iPhone နဲ့ရိုက်ထားတဲ့ပုံတွေ Computer မှာမဖတ်ရတာဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းရမလဲ



တော်တော်များများကြုံဖူးကြမှာပါ။ iOS 11 နှင့်အထက်တင်ထားတဲ့ iPhone နဲ့ရိုက်ထားတဲ့ပုံတွေ Computer ထဲရောက်ရင်မဖတ်ဘဲပုံထဲကလိုတွေဖြစ်နေတာ။




iOS 11 ကစပြီး (iPhone 7 နှင့်အထက်) Camera နဲ့ရိုက်တဲ့ပုံတွေကို High Efficiency နဲ့ Most Compatible ဆိုပြီး
format နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ Default ပါတဲ့ High Effency ရွေးထားမယ်ဆို HEIC (High Efficiency Image File Format) ဖြစ်ပြီး အချို့ Andriod ဖုန်းတွေနဲ့ Window တွေမှာဖတ်ဦးမှာမဟုတ်သေးပါဘူး။ (Live Photo တွေဆို HIEC အပြင် MOV file ပါထပ်ပါပါသေးတယ်)။ Most Compatible ကိုရွေးထားမယ်ဆိုရင်တော့ jpg format ဖြစ်တာကြောင့်ဘယ် device မှာဖြစ်ဖြစ်ဖတ်မှာပါ။ Setting > Camera > Format မှာနှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
High Efficiency ကိုရွေးထားမိလို့ Computer ထဲ Export လုပ်တဲ့အခါ မဖတ်ရင် jpg format အလွယ်ပြန်ပြောင်းလို့ရပါတယ်။ ပြောင်းတဲ့နည်းကတော့အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ iPhone user တိုင်းရဲ့ လက်စွဲတော် All in one သုံးလို့ရတဲ့ 3u tools နဲ့ပြပေးပါမယ်။
3u Tools မရှိသေးရင်ဒီမှာဒေါင်းပါ။
http://www.3u.com/




Format ပြောင်းလိုက်လို့ မူရင်း file တွေလည်းပျက်သွားမှာမဟုတ်သလို ပုံတွေရဲ့ အသေးစိတ်အချက်အလက် (matadata) တွေလည်းပျက်သွားမှာမဟုတ်ပါဘူး။ 
Swan Htet Paing







Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks