iPhone မှာ Social App တွေ Hide လုပ်နည်း

iOS မှာ Andriod ဖုန်းတွေလိုတော့ App တွေလွယ်လွယ်ကူကူ Hide လုပ်လို့မရပါဘူး။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် Facebook, Viber, Gmail အစရှိတဲ့ Social App တွေအခြားသူတွေမမြင်အောင် ဖျောက်ထားချင်တယ်ဆိုရင်တော့ Screen Time ထဲကနေ Age Restrictions အလိုက်ပိတ်ထားနိုင်ပါတယ်။

App Store မှာ App တွေကို 4+, 9+, 12+, 17+ ဆိုပြီးအသက်အရွယ်အလိုက်ခွဲခြားသတ်မှတ်ထားပါတယ်။ Social App တွေကိုအသက် ၁၂ နှစ်ကျော်မှသုံးခွင့်ပေးထားပါတယ်။ ဒါကြောင့် Restrictions ထဲမှာ Age ကို 9+ ရွေးပေးထားမယ်ဆို Social App တွေအကုန်လုံး Home Screen မှာပေါ်နေတော့မှာမဟုတ်ပါဘူး။Setting > Screen Time > Content & Privacy Restrictions > Content Restrictions > Apps > 9+ ကိုရွေးပေးပါ။ ကိုယ်သုံးမယ့် App ရဲ့ Age Rating သိချင်ရင် App Store ထဲမှာကြည့်လို့ရပါတယ်။Passcode ကတော့ထားချင်လည်းရပါတယ် မထားလည်းရပါတယ် S

ဖုန်း Setting ထဲက Screen Time ထဲသွားပါ


  Content & Privacy Restrictions ကိုရွေးပေးပါ

Passcode ထားချင်ရင် Screen Time Passcode မှာထည့်ပေးပါ
Content Restrictions  ကိုရွေးပေးပါ

App ကိုရွေးပါ

Home Screen မှာပေါ်စေချင်တဲ့ App တွေကို Age Rating အလိုက်စိတ်ကြိုက်ရွေးချယ်ကန့်သတ်နိုင်ပါတယ် Social App တွေကအနည်းဆုံး  ၁၂ နှစ်အထက်မှသုံးလို့ရတာကြောင့် 9+ ရွေးထားရင် Home Screen မှာပေါ်တော့မှာမဟုတ်ပါဘူး

App တွေရဲ့ Age Rating ကို App Store မှာကြည့်လို့ရပါတယ်

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks