး ၁၀၀ ထုတ်လုပ်ခဲ့ပါတယ်။

Mazda Demio က 2014 ခုနှစ်မှာ Japan Car of the year ဆုကိုရရှိခဲ့ပါတယ်။

Mazda 2 Fourth Generation (2014-Present)

လက်ရှိထုတ်လုပ်နေဆဲဖြစ်တဲ့ ဒီ Generation မှာတော့အရင် Generation နဲ့ဘာမှမဆိုင်တော့ပါဘူး။ စတုတ္ထမျိုးဆက် Mazda 2 ကိုမက္ကဆီကိုမှာထုတ်လုပ်ပေမယ့် မြောက်အမေရိဈေးကွက်မှာ ဆက်လက်ရောင်းချခြင်းမရှိတော့ပါဘူး။ 

အကြောင်းရင်းကတော့ Mazda 2 နဲ့အမွှာကားတွေဖြစ်တဲ့ Scion iA ကို US မှာလည်းကောင်း၊ Toyota Yaris Sedan ကို ကနေဒါမှာလည်းကောင်း Mazda 2 ကိုဒီဇိုင်းပိုင်းအနည်းငယ်သာအပြောင်းအလဲလုပ်ပြီး ရောင်းချနေလို့ဖြစ်ပါတယ်။ 
(Mazda မှာ Toyota ရဲ့ရှယ်ယာများပါဝင်သလို Scion ဆိုတာလည်း Toyota ရဲ့လူငယ်များအတွက်ရည်ရွယ်ပြီးထုတ်လုပ်တဲ့ Sub brand တစ်ခုဖြစ်ပြီး 2016 ခုနှစ်မှာတော့ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ ) Scion Brand ကိုရပ်ဆိုင်းပြီးနောက် US မှာ Yaris iA ဆိုပြီးဆက်လက်ရောင်းချခဲ့ပါတယ်။ Yaris ဆိုတာလည်းအခြားမဟုတ်ပါဘူး မြန်မာပြည်မှာလူကြိုက်များတဲ့ JDM Belta, Toyota Myanmar မှာလက်ရှိရောင်းချနေတဲ့ Vios တွေရဲ့ဈေးကွက်အလိုက် နာမည်ကွဲသာဖြစ်ပါတယ်။ 2019 ခုနှစ်မှာတော့ Japan Domestic Market မှာပါ Mazda Demio ကနေ Mazda 2 လို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။

2020 မှာတော့ Facelift အပြောင်းအလဲလုပ်ခဲ့ပါတယ်။ June 2020 မှာတော့ Mazda 2 ကိုအခြေခံထားတဲ့ Yaris များကို 2020 ပြီးရင် US ဈေးကွက်သို့တင်ပို့မှုရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း 2013 ခုနှစ်လောက်က Mazda Showroom ဖွင့်ခဲ့ပြီး Mazda Brand New car များကိုရောင်းချလျှက်ရှိပါတယ်။ Mazda 2 ရဲ့ဈေးကတော့ (Grade အမြင့်ဆို) ဒေါ်လာ ၃၀၀၀၀ ဖြစ်တာကြောင့် လက်ရှိပေါက်ဈေးနဲ့ဆို သိန်း ၄၀၀ ကျော်ပါတယ်။ (Chevy Sail ကလွဲရင်) သူ့ Segment မှာအခြားကားတွေနဲ့ယှဉ်ရင်  ဈေးကတော်တော်လေးများပေမယ့် ရုပ်ထွက်နဲ့အတွင်းခန်း တွေကလည်းတော်တော်လေး Premium ဆန်ပါတယ်။

Mazda ရဲ့ Entry level Mazda 2 အကြောင်းတစ်စေ့တစ်စောင်းဖြစ်ပါတယ်။ US မှာတော့ Mazda 3 ကနေဘဲစရောင်းပါတယ်။ Mazda ရဲ့ Brand name က native language နဲ့ဆို マツダ (မာဇုဒ) ဖြစ်ပါတယ်။ 

Founder ဂျူဂျီရိုမာဇုဒ နာမည်ကိုအစွဲပြုပြီးခေါ်ခဲ့တာဖြစ်ပါတယ်။ 2018 ခုနှစ်မှာ ကားအစီးရေ ၁.၅ သန်းကျော်ရောင်းချခဲ့ပြီး ကမ္ဘာပေါ်မှာ ၁၄ ခုမြောက်ကားထုတ်လုပ်မှုအများဆုံးဖြစ်ပါတယ်။ ထူးခြားချက်ကအစီးရေတစ်သန်းကျော်ကို မူရင်းဂျပန်နိုင်ငံမှာသာထုတ်လုပ်တာဖြစ်ပါတယ်။   

Swan Htet Paing 



 


 







Popular posts from this blog

Classification of cars

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Samsung One UI Tips & Tricks