PC iTunes ဖြင့် iOS App များ Download ဆွဲနည်း

 

Apple က iTunes version 12.7 ထွက်တည်းက App Store ကိုဖယ်ရှားခဲ့တာကြောင့် iOS app များကို iPhone, iPad များဖြင့်သာ download ဆွဲလို့ရနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် iTunes version 12.6.5 ကအခုချိန်ထိ App များကို Download လုပ်လို့ရပါတယ်။ iTunes version အမြင့်ထည့်ထားရင် Downgrade လုပ်ပေးရပါမယ်။

 iTunes version Downgrade လုပ်နည်း (For Windows)

1. Downgrade ကဆင်းလို့မရတဲ့အတွက် အရင်ဆုံး version အမြင့်ကို Uninstall လုပ်ရပါမယ်။
2. iTunes
တစ်ခုတည်း Uninstall လုပ်ရုံနဲ့မရသေးပါဘူး ပုံထဲကအတိုင်း Apple နဲ့ပတ်သတ်တာ အကုန် Uninstall လုပ်ရပါမယ်။


3. ပြီးရင်တော့ Explorer မှာ C: User > (PC ရဲ့ Username) > Music > iTunes folder ကို Shift + Delete နဲ့ဖျက်ပေးပါ။ (iTunes ကဒေါင်းထားတာအကုန်ပျက်မှာမို့ file တွေအရင်ရွှေ့ထားပေးပါ)
4. PC
ကို Restart ချပေးပါ။
5.
ပြန်တက်လာရင် version အနိမ့်ကို Install လုပ်လို့ရပါပြီ။



iTunes version 12.6.5 ကိုဒီမှာဒေါင်းပါ

https://drive.google.com/drive/folders/1ddIM1_eObL1zv57hJ2rRDyjrq8K9Y1np?usp=sharing


Swan Htet Paing

 


Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks