iPhone 12 buyer guide

iPhone 12 line up ထဲကမော်ဒယ်တွေရဲ့အဓိကကွာခြားချက်တွေနဲ့ ဘယ်မော်ဒယ်တွေက ဘယ်လိုလူတွေအတွက်ရွေးချယ်သင့်တယ်၊ ဘယ်မော်ဒယ်တွေကိုင်ထားရင် upgrade လုပ်သင့်ပြီဆိုတာတွေကို ကျွန်တော့အမြင်နဲ့သုံးသပ်ထားပေးပါတယ်

ဒီနှစ်ထွက်တဲ့ iPhone 12 family မှာ iPhone 12 Mini, iPhone 12, iPhone 12 Pro, iPhone 12 Pro Max ဆိုပြီး မော်ဒယ် ၄ မျိုးအထိပထမဆုံးအနေနဲ့ထုတ်လုပ်ထားပါတယ်။ ကျွန်တော့အမြင်တော့ ဒီနှစ် iPhone 12 တွေကိုမနှစ်ကထက် အများကြီးအားရကျေနပ်မှုရှိပါတယ်။ Adapter နဲ့ Earpods မထည့်ပေးတာတော့ သိပ်ဘဝင်မကျပေမယ့် ၁၉ ဒေါ်လာအထိဈေးလျှော့ပေးထားပါတယ်။ အရင်ထက် ၁၀ ဒေါ်လာစီသက်သာသွားပါပြီ။ Type C cable လည်းပါပြီးသားဖြစ်တာကြောင့် fast charging ရဖို့ ၃ သောင်းကျော်ဘဲကုန်ပါတော့မယ်။

ဒီနှစ်မော်ဒယ်တွေက မနှစ်က iPhone 11 Series ထက်စာရင် ကွာခြားချက်တွေကကျဉ်းမြောင်းလာပါပြီ။ မနှစ်က 11 series တုန်းက iPhone 11 မှာ 720p+ LCD Display (326ppi) ကိုသုံးထားပြီး 11 Pro နဲ့ 11 Pro Max တွေမှာတော့ Super Retina XDR OLED Display (458ppi) ကိုသုံးထားပါတယ်။ ထို့ပြင် 11 Pro တွေမှာ 18W fast charger ကိုတစ်ခါတည်းထည့်ပေးထားပြီး 11 မှာတော့ 5W Standard charger ကိုသာသုံးထားပေးပါတယ်။ ထို့ပြင် 11 မှာ LCD display ဖြစ်သွားတာကြောင့် ဘေးဘောင်တွေအရမ်းထူသွားပါတယ်။ အခု iPhone 12 series မှာတော့ ဒီအပိုင်းတွေမှာအားလုံးတပြေးညီဖြစ်သွားပါပြီ။ အကုန်လုံးမှာ OLED Display ကိုသုံးထားပြီး adapter တွေကိုလည်းဘယ်မော်ဒယ်အတွက်မှမထည့်ပေးတော့ပါဘူး



iPhone 12 series မှာတူတာတွေအရင်ပြောပါမယ်
- A14 Bionic Chip (5nm)
- 5G Network
- Ceramic Shield
- OLED Display
- 20W fast charging support
- MegSafe Support
- Dual SIM (Physical Single SIM + eSIM) except China Region
- IP 68 (6m for 30 min)
- Face ID
- 60 Hz Refresh rate



ကွာခြားချက်တွေကတော့
- Screen size
12 Mini - 5.4”, 12 & 12 Pro - 6.1”, 12 Pro Max - 6.7”
- Pixel Density
12 Mini : 476 ppi, 12 & 12 Pro : 460 ppi, 12 Pro Max : 458 ppi
- Typical Brightness
12 Mini & 12 - 625 nits, 12 Pro & 12 Pro Max - 800 nits
- Battery cacacity : 12 mini 2227 mAh, 12 & 12 Pro 2775 maAh, 12 Pro Max 3687 mAh,
- Frame : 12 Mini & 12 – Aluminum; 12 Pro & 12 Pro Max – Stainless steel
- Camera : 12 Mini & 12 - Dual Camera; 12 Pro & 12 Pro Max - Quad Camera
- RAM : 12 Mini & 12 – 4GB; 12 Pro & 12 Pro Max - 6GB
- Storage : 12 Mini & 12 – 64GB/ 128GB/ 256GB ; 12 Pro & 12 Pro Max – 128GB/ 256GB/ 512 GB

ဘယ်မော်ဒယ်ကဘယ်လိုလူမျိုးတွေအတွက်ဖြစ်မလဲ


iPhone 12 Mini (starting price $729)
iPhone 12 family မှာဈေးအသက်သာဆုံးဖြစ်ပေမယ့် ကျန်တဲ့မော်ဒယ်တွေထက် ထွေထွေထူးထူးဝိတ်လျှော့ထားခြင်းမရှိပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ performance ကောင်းကောင်း Compact ဖုန်းလေးတစ်လုံးကိုင်ချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ screen size 5.4” ရှိပေမယ့် 19.5:9 screen ratio ဖြစ်တာမို့ 4.7” ရှိတဲ့ iPhone 6/7/8 တွေထက် body size ပိုသေးပါတယ်။ အလေးချိန်ကလည်း 135 gram သာရှိတာကြောင့် 112 gram ရှိတဲ့ iPhone 5s သာသာလေးဘဲရှိပါတယ်။
Facebook သိပ်မသုံးတဲ့လူကြီးတွေ၊ ကျွန်တော်တို့လို့ဖုန်းထက် PC ကိုပိုပြီးအသုံးများတဲ့သူတွေ၊ iPad သို့မဟုတ် Android flagship ဖုန်းတစ်လုံးရှိပြီးသားသူတွေအတွက် secondary အနေနဲ့သုံးဖို့သင့်တော်ပါတယ်။ Primary phone အနေနဲ့ဆိုရင်တော့သေးလွန်းပါတယ်။ ထို့ပြင် 2227 mAh သာရှိတဲ့ battery ကလည်း daily usage အတွက်လုံလောက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် 1800 mAh ဝန်းကျင်ဘဲပါတဲ့ iPhone 6, 7, 8, SE တွေထက်တော့များပါတယ်။ iPhone 8 လောက်သုံးရတာအဆင်ပြေတယ်ဆိုရင် 12 Mini ကလည်းအဆင်ပြေနိုင်လောက်ပါတယ်။ ထို့အပြင်သူ့ရဲ့ pixel density ကလည်း 476 ppi တောင်ရှိတာမို့ ထွက်သမျှ iPhone တွေထဲမှာအမြင့်ဆုံးပါ။


iPhone 12 Pro Max (Starting price $1099)
screen size 6.7” တောင်ရှိတာမို့ ထွက်ပြီးသမျှ iPhone တွေထဲမှာအကြီးဆုံးဖြစ်ပါတယ်။ camera ပိုင်းမှာဆိုလည်း 12 Pro မှာတောင်မရတဲ့ pro feature အချို့ပါဝင်ပါတယ်။ screen size ကြီးကြီး Plus size မှသုံးချင်တယ်ဆိုတဲ့သူတွေအတွက် နောက်ဆုံးပေါ် iPhone လည်းဖြစ်ရမယ် အကြီးဆုံးနဲ့အကောင်းဆုံးဖြစ်ရမယ် ငွေလည်းတတ်နိုင်တယ်ဆိုတဲ့သူတွေအတွက်ပါ။




iPhone 12 (Starting price $829) & iPhone 12 Pro (starting price $999)

iPhone 12 နဲ့ 12 Pro က screen size, Display, Battery capacity တွေအတူတူဘဲဖြစ်ပါတယ်။ ကွာခြားချက်တွေကတော့ 12 မှာ aluminum frame ဖြစ်ပြီး 12 pro မှာတော့ stainless steel frame ဖြစ်သွားပါတယ်။ camera ပိုင်းမှာ 12 က wide နဲ့ ultrawide နှစ်လုံးဘဲပါပြီး 12 Pro မှာ Telephoto နှင့် LiDAR sensor တွေပါပါဝင်ပါတယ်။ 12 မှာ RAM 4 GB ဖြစ်ပြီး 12 Pro မှာတော့ 6 GB ပါဝင်ပါတယ်။ Storage တွေအနေနဲ့ 12 က 64 GB ကစပြီး 12 Pro ကတော့ 128 GB ကစပါတယ်။


iPhone 12 64GB ကမူရင်းဈေး ဒေါ်လာ ၈၃၀ ဖြစ်ပြီး 128GB ကတော့ဒေါ်လာ ၈၈၀ ပါ။ ဒေါ်လာ ၅၀ ဘဲကွာတော့တာကြောင့် 128GB ဘဲဝယ်သင့်ပါတယ်။ iPhone 12 Pro မှာတော့ 128 GB ကစထုတ်ပြီး ဒေါ်လာ ၁၀၀၀ ပါ။ 128GB ချင်းတူရင် ဒေါ်လာ ၁၂၀ သာကွာပါတော့တယ်။

ဒီမော်ဒယ်နှစ်ခုကတော်တော်လေးရွေးရခက်စေပါတယ်။ ပိုကောင်းတဲ့ build quality နဲ့ camera feature တွေသုံးချင်ရင် 12 Pro ကိုရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် camera ပိုင်းကလည်း normal usage မှာသိပ်ကွာခြားမှာမဟုတ်လို့ budget လျှော့ချင်ရင်တော့ iPhone 12 လည်းအဆင်ပြေပါတယ်။ နှစ်ခုလုံးကတော့ မှားယွင်းတဲ့ရွေးချယ်မှုဖြစ်မှာမဟုတ်ပါဘူး။
iPhone ဘယ်မော်ဒယ်တွေ upgrade လုပ်သင့်ပြီလဲ
ကျွန်တော့အမြင်ကတော့ iPhone 7 နဲ့‌ရှေ့မော်ဒယ်တွေကတော့မဖြစ်မနေ Upgrade လုပ်သင့်နေပါပြီ။ iPhone Xs နဲ့အထက်တွေကတော့ Upgrade လုပ်စရာမလိုသေးပါဘူး (ပိုက်ဆံပေါလို့တစ်နှစ်တစ်မျိုးလဲကိုင်သူများမပါ)။ iPhone 8, 8 Plus နဲ့ iPhone X တွေကတော့ on the margin ပါ။ လဲသင့်ချိန်တန်ပြီဆိုပေမယ့် ဆက်ကိုင်မယ်ဆိုလည်းအဆင်ပြေပါသေးတယ်။
iOS 14 မှာမော်ဒယ်တွေအလိုက်ပေးတဲ့ feature တွေပေါ်မူတည်ပြီ ဒီလိုသုံးသပ်တာဖြစ်ပါတယ်။ Back tap feature ကို iPhone 8 နဲ့အထက်ဘဲပေးပြီး 6s နဲ့ 7 တွေမှာမရပါဘူး။ Selfie camera mirror mode နဲ့ Apple CarKey တွေကို iPhone Xs နဲ့အထက်ဘဲပေးပြီး X နဲ့ရှေ့မော်ဒယ်တွေအတွက်မရတော့တာကြောင့် Apple ကိုယ်တိုင်ခွဲခြားပေးထားတာဖြစ်ပါတယ်။ ကျွန်တော်သတ်မှတ်တာမဟုတ်ပါဘူး။
ဒီမော်ဒယ် ၄ မျိုးထဲမှာ iPhone 12 (128 GB) က လူကြိုက်အများဆုံးနဲ့အဝယ်သင့်ဆုံးမော်ဒယ်ဖြစ်တယ်လို့ယူဆပါတယ်။
Swan Htet Paing

Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison