Apple ID မှာ Myanmar Store နဲ့ US Store ကွာခြားချက်

 


Apple ID တစ်ခုစဖွင့်မယ်ဆိုရင် အရင်ဆုံးစဉ်းစားရတာ ဘာ Region နဲ့ဖွင့်ရမလဲဆိုတာရယ် ဖုန်းနံပါတ်နဲ့ Two factor authentication ခံပြီးဖွင့်မလား ဒါမှမဟုတ် Security Question နဲ့ဘဲဖွင့်မလားဆိုတာရယ်ပါ။ စဉ်းစားလို့ရအောင်အားသာချက်အားနည်းချက်တွေကိုဝေမျှပေးလိုက်ပါတယ်။

 အရင်တုန်းကတော့ App Store မှာ Myanmar Region Support မလုပ်တာကြောင့် US နဲ့ဘဲအများဆုံးဖွင့်ကြပါတယ်။ ပြီးတဲ့ April လတုန်းက App Store region အသစ် ၂၀ ထပ်မံတိုးချဲ့ခဲ့ရာမှာ မြန်မာလည်းပါလာခဲ့တာကြောင့် Apple ID ကို Myanmar Region နဲ့ပါတရားဝင်သုံးနိုင်ပါပြီ။

Myanmar App Store နဲ့ US App Store ရဲ့ကွာခြားချက်တွေကတော့

Myanmar Region Pros and Cons

အားသာချက်တွေကတော့ Myanmar Region ကိုတရားဝင်သုံးနိုင်ပြီဖြစ်လို့ ကိုယ့်လိပ်စာဖုန်းနံပါတ်အမှန်နဲ့ဖွင့်လို့ရပါတယ်။ မြန်မာပြည်က Visa Card တွေလည်း Payment မှာထည့်သုံးနိုင်ပါတယ်။ Gift card ဝယ်ရင်အနည်းဆုံး ၅ ဒေါ်လာကစရှိလို့

ဥပမာ Ringtone လေးတစ်ပုဒ်ဘဲဝယ်ဖို့ iTunes card တွေဝယ်စရာမလိုတော့ပါဘူး။ လိုသလောက်ဘဲကဒ်ထဲကဖြတ်မှာမို့ ပိုပြီးအဆင်ပြေပါတယ်။ Apple Music ကို Myanmar Region နဲ့သုံးမယ်ဆိုရင် $2.99 သာကျမှာဖြစ်ပါတယ်။ (US မှာဆို $9.99 ပါ)

အားနည်းချက်ကတော့ App တွေမစုံသေးပါဘူး။ YouTube လို App မျိုးတောင်မရနိုင်သေးပါဘူး။ Myanmar Region အတွက် iTunes Gift card မရှိပါဘူး။

 

US Region Pros and Cons

အားသာချက်ကတော့ App များစုံစုံလင်လင်ရနိုင်ပါတယ်။ iTunes Gift card တွေသုံးလို့ရပါတယ်။ Prepaid card ဖြစ်လို့အားသာချက်က ကဒ်ထဲရှိသလောက်ဘဲသုံးလို့ရပါမယ်။ ဘဏ်ကဒ်နဲ့ချိတ်ချိတ်ထားတာမဟုတ်လို့ လစဉ်ကြေးနဲ့ App တွေဝယ်မိသုံးပြီး Subscription တွေ Cancel မလုပ်မိလို့ကဒ်ထဲကပိုက်ဆံတွေမသိဘဲ ဖြတ်သွားတာတွေဖြစ်စရာမရှိတော့ပါဘူး။ အထူးသဖြင့်ကလေးတွေယူသုံးရင်း ဈေးကြီးတဲ့ App တွေမှားဝယ်မိတာမျိုးတွေလည်းမဖြစ်တော့ပါဘူး။ Apple TV+ တို့လို မြန်မာပြည်အတွက်မရသေးတဲ့ Service တွေသုံးလို့ရနိုင်ပါတယ်။

အားနည်းချက်ကတော့မြန်မာပြည်က Visa card တွေ Support မလုပ်ပါဘူး။ Apple Music သုံးမယ်ဆို ၃ ဆကျော်ပိုဈေးကြီးပါတယ်။  US က Fake Address & Phone no တွေထည့်ပြီး လိပ်စာတစ်ခုတည်းမှာလူတွေထောင်သောင်းချီပြီးစုနေရပါမယ်။

 

အားသာချက်အားနည်းချက်တွေပြီးပြီဆိုတော့ Region ပြောင်းသုံးချင်သူများအတွက် လက်ရှိသုံးနေတဲ့ US Account တွေကို Myanmar Region ပြောင်းချင်ရင် App Store ကနေ Change Country or Region ကနေလုပ်ပေးရုံပါဘဲ။ Gift card သုံးလို့ Account ထဲမှာ Credit ကျန်ရင်တော့ Apple Support မှာ Chat ပြီး Remove Credit လုပ်ခိုင်းပြီးမှပြောင်းလို့ရပါမယ်။ မြန်မာလိပ်စာထည့်ရင်လိုအပ်တဲ့ ရန်ကုန်ကမြို့နယ်တွေအလိုက် Postal Code တွေကိုဖော်ပြပေးလိုက်ပါတယ်။

Ahlone – 11121
Aung San – Insein – 11012
Bahan – Bahan – 11201
Bayintnaung Market (Thamine) – Mayangone – 11062
Bogyoke Market – Pabedan – 11143
Botahtaung – Botahtaung – 11162
Botahtaung – Botahtaung – 11161
Dagon – Dagon – 11191
Dagon Myothit (North) – Dagon Myothit (North) – 11421
Dagon Myothit (South) – Dagon Myothit (South) – 11431
Dawbon – Dawbon – 11241
Hlaing – Hlaing – 11051
Hlaing Thar Yar – Hlaing Thar Yar – 11401
Insein – Insein – 11011
Kaba Aye – Mayangone – 11061
Kamayut – Kamayut – 11041
Kyauk Tan – Kyauk Tan – 11301
Kyauktada – Kyauktada – 11182
Kyeemyindaing – Kyimyindaing – 11101
Lanmadaw – Lanmadaw – 11131
Mingalar Taung Nyunt – Mingalar Taung Nyunt – 11221
Mingalardon – Mingalardon – 11021
Okkalapa (North) – Okkalapa (North) – 11031
Okkalapa (South) – Okkalapa (South) – 11091
Pabedan – Pabedan – 11141
Pazundaung – Pazundaung – 11171
Pyi Thar Yar – Yankin – 11082
Sanchaung – Sanchaung – 11111
Shwe Pyi Thar – Shwe Pyi Thar – 11411
Shwepaukan – Okkalapa (North) – 11032
Tamwe – Tamwe – 11211
Tanyin – Tanyin – 11291
Thamine College – Hlaing – 11052
Tharkayta – Tharkayta – 11231
Theingyi Market – Pabedan – 11142
Thingangyun – Thingangyun – 11071
Thuwunna – Thingangyun – 11072
Yangon (Main Post Office) – Yangon – 11181
Yangon Station – Mingalar Taung Nyunt – 11222
Yankin – Yankin – 11081

 

Swan Htet Paing

Popular posts from this blog

Classification of cars

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Samsung One UI Tips & Tricks