Apple Watch နဲ့ Apple TV တွေကို ဘာကြောင့် iWatch, iTV လို့မခေါ်တာလဲ

 



Apple ကသူတို့ရဲ့အဓိက Product နဲ့ Service တွေမှာ iPhone, iPad, iPod, iMac, iTunes, iBooks ဆိုပြီးနာမည်မှာ i နဲ့စလေ့ရှိပါတယ်။ ရှေ့ဆုံးက i အသေးက Apple ရဲ့ Trademark တစ်ခုလိုဖြစ်နေပါတယ်။ ဒါပေမယ့် Apple Watch နဲ့ Apple TV တွေမှာတော့ iWatch, iTV လို့နာမည်ပေးခွင့်မရခဲ့ပါဘူး။ အခြား company တွေကအရင်မူပိုင်တင်ပြီးသားဖြစ်နေလို့ပါ။


Apple က Smartwatch တွေစမထုတ်ခင် ၃ နှစ်အလို ၂၀၁၂ ခုနှစ်မှာ OMG Electronics အမည်ရတဲ့ company က iWatch ဆိုတဲ့နာမည်ကိုမူပိုင်တင်ဖို့လျှောက်ထားခဲ့ပါတယ်။ OMG တစ်ခုတည်းမဟုတ်ပါဘူး M.Z. Berger & Co ကလည်း ၂၀၀၇ ခုနှစ်တည်းက ဒီနာမည်ကိုမူပိုင်တင်ဖို့လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကျော် ဆွစ်နာရီ Brand တစ်ခုဖြစ်တဲ့ Swatch ကသူတို့မှတ်ပုံထားတဲ့ iSwatch နဲ့ ရှုတ်ထွေးမှုများရှိနိုင်တယ်ဆိုပြီး ဒီအဆိုကိုအောင်မြင်စွာကန့်ကွက်နိုင်ခဲ့ပါတယ်။

iSwatch

ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ Probendi software studio က iWatch နာမည်ကို EU မှာ‌အောင်မြင်စွာမူပိုင်တင်နိုင်ခဲ့ပြီးနောက် EU နိုင်ငံတွေမှာမည်သည့် Product ကိုမဆို iWatch နာမည်နဲ့ရောင်းချခွင့်မပြုဘူးလို့ကြေညာခဲ့ပါတယ်။ အခြားသောနိုင်ငံတွေမှာလည်း iWatch အမည်နဲ့ company အမြောက်အများက မူပိုင်တင်ထားပြီးဖြစ်ပါတယ်။

 


ဒါကြောင့် Apple အနေနဲ့ 2015 ခုနှစ်မှာထွက်မယ့် စမတ်နာရီတွေကို iWatch လို့နာမည်ပေးဖို့ ၂ နှစ်ခန့်ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် Apple Watch နာမည်နဲ့ထုတ်လုပ်ခဲ့ရပါတယ်။ နာမည်ကြောင့်ရောင်းအားကိုတော့ သက်ရောက်စေမှမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။


 Apple TV လည်းထိုနည်း၎င်းပါဘဲ iTV နာမည်နဲ့ထုတ်လုပ်ဖို့စီစဉ်ခဲ့ပြီးမှ UK ရုပ်သံလိုင်း ITV မှကန့်ကွက်တာကြောင့်အသုံးပြုခွင့်မရခဲ့ဘဲ Apple TV အနေနဲ့သာထွက်ရှိလာပါတယ်။

 


Apple နဲ့ i ဖြစ်ပေါ်လာပုံကတော့ 1990 ပြည့်နှစ်လွန်တွေမှာ Apple company ကအကြပ်အတည်းတွေရဲ့ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် 1997 ခုနှစ်အရောက်မှာ NeXT Company မှာအောင်မြင်နေတဲ့ CEO ဟောင်း Steve Jobs ကိုပြန်‌ခေါ်ခဲ့ပါတယ်။ တစ်ကြော့ပြန် Apple ရဲ့ပဲ့ကိုင်ရှင်ပြန်ဖြစ်လာပြီးနောက်တစ်နှစ်အကြာမှာ iMac ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ (ဒီနေရာမှာ i က Internet ကိုကိုယ်စားပြုတာပါ) ။

 

First Generation iMac ကအောင်မြင်မှုများစွာရရှိခဲ့ပြီး ကျရှိန်ပြင်းနေတဲ့ Apple ကိုချောက်ကမ်းပါးကနေကယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်နောက်ပိုင်းထွက်တဲ့ ထုတ်ကုန်တော်တော်များများမှာ i အသေးကိုရှေ့ကထည့်ခေါ်ခဲ့ပါတယ်။ Apple ရဲ့အောင်မြင်မှုမှတ်တိုင်တစ်ခုလိုဖြစ်တဲ့ i စာလုံးကို Apple Watch နဲ့ Apple TV တွေမှာသုံးခွင့်မရခဲ့ပါဘူး။

 


မည်သို့ပင်ဆိုစေကာမူ Google မှာ iWatch လို့ရိုက်ရှာရင် Apple Watch များသာထွက်လာမှာဖြစ်ပါတယ်။ တရားဝင်နာမည်ပေးခွင့်မရခဲ့ပေမယ့် ကျွန်တော်တို့အားလုံးရဲ့ရင်ထဲက iWatch ကတော့ Apple Watch ဘဲဖြစ်ပါတယ်။


Swan Htet Paing 


Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison