ကနေဒါနိုင်ငံမှာရှိတဲ့ Lexus only ကားပါကင်

 


Japanese Luxury Car Brand တစ်ခုဖြစ်တဲ့ Lexus က 2016 တုန်းက သူတို့ကားဝယ်စီးတဲ့သူတွေအတွက် Exclusive feel မျိုးရရှိနိုင်ဖို့ ထူးထူးခြားခြား Customer care တစ်ခုလုပ်ခဲ့ပါတယ်။


ကနေဒါနိုင်ငံ Alberta ပြည်နယ်မှာရှိတဲ့ Edmonton International Airport မှာ Lexus ကားများသာရပ်နားနိုင်တဲ့ Preferred parking များကို Lexus company မှ Reserve လုပ်ထားပါတယ်။
Indoor Parking ရဲ့ဒုတိယနှင့်တတိယအထပ်ဝင်ပေါက်၊ စက်လှေခါးများနှင့်အနီးဆုံးဖြစ်တဲ့နေရာတွေမှာ ကားအစီး ၃၀ စာပါကင်နေရာတွေကို Reserve Parking အမှတ်အသားနဲ့ Lexus logo ဆေးခြယ်ထားပါတယ်။ Indoor မှာအစီးရေ ၂၂၀၀ အပါအဝင်စုစုပေါင်း ကားအစီး ၁၃၀၀၀ ကျော်ရပ်နားနိုင်တဲ့အထိကျယ်ဝန်းတဲ့ ကားပါကင်မှာ Lexus ကားစီးတဲ့သူတွေအတွက် အကောင်းဆုံးနေရာတွေကို ငှားရမ်းပေးထားပါတယ်။ Luggage တွေများကြီးနဲ့ လေဆိပ်ထဲအလွယ်တကူသွားဝင်ထွက်နိုင်ဖို့ဖြစ်ပါတယ်။ 


လေဆိပ်တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ လေဆိပ်ရဲ့ဝင်ငွေတစ်နှစ်ကို ဒေါ်လာသန်း ၂၀၀ ခန့်ရှိပြီး ဒီထဲမှာ ၅၈ သန်းက ကားပါကင်နဲ့ကြောငြာခတွေက ရတာဖြစ်ပါတယ်။  ဒီ Executive Parking ဝန်ဆောင်မှုကိုအခြား Company တွေအနေနဲ့လည်းဝယ်ယူနိုင်ပါတယ်။ Lexus ကတော့ပထမဆုံးလက်တွဲတဲ့ Company ဖြစ်ပါတယ်။


မသန်စွမ်းများအတွက်ချန်ထားတဲ့ Disable Parking နေရာတွေကိုအစားထိုးထားတယ်ဆိုပေမယ့် အရေအတွက်ကတော့ အပြောင်းအလဲရှိမှာမဟုတ်ပါဘူး။ လေဆိပ်ပါကင်နေရာစုစု‌ပေါင်းရဲ့  0.23 % သာရှိတာကြောင့် အခြားကားများရပ်နားနိုင်ဖို့ အနှောက်အယှက်မဖြစ်ဘူးလို့ဆိုပါတယ်။

အချို့တွေက Marketing idea ကောင်းတယ်လို့ချီးကျူးသူများရှိသောလည်း နောက်ပိုင်းမှာတော့ဝေဖန်မှုများရှိတာကြောင့် နှစ်ဖက်တာဝန်ရှိသူတွေကတောင်းပန်ခဲ့ပြီး Disabled Parking များအဖြစ်ပြန်ပြောင်းခဲ့ပါတယ်။

 Swan Htet Paing

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared